Sunday, July 26, 2015

အဖေ မထမ်းနိုင်တော့ဘူး

ငယ်စဉ်က အဖေဟာ သားသမီးတွေကို ကျောမှာထမ်းပြီး ကျောင်းလိုက်ပို့ခဲ့ ကြပေမယ့် အဖေ လမ်းမလျောက်နိုင် တော့တဲ့ အခါ အဖေ့ကို ဘယ်သူမှ မချီကြဘူးနော်။ အဖေဟာ သားသမီးတွေကို ချွေလေး တစ်ပေါက် ကြတာတောင် ကြည့်ရက်တာ မဟုတ်ဘူး။ ဒါကြောင့် အဖေဟာ သူ့ကျောမှာ ပိုးပြီး သားသမီးတွေကို မပင်ပန်းအောင် ထားခဲ့တယ်။

တကယ်တော့ အဖေဆိုတာ ကျွန်တော်တို့ အိမ်အတွက် အုတ်နံရံကြီး ဆိုလည်း ဟုတ်တယ်။ ကျွန်တော့်တို့ အိမ်အတွက် မိုးလုံအောင် နေ မပူအောင် ကာရံပေးတဲ့ ခေါင်းမိုးကြီး တစ်ခုဆိုလည်း ဟုတ်တယ်။ တစ်ခါတစ်ရံ အဖေဟာ အိမ်ထဲမှာ စိုက်ပျိုးထားတဲ့ သစ်ပင် တစ်ပင်လည်း ဟုတ်ပါပေတယ်။

အခုတော့ အဖေ့ အသက်ကြီးလို့ သွားပြီ။ အဖေ မသန်တော့ဘူး။ အဖေ ကျွန်တော်တို့ကို မထမ်းနိုင်တော့ဘူး။ အဖေ့သွားတွေ ကျိုးလို့ မဝါးနိုင်တော့ဘူး။ အဖေ ခြေ လက်တွေ တုန်နေတယ်။ အဖေ ကျွန်တော်တို့ အတွက် အလုပ် လုပ်လာတာ အရမ်း ပင်ပန်းလို့ သွားပါပြီ။ အဖေ့ မျက်နှာ တစ်ချက်ကြည့်ပြီး ပြန်လည် လုပ်ကျွေးနိုင်ကြပါစေ။

Photo - areebakafeel
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

0 comments:

Post a Comment