Friday, October 23, 2015

ကိုယ့္ကိုယ္ကိုယံုၾကည္မႈတိုးပြားေစမယ့္ နည္းလမ္း ၈ သြယ္

အလုပ္မလုပ္ရေသးခင္ ငါလုပ္တာ ဟုတ္မွဟုတ္ရဲ႕လားလုိ႔ မယံုမၾကည္ျဖစ္ေနရင္ ဘာကိုမွ ျဖစ္ျဖစ္ေျမာက္ေျမာက္လုပ္ရဲမွာ မဟုတ္ပါဘူး။ ဒီအခါ ေအာင္ျမင္မႈလည္း မရႏိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကုိ ယံုၾကည္မႈဟာ ေအာင္ျမင္မႈရဲ႕ အေၾကာင္းရင္းခံလုိ႔ ေျပာႏိုင္ပါတယ္။
ကိုယ့္ကိုယ္ကို ယံုၾကည္မႈတုိးပြားဖို႔ အခုအခ်ိန္က စၿပီး ေလ့က်င့္ႏိုင္ပါတယ္။

၁. ကိုယ့္ကိုယ္ကုိ ရုိးရုိးသားသားျပန္ၾကည့္ပါ

မာနႀကီးတာနဲ႔ ယံုၾကည္မႈရွွိတာ မတူပါဘူး။ မာနႀကီးတယ္ဆုိတာ ကိုယ့္ကိုယ္ကုိ ထင္တစ္လံုးျဖစ္ေနတာပါ။ ယံုၾကည္မႈရွိတာကေတာ့ ကုိယ္ အလုပ္တစ္ခုကို လုပ္ႏိုင္မယ္လို႔ သိတာျဖစ္ပါတယ္။ တနည္းဆုိရရင္ ယံုၾကည္မႈဆုိတာ ႀကိဳးစားပန္းစားအလုပ္လုပ္ကိုင္ျခင္းကေန ရလာတဲ့ ရလဒ္ျဖစ္ပါတယ္။
မွန္ကန္တဲ့ယံုၾကည္မႈကို စစ္မွန္တဲ့ဘဝကပဲ ရႏိုင္ပါတယ္။ ယံုၾကည္မႈတုိးပြားဖုိ႔ ကိုယ့္အရည္အခ်င္းေတြကို မေထာက္မညွာဘဲ မွန္္မွန္ကန္ကန္ဆန္းစစ္ရပါမယ္။ ကိုယ္ ဘာေတြေတာ္လို႔ ဘာေတြညံ့လဲ။ ကိုယ္ေတာ္တာေတြကို အားေကာင္းေအာင္ ဘယ္လုိလုပ္မလဲ။ ညံ့တဲ့အခ်က္ေတြကို ပစ္မထားဘဲ ဘယ္လုိ ေကာင္းလာေအာင္ လုပ္မလဲ။ ဒါေတြကုိ ႀကိဳးပမ္းသင့္ပါတယ္။ ကိုယ္ေတာ္တာေတြကုိ အစြမ္းျပရမယ့္အခ်ိန္မွာ သူမ်ားက ဘယ္ေလာက္ ေဝဖန္ေနပါေစ ယံုၾကည္ခ်က္ရွိရွိ အစြမ္းျပႏိုင္ပါလိမ့္မယ္။

၂. ဟင့္အင္းလို႔ ေျပာပါ

ကယ္လီဖုိးနီးယားတကၠသိုလ္က ျပဳလုပ္တဲ့သုေတသနအရ ဟင့္အင္းလို႔ ေျပာဖုိ႔ခက္ေလေလ၊ စိတ္ပင္ပန္းေလေလ၊ ကုိယ့္ကုိယ္ကုိယံုၾကည္စိတ္ ေလ်ာ့ပါးေလေလပဲလုိ႔ သိရပါတယ္။ မိမိကုိယ္ကုိ ယံုၾကည္တဲ့သူေတြဟာ ႏိုးဆုိတဲ့စကားကုိ ရွင္းေအာင္ ေျပာတတ္ၾကပါတယ္။ လုပ္ႏိုင္မယ္မထင္ဘူးတို႔၊ မေသခ်ာဘူးတို႔ မေျပာၾကပါဘူး။ ကိုယ္ျငင္းဆန္တဲ့အေၾကာင္းကို ျပတ္ျပတ္သားသား သိေစျခင္းျဖင့္ ဝိေရာဓိျဖစ္ပြားမႈေတြ ကင္းရွင္းေစပါတယ္။

၃။ ကိုယ့္သူေဌးနဲ႔ အဆင္ေျပပါေစ

သူေဌးနဲ႔ ဆက္ဆံေရးအဆင္မေျပတာဟာ အစြမ္းအစအရွိဆံုးသူတစ္ေယာက္ရဲ႕ ကိုယ့္ကိုယ္ကုိယံုၾကည္မႈကိုေတာင္မွ ပ်က္စီးေစပါတယ္။ ကုိယ့္လုပ္ပံုကိုင္ပံုေတြကို သူေဌးက တခ်ိန္လံုး အျပစ္ရွာေနရင္ ကိုယ့္ကိုယ္ကို ဘယ္လုိယံုၾကည္ႏိုင္ပါေတာ့မလဲ။ သည္ေတာ့ ဆက္ဆံေရးဘာေၾကာင့္ ဆိုးဝါးသြားတာလဲလုိ႔ အေျဖရွာၿပီး ႀကိဳးစားေျဖရွင္းၾကည့္ပါ။ တကယ္လုိ႔ လံုးဝမေျဖရွင္းႏိုင္ဘူးဆိုရင္ တျခားေနရာကို သြားဖို႔ အခ်ိန္တန္ပါၿပီ။

၄. ေအာင္ပြဲငယ္ေလးေတြ ရွာေဖြပါ

ကိုယ့္ကိုယ္ကုိ ယံုၾကည္တဲ့လူေတြဟာ ကုိယ့္ကုိယ္ကိုစိန္ေခၚၿပီး ကိုယ့္ကိုယ္ကုိ ယွဥ္ၿပိဳင္တတ္ပါတယ္။ ကိုယ့္ေအာင္ျမင္မႈေတြဟာ ဘယ္ေလာက္ပဲေသးငယ္သည္ျဖစ္ေစ ဦးေႏွာက္ရဲ႕ ဆုခ်ီးျမွင့္မႈနဲ႔ လံႈ႕ေဆာ္မႈနယ္ပယ္ေတြမွာ ထြန္းလင္းေတာက္ပေစပါတယ္။ အဲသည္လို ထြန္းလင္းေတာက္ပေလေလ ကိုယ့္ကိုယ္ကို ယံုၾကည္မႈတုိးပြားေလေလ ေနာက္ထပ္ စိန္ေခၚမႈေတြကို လက္ခံခ်င္ေလေလပါပဲ။ ေသးငယ္တဲ့ေအာင္ျမင္မႈေတြ ဆက္တုိက္ရၿပီဆုိရင္ ကိုယ့္ကိုယ္ကိုယံုၾကည္မႈဟာ လပိုင္းမ်ားစြာၾကာေအာင္ ျမင့္တက္ေနႏိုုင္ပါတယ္။

၅. ဆရာတစ္ေယာက္ကို ရွာေဖြပါ

ကုိယ့္စိတ္အားငယ္မႈေတြကို ကုသေပးၿပီး ယံုၾကည္မႈတုိးပြားေစဖုိ႔ ဆရာတစ္ေယာက္ထက္ ပုိေကာင္းတာ ဘာမွမရွိပါဘူး။ နည္းေပးလမ္းျပဆရာတစ္ေယာက္ဟာ မွန္လို က်င့္ႀကံၿပီး ကိုယ့္လုိအပ္ခ်က္ေတြကို မကြယ္မဝွက္ေထာက္ျပႏိုင္ပါတယ္။

၆. ေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္ေပးပါ

အေရွ႕ပိုင္း အြန္တာရီယုိ သုေတသနအင္စတီက်ဳေလ့လာမႈအရ တစ္ပတ္ကို ၂ ႀကိမ္နဲ႔ ၁၀ ပတ္ဆက္တုိက္ ေလ့က်င့္ခန္း လုပ္တဲ့သူေတြဟာ လူမႈေရး၊ ပညာေရးနဲ႔ အားကစားမွာ ပိုမိုစြမ္းေဆာင္ႏိုင္တယ္လို႔ ခံစားရေၾကာင္း သိရပါတယ္။ သူတုိ႔ရဲ႕ ခႏၶာကိုယ္ တုိးတက္လာတယ္လုိ႔ ခံစားရၿပီး ကိုယ့္ကို္ယ္ကုိ ယံုၾကည္မႈလည္း တုိးပြားလာပါတယ္။

၇. လွလွပပ သပ္သပ္ရပ္ရပ္ ဝတ္ပါ

ေတာင္းမွာအကြပ္၊ လူမွာ အဝတ္ ဆုိတဲ့စကားအတုိင္း ကြ်န္မတုိ႔ရဲ႕ ဝတ္စားဆင္ယင္ပံုက လူေတြရဲ႕အျမင္ကုိ ေျပာင္းလဲေစႏိုင္ပါတယ္။ ဒါတင္မက ကြ်န္မတုိိ႔အဝတ္အစားဟာ ကြ်န္မတုိ႔ကုိယ့္ကိုယ္ကို ျမင္တဲ့အျမင္ေပၚမွာလည္း အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ေလ့လာမႈေတြအရ လူေတြဟာ သားသားနားနားဝတ္စားခ်ိန္မွာ စကားေျပာပံုနဲ႔ သာမာန္ဝတ္စားခ်ိန္မွာ စကားေျပာပံု မတူဘူးလို႔ ေတြ႕ရပါတယ္။ အဲသည္ေတာ့ ကိုယ့္ကိုယ္ကုိယံုၾကည္မႈတုိးျမင့္ခ်င္ရင္ သားသားနားနားဝတ္ပါ။

၈. ကိုယ့္ကိုယ္ကို ယံုပါ၊ ရန္မလုိပါနဲ႔

အျငင္းအခုန္သန္တာ၊ ရန္လုိတာဟာ ယံုၾကည္မႈမဟုတ္ပါဘူး။ အႏိုင္က်င့္ခ်င္စိတ္ပါ။ ကိုယ့္အတြင္းစိတ္မွာ မလံုၿခံဳတဲ့အခါ ဆတ္ဆတ္ထိမခံျဖစ္တတ္ပါတယ္။
သည္အခ်က္ေတြ အားလံုးေပါင္းၿပီး က်င့္သံုးၾကည့္ပါ။

ကုိယ့္ယံုၾကည္မႈကို ကိုယ္ပဲ ျမွင့္တင္ႏိုင္၊ ရုိက္ခ်ိဳးႏိုင္ပါတယ္။ ကုိယ့္ကိုယ္ကုိ ယံုၾကည္မႈဟာ “အေကာင္းဆံုးကို ေမွ်ာ္လင့္ထားတယ္” ဆိုတာထက္ ပုိပါတယ္။ ကိုယ္ လုပ္ႏိုင္တာ ေသခ်ာတယ္ဆုိတာမွသာ ယံုၾကည္မႈအစစ္အမွန္ျဖစ္ပါတယ္။

Credit: စုျပည့္စံု
ဒီသတင္းကိုသင္ႏွစ္သက္လွ်င္ညာဘက္အေပၚေထာင္႕ကိုႏိွပ္ျ႔ီးသင္႕ရဲ႕သူငယ္ခ်င္းမ်ားကိုshareေပးပါ။
---------------------------------------------------------------------------------

အလုပ်မလုပ်ရသေးခင် ငါလုပ်တာ ဟုတ်မှဟုတ်ရဲ့လားလို့ မယုံမကြည်ဖြစ်နေရင် ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက်လုပ်ရဲမှာ မဟုတ်ပါဘူး။ ဒီအခါ အောင်မြင်မှုလည်း မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ အောင်မြင်မှုရဲ့ အကြောင်းရင်းခံလို့ ပြောနိုင်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးပွားဖို့ အခုအချိန်က စပြီး လေ့ကျင့်နိုင်ပါတယ်။

၁. ကိုယ့်ကိုယ်ကို ရိုးရိုးသားသားပြန်ကြည့်ပါ

မာနကြီးတာနဲ့ ယုံကြည်မှုရှှိတာ မတူပါဘူး။ မာနကြီးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ထင်တစ်လုံးဖြစ်နေတာပါ။ ယုံကြည်မှုရှိတာကတော့ ကိုယ် အလုပ်တစ်ခုကို လုပ်နိုင်မယ်လို့ သိတာဖြစ်ပါတယ်။ တနည်းဆိုရရင် ယုံကြည်မှုဆိုတာ ကြိုးစားပန်းစားအလုပ်လုပ်ကိုင်ခြင်းကနေ ရလာတဲ့ ရလဒ်ဖြစ်ပါတယ်။
မှန်ကန်တဲ့ယုံကြည်မှုကို စစ်မှန်တဲ့ဘဝကပဲ ရနိုင်ပါတယ်။ ယုံကြည်မှုတိုးပွားဖို့ ကိုယ့်အရည်အချင်းတွေကို မထောက်မညှာဘဲ မှန််မှန်ကန်ကန်ဆန်းစစ်ရပါမယ်။ ကိုယ် ဘာတွေတော်လို့ ဘာတွေညံ့လဲ။ ကိုယ်တော်တာတွေကို အားကောင်းအောင် ဘယ်လိုလုပ်မလဲ။ ညံ့တဲ့အချက်တွေကို ပစ်မထားဘဲ ဘယ်လို ကောင်းလာအောင် လုပ်မလဲ။ ဒါတွေကို ကြိုးပမ်းသင့်ပါတယ်။ ကိုယ်တော်တာတွေကို အစွမ်းပြရမယ့်အချိန်မှာ သူများက ဘယ်လောက် ဝေဖန်နေပါစေ ယုံကြည်ချက်ရှိရှိ အစွမ်းပြနိုင်ပါလိမ့်မယ်။

၂. ဟင့်အင်းလို့ ပြောပါ

ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တဲ့သုတေသနအရ ဟင့်အင်းလို့ ပြောဖို့ခက်လေလေ၊ စိတ်ပင်ပန်းလေလေ၊ ကိုယ့်ကိုယ်ကိုယုံကြည်စိတ် လျော့ပါးလေလေပဲလို့ သိရပါတယ်။ မိမိကိုယ်ကို ယုံကြည်တဲ့သူတွေဟာ နိုးဆိုတဲ့စကားကို ရှင်းအောင် ပြောတတ်ကြပါတယ်။ လုပ်နိုင်မယ်မထင်ဘူးတို့၊ မသေချာဘူးတို့ မပြောကြပါဘူး။ ကိုယ်ငြင်းဆန်တဲ့အကြောင်းကို ပြတ်ပြတ်သားသား သိစေခြင်းဖြင့် ဝိရောဓိဖြစ်ပွားမှုတွေ ကင်းရှင်းစေပါတယ်။

၃။ ကိုယ့်သူဌေးနဲ့ အဆင်ပြေပါစေ

သူဌေးနဲ့ ဆက်ဆံရေးအဆင်မပြေတာဟာ အစွမ်းအစအရှိဆုံးသူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုတောင်မှ ပျက်စီးစေပါတယ်။ ကိုယ့်လုပ်ပုံကိုင်ပုံတွေကို သူဌေးက တချိန်လုံး အပြစ်ရှာနေရင် ကိုယ့်ကိုယ်ကို ဘယ်လိုယုံကြည်နိုင်ပါတော့မလဲ။ သည်တော့ ဆက်ဆံရေးဘာကြောင့် ဆိုးဝါးသွားတာလဲလို့ အဖြေရှာပြီး ကြိုးစားဖြေရှင်းကြည့်ပါ။ တကယ်လို့ လုံးဝမဖြေရှင်းနိုင်ဘူးဆိုရင် တခြားနေရာကို သွားဖို့ အချိန်တန်ပါပြီ။

၄. အောင်ပွဲငယ်လေးတွေ ရှာဖွေပါ

ကိုယ့်ကိုယ်ကို ယုံကြည်တဲ့လူတွေဟာ ကိုယ့်ကိုယ်ကိုစိန်ခေါ်ပြီး ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်တတ်ပါတယ်။ ကိုယ့်အောင်မြင်မှုတွေဟာ ဘယ်လောက်ပဲသေးငယ်သည်ဖြစ်စေ ဦးနှောက်ရဲ့ ဆုချီးမြှင့်မှုနဲ့ လှုံ့ဆော်မှုနယ်ပယ်တွေမှာ ထွန်းလင်းတောက်ပစေပါတယ်။ အဲသည်လို ထွန်းလင်းတောက်ပလေလေ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးပွားလေလေ နောက်ထပ် စိန်ခေါ်မှုတွေကို လက်ခံချင်လေလေပါပဲ။ သေးငယ်တဲ့အောင်မြင်မှုတွေ ဆက်တိုက်ရပြီဆိုရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုဟာ လပိုင်းများစွာကြာအောင် မြင့်တက်နေနိုုင်ပါတယ်။

၅. ဆရာတစ်ယောက်ကို ရှာဖွေပါ

ကိုယ့်စိတ်အားငယ်မှုတွေကို ကုသပေးပြီး ယုံကြည်မှုတိုးပွားစေဖို့ ဆရာတစ်ယောက်ထက် ပိုကောင်းတာ ဘာမှမရှိပါဘူး။ နည်းပေးလမ်းပြဆရာတစ်ယောက်ဟာ မှန်လို ကျင့်ကြံပြီး ကိုယ့်လိုအပ်ချက်တွေကို မကွယ်မဝှက်ထောက်ပြနိုင်ပါတယ်။

၆. လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးပါ

အရှေ့ပိုင်း အွန်တာရီယို သုတေသနအင်စတီကျုလေ့လာမှုအရ တစ်ပတ်ကို ၂ ကြိမ်နဲ့ ၁၀ ပတ်ဆက်တိုက် လေ့ကျင့်ခန်း လုပ်တဲ့သူတွေဟာ လူမှုရေး၊ ပညာရေးနဲ့ အားကစားမှာ ပိုမိုစွမ်းဆောင်နိုင်တယ်လို့ ခံစားရကြောင်း သိရပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် တိုးတက်လာတယ်လို့ ခံစားရပြီး ကိုယ့်ကို်ယ်ကို ယုံကြည်မှုလည်း တိုးပွားလာပါတယ်။

၇. လှလှပပ သပ်သပ်ရပ်ရပ် ဝတ်ပါ

တောင်းမှာအကွပ်၊ လူမှာ အဝတ် ဆိုတဲ့စကားအတိုင်း ကျွန်မတို့ရဲ့ ဝတ်စားဆင်ယင်ပုံက လူတွေရဲ့အမြင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါတင်မက ကျွန်မတိုိ့အဝတ်အစားဟာ ကျွန်မတို့ကိုယ့်ကိုယ်ကို မြင်တဲ့အမြင်ပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ လေ့လာမှုတွေအရ လူတွေဟာ သားသားနားနားဝတ်စားချိန်မှာ စကားပြောပုံနဲ့ သာမာန်ဝတ်စားချိန်မှာ စကားပြောပုံ မတူဘူးလို့ တွေ့ရပါတယ်။ အဲသည်တော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးမြင့်ချင်ရင် သားသားနားနားဝတ်ပါ။

၈. ကိုယ့်ကိုယ်ကို ယုံပါ၊ ရန်မလိုပါနဲ့

အငြင်းအခုန်သန်တာ၊ ရန်လိုတာဟာ ယုံကြည်မှုမဟုတ်ပါဘူး။ အနိုင်ကျင့်ချင်စိတ်ပါ။ ကိုယ့်အတွင်းစိတ်မှာ မလုံခြုံတဲ့အခါ ဆတ်ဆတ်ထိမခံဖြစ်တတ်ပါတယ်။
သည်အချက်တွေ အားလုံးပေါင်းပြီး ကျင့်သုံးကြည့်ပါ။

ကိုယ့်ယုံကြည်မှုကို ကိုယ်ပဲ မြှင့်တင်နိုင်၊ ရိုက်ချိုးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ “အကောင်းဆုံးကို မျှော်လင့်ထားတယ်” ဆိုတာထက် ပိုပါတယ်။ ကိုယ် လုပ်နိုင်တာ သေချာတယ်ဆိုတာမှသာ ယုံကြည်မှုအစစ်အမှန်ဖြစ်ပါတယ်။

Credit: စုပြည့်စုံ
ဒီသတင်းကိုသင်နှစ်သက်လျှင်ညာဘက်အပေါ်ထောင့်ကိုနှိပ်ြ့ီးသင့်ရဲ့သူငယ်ချင်းများကိုshareပေးပါ။
---------------------------------------------------------------------------------

"ေအာင္ျမင္ခ်င္ရင္"

လူတိုင္း ေအာင္ျမင္ခ်င္ၾကပါတယ္။ ပညာေရး၊ လူမႈေရး၊ စီးပြားေရး၊ ဘ၀တေလွ်ာက္လံုးမွာ စသျဖင့္ ေနရာတိုင္းမွာ ေအာင္ျမင္ခ်င္ ၾကပါတယ္။ ေအာင္ျမင္ခ်င္ရင္ A to Z ကို သတိရပါတဲ့။ သူတို႔ေတြကေတာ့……

Avoid negative sources, persons, places, things and habits.
အဆိုးျမင္တတ္တဲ့ အရင္းအျမစ္၊ လူေတြ၊ ေနရာေတြ၊ အရာ၀တၳဳေတြနဲ႔ အမူအက်င့္ေတြကို ေရွာင္ပါတဲ့။

Believe yourself.
ကိုယ့္ကိုယ္ကိုယံုၾကည္ပါ။

Consider things from every angle.
အရာတိုင္းကို ရႈ႕ေထာင့္စံုက စဥ္းစားေတြးေတာပါ။

Don’t give up and don’t give in
ဘယ္ေတာ့မွ လက္မေလွ်ာ့ပါနဲ႔ ၿပီးေတာ့ အရံႈးမေပးပါနဲ႔။

Enjoy life today. Yesterday is gone and tomorrow may never come.
ပစၥဳပၸန္မွာ ဘ၀ကို ေပ်ာ္ေအာင္ေနပါ။ မေန႔က ကုန္လြန္ခဲ့ၿပီး မနက္ျဖန္က ေရာက္ခ်င္မွ ေရာက္လာမွာပါ

Family and friends are hidden treasures, seek them and enjoy their values.
မိသားစုနဲ႔ သူငယ္ခ်င္းဆိုတာ ပုန္းကြယ္ေနတဲ့ ရတနာေတြပါ။ သူတို႔ကို ေတြ႔ေအာင္ရွာေဖြၿပီး သူတို႔ကို ေကာင္းေကာင္း တန္ဖိုးထားပါ။

Give more than you planned to
စီစဥ္မွန္းထားတာထက္ ပိုေပးပါ

Hang on to your dreams
အိပ္မက္မ်ားကို ၿမဲၿမဲဆုပ္ကိုင္ထားပါ

Ignore them who try to discourage you
သင့္ကို စိတ္ဓာတ္က်ေအာင္ၾကိဳးစားသူ၊ စိတ္ဓာတ္က်ေစသူမ်ားကို လ်စ္လ်ဴရႈပါ

Just do it
ရဲရဲသာလုပ္ပါ

Keep trying no matter how hard it seems, it may get easier
ဘယ္ေလာက္ခက္တယ္လို႔ ထင္ေနပါေစ၊ ဆက္ၾကိဳးစားေနပါ၊ ပိုလြယ္ေကာင္း လြယ္ေနပါလိမ့္မယ္

Love yourself first and most
ကိုယ့္ကိုယ္ကို ပထမဆံုးနဲ႔ အမ်ားဆံုးခ်စ္ပါ

Make it happen
အျဖစ္ရွိေအာင္ အလုပ္လုပ္ပါ

Never lie, cheat or steal, always strike a fair deal
ဘယ္ေတာ့မွ မလိမ္ပါနဲ႔၊ မညာပါနဲ႔၊ မခိုးပါနဲ႔၊ အၿမဲ တရားမွ်တမႈရွိတဲ့ ဆက္ဆံေရးတစ္ခုကို တိုက္ယူပါ

Open your eyes and see things as they really are
သင့္အျမင္မ်ားကို ဖြင့္ထားပါ။ ၿပီးေတာ့ အရာရာကို အမွန္အတိုင္းျမင္ႏိုင္ပါေစ

Practice makes perfect
ေေ  ေလ့က်င့္ျခင္းသည္သာ အမွန္တကယ္ ၿပီးျပည့္စံုေစသည္

Quitters never win and winners never quit
လက္ေလွ်ာ့သူ ဘယ္ေတာ့မွ မေအာင္ႏိုင္၊ ေအာင္ႏိုင္သူ ဘယ္ေတာ့မွ လက္မေလွ်ာ့

Read, study and learn about everything important in your life
သင့္ဘ၀အတြက္ အေရးႀကီးေသာ အရာအားလံုးကို အၿမဲ ဖတ္ပါ၊ ေလ့လာပါ၊ သင္ယူပါ

Stop procrastinating take control of your own destiny
သင့္ပန္းတိုင္ကို သင္ကိုယ္တိုင္ ထိန္းခ်ဳပ္ပါ

Understand yourself to better understand others
သူမ်ားကိုပိုနားလည္ဖို႔အတြက္ သင္ကိုယ္တိုင္ကို သင္ ပိုနားလည္ပါေစ

Visualize it
စိတ္ထဲမွာ တံဆိပ္ခတ္ႏွိပ္ထားသလို ဓာတ္ပံုရိုက္ထားသလို စြဲၿမဲေနပါေစ

Want it more than anything
ကိုယ့္ကိုယ္ကို နားလည္မႈကို အျခားအရာအားလံုးထက္ ပိုလိုခ်င္ေနပါေစ

Xcellerate your efforts
ကိုယ့္အားထုတ္ၾကိဳးပမ္းမႈေတြကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္ပါ။

You are unique of all God’s creation, nothing can replace you
ေ  ေလာကမွာ ရွိတဲ့ သဘာ၀တရားရဲ႕ ဖန္တီးမႈေတြထဲမွာ သင္ဟာ အႏႈိင္းမဲ့ျဖစ္တဲ့အတြက္ သင့္ကို မည္သည့္အရာကမွ အစားထိုးလို႔ မရႏိုင္ဘူးဆိုတာကို သတိရပါ။

Zero in on your target and go for it
သင့္ရည္မွန္းခ်က္ကို အာရံုစူးစိုက္ပါ။ ၿပီးေတာ့ အဲဒါကိုရေအာင္ ေရာက္ေအာင္ သြားပါ။

Credit: ခြန္ျမလိႈင္
ဒီသတင္းကိုသင္ႏွစ္သက္လွ်င္ညာဘက္အေပၚေထာင္႕ကိုႏိွပ္ျပီးသင္႕ရဲ႕သူငယ္ခ်င္းမ်ားကိုshareေပးပါ။
---------------------------------------------------------------------

လူတိုင်း အောင်မြင်ချင်ကြပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘဝတလျှောက်လုံးမှာ စသဖြင့် နေရာတိုင်းမှာ အောင်မြင်ချင် ကြပါတယ်။ အောင်မြင်ချင်ရင် A to Z ကို သတိရပါတဲ့။ သူတို့တွေကတော့……

Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတ္ထုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့။

Believe yourself.
ကိုယ့်ကိုယ်ကိုယုံကြည်ပါ။

Consider things from every angle.
အရာတိုင်းကို ရှု့ထောင့်စုံက စဉ်းစားတွေးတောပါ။

Don’t give up and don’t give in
ဘယ်တော့မှ လက်မလျှော့ပါနဲ့ ပြီးတော့ အရှုံးမပေးပါနဲ့။

Enjoy life today. Yesterday is gone and tomorrow may never come.
ပစ္စုပ္ပန်မှာ ဘဝကို ပျော်အောင်နေပါ။ မနေ့က ကုန်လွန်ခဲ့ပြီး မနက်ဖြန်က ရောက်ချင်မှ ရောက်လာမှာပါ

Family and friends are hidden treasures, seek them and enjoy their values.
မိသားစုနဲ့ သူငယ်ချင်းဆိုတာ ပုန်းကွယ်နေတဲ့ ရတနာတွေပါ။ သူတို့ကို တွေ့အောင်ရှာဖွေပြီး သူတို့ကို ကောင်းကောင်း တန်ဖိုးထားပါ။

Give more than you planned to
စီစဉ်မှန်းထားတာထက် ပိုပေးပါ

Hang on to your dreams
အိပ်မက်များကို မြဲမြဲဆုပ်ကိုင်ထားပါ

Ignore them who try to discourage you
သင့်ကို စိတ်ဓာတ်ကျအောင်ကြိုးစားသူ၊ စိတ်ဓာတ်ကျစေသူများကို လျစ်လျူရှုပါ

Just do it
ရဲရဲသာလုပ်ပါ

Keep trying no matter how hard it seems, it may get easier
ဘယ်လောက်ခက်တယ်လို့ ထင်နေပါစေ၊ ဆက်ကြိုးစားနေပါ၊ ပိုလွယ်ကောင်း လွယ်နေပါလိမ့်မယ်

Love yourself first and most
ကိုယ့်ကိုယ်ကို ပထမဆုံးနဲ့ အများဆုံးချစ်ပါ

Make it happen
အဖြစ်ရှိအောင် အလုပ်လုပ်ပါ

Never lie, cheat or steal, always strike a fair deal
ဘယ်တော့မှ မလိမ်ပါနဲ့၊ မညာပါနဲ့၊ မခိုးပါနဲ့၊ အမြဲ တရားမျှတမှုရှိတဲ့ ဆက်ဆံရေးတစ်ခုကို တိုက်ယူပါ

Open your eyes and see things as they really are
သင့်အမြင်များကို ဖွင့်ထားပါ။ ပြီးတော့ အရာရာကို အမှန်အတိုင်းမြင်နိုင်ပါစေ

Practice makes perfect
ေေ  လေ့ကျင့်ခြင်းသည်သာ အမှန်တကယ် ပြီးပြည့်စုံစေသည်

Quitters never win and winners never quit
လက်လျှော့သူ ဘယ်တော့မှ မအောင်နိုင်၊ အောင်နိုင်သူ ဘယ်တော့မှ လက်မလျှော့

Read, study and learn about everything important in your life
သင့်ဘဝအတွက် အရေးကြီးသော အရာအားလုံးကို အမြဲ ဖတ်ပါ၊ လေ့လာပါ၊ သင်ယူပါ

Stop procrastinating take control of your own destiny
သင့်ပန်းတိုင်ကို သင်ကိုယ်တိုင် ထိန်းချုပ်ပါ

Understand yourself to better understand others
သူများကိုပိုနားလည်ဖို့အတွက် သင်ကိုယ်တိုင်ကို သင် ပိုနားလည်ပါစေ

Visualize it
စိတ်ထဲမှာ တံဆိပ်ခတ်နှိပ်ထားသလို ဓာတ်ပုံရိုက်ထားသလို စွဲမြဲနေပါစေ

Want it more than anything
ကိုယ့်ကိုယ်ကို နားလည်မှုကို အခြားအရာအားလုံးထက် ပိုလိုချင်နေပါစေ

Xcellerate your efforts
ကိုယ့်အားထုတ်ကြိုးပမ်းမှုတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

You are unique of all God’s creation, nothing can replace you
ေ  လောကမှာ ရှိတဲ့ သဘာဝတရားရဲ့ ဖန်တီးမှုတွေထဲမှာ သင်ဟာ အနှိုင်းမဲ့ဖြစ်တဲ့အတွက် သင့်ကို မည်သည့်အရာကမှ အစားထိုးလို့ မရနိုင်ဘူးဆိုတာကို သတိရပါ။

Zero in on your target and go for it
သင့်ရည်မှန်းချက်ကို အာရုံစူးစိုက်ပါ။ ပြီးတော့ အဲဒါကိုရအောင် ရောက်အောင် သွားပါ။

Credit: ခွန်မြလှိုင်
ဒီသတင်းကိုသင်နှစ်သက်လျှင်ညာဘက်အပေါ်ထောင့်ကိုနှိပ်ပြီးသင့်ရဲ့သူငယ်ချင်းများကိုshareပေးပါ။
---------------------------------------------------------------------

လူသားတိုင္း လက္ကိုင္ထားသင့္တဲ့တရား"

လူအမ်ားၾကိဳက္ႏွစ္သက္ျပီး စြဲစြဲလမ္းလမ္း သံုးေနၾကလို႔ အရမ္းကို ေအာင္ျမင္တဲ့ social network တစ္ခုျဖစ္တဲ့ Facebook ရဲ႕ ပိုင္ရွင္ျဖစ္သူ  မတ္ခ္ ဇူကာဘတ္ (Mark Zuckerberg)  က facebook status ရဲ႕ေအာက္မွာ Like, Comment, Share Button ေတြနဲ႔အတူ Empathy button ထည့္မယ္လို႔ ေၾကျငာလိုက္ပါတယ္။ ဒါကိုၾကည့္ျပီး ေတြးမိတာက လူသားတိုင္းရဲ႕ ႏွလံုးသားမွာ Empathy ဆိုတဲ့ ကိုယ္ခ်င္းစာတရားကို တန္ဖိုးထား ျမတ္ႏိုးတယ္ဆိုတာကိုပါပဲ။

ျမန္မာႏုိင္ငံမွာသာမက ႏုိင္ငံတကာမွာ သံုးစြဲၾကတဲ့ Facebook မွာ empathy button ထည့္လိုက္ျခင္းဟာ အမ်ားၾကီးေလးနက္တဲ့ အဓိပၸာယ္ကို ေဆာင္တယ္လို႔ စာေရးသူက ခံစားမိပါတယ္။ လူေတြဟာ ေပ်ာ္စရာတင္ရင္ like လုပ္ၾကတာ သေဘာသဘာ၀အရ မွန္ေပမဲ့ စိတ္ညစ္စရာ ၀မ္းနည္းစရာတစ္ခုခုကို status တင္တဲ့အခါ အသိအမွတ္ျပဳေၾကာင္း ေျပာဖို႔ like လုပ္ဖို႔လည္းခက္၊ comment ေပးဖို႔ကလည္း အခ်ိန္မရတဲ့ အခါမ်ိဳးေတြရွိပါတယ္။ ဒါဆို empathy button ေလးေပၚလာရင္ေတာ့ ကိုယ္ခ်င္းစာ နားလည္ပါေၾကာင္း ေျပာလို႔ရျပီေပါ့။ လူ႔ဘ၀မွာ ေန႔စဥ္ေနထိုင္ ရွင္သန္ဖို႔ ႐ုပ္ပိုင္း၊ စိတ္ပိုင္းအတြက္ လိုအပ္တဲ့အရာေတြက အမ်ားၾကီးထဲကမွ အေရးအၾကီးဆံုးနဲ႔ အလိုအပ္ဆံုးျဖစ္တဲ့ ကိုယ္ခ်င္းစာတရားကို ေလလိႈင္းကေန မွ်ေ၀ေပးလို႔ရျပီေပါ့။

ကိုယ္ခ်င္းစာတရားဆိုတာ ဘာလဲ -
ကိုယ္ခ်င္းစာတရားဆိုတာက အားလံုးသိၾကတဲ့အတိုင္း ကိုယ္နဲ႔ ႏႈိင္းယွဥ္ျပီး ခံစားနားလည္ေပးမႈပါပဲ။ သူတပါးကို မမွန္တာတစ္ခုခု လုပ္ေတာ့မယ္ဆို ကိုယ္ဆိုရင္ေရာ ခံႏုိင္ပါ့မလားလို႔ ေတြးလိုက္ျပီး ကိုယ္မခံႏိုင္တာကို သူမ်ားကို မလုပ္ျဖစ္ေအာင္ ထိန္းတာဟာ ကိုယ္ခ်င္းစာတရား လက္ကိုင္ထားျခင္းပါပဲ။ ပရြက္ဆိတ္ေလးတစ္ေကာင္ကို သတ္ျခင္း၊ သူမ်ားရဲ႕ မေကာင္းေၾကာင္းကို ေျပာျခင္း စတဲ့ ေသးငယ္တဲ့ ကိစၥေလးေတြကိုေတာင္ ကိုယ္ခ်င္းစာတရားနဲ႔ ၾကည့္တဲ့အခါ  လုပ္သင့္တဲ့ အရာေတြမဟုတ္ေတာ့တာ ေတြ႔ရပါလိမ့္မယ္။

ဘာေၾကာင့္ ကိုယ္နဲ႔ႏိႈင္းတာလဲ -
ဗုဒၶဘာသာ အယူ၀ါဒတစ္ခုျဖစ္တဲ့ ကံကံ၏အက်ိဳး ဆိုတဲ့ အယူ၀ါဒဟာ မိမိလုပ္သမွ်အရာတိုင္း မိမိအေပၚ ေရာင္ျပန္ဟပ္မယ္ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။ ဒါဟာ တကယ့္အမွန္တရားပါပဲ။ အ႐ိုးရွင္းဆံုးဥပမာေပးရရင္ သင္ အလုပ္ၾကိဳးစားရင္ ေအာင္ျမင္မယ္၊ မၾကိဳးစားရင္မေအာင္ျမင္ဘူး။ ဒါဟာ သင့္လုပ္ရပ္က သင့္အေပၚ ေရာင္ျပန္ဟပ္မႈပါပဲ။ ဗုဒၶဘာသာမွာ ဘ၀သံသရာဆိုတာ ရွိတယ္လို႔ ယံုၾကည္တဲ့အတြက္ တခါတရံမွာ မိမိရဲ႕လုပ္ရပ္က ခ်က္ခ်င္း အက်ိဳးမေပးေသးတာလည္း ရွိပါတယ္။ သင္ၾကိဳးစားေပမဲ့ မေအာင္ျမင္ေသးတာဟာ ေရွးအတိတ္က မေကာင္းတဲ့လုပ္ရပ္တစ္ခုက တားဆီးေနတာေၾကာင့္ ျဖစ္တတ္ပါတယ္။ ဒါေပမဲ့ ထိုမေကာင္းကံ ကုန္တဲ့အထိ ေကာင္းမႈကို လုပ္ေပးလိုက္ျပီး ဆက္လက္ၾကိဳးစားရင္ ေအာင္ျမင္မွာ အေသအခ်ာပါပဲ။ ထိုနည္းတူပဲ အခုလက္ရွိမွာ မေကာင္းတာလုပ္ေနေပမဲ့ ေကာင္းက်ိဳးေပးေနတုန္းပဲ ဆိုရင္ေတာ့ ဒါဟာ ေရွးအတိတ္က ေကာင္းမႈကုသိုလ္က ကူညီေနဆဲမို႔လို႔ပါ။ မၾကာခင္မွာ ျပဳလုပ္သူအေပၚ တန္ျပန္ သက္ေရာက္လာမွာပါပဲ။ ဒါဆို ကိုယ္ျပန္ခံရမယ့္ မေကာင္းမႈတစ္ခုကို ဘာလို႔ က်ဴးလြန္ေတာ့မွာလဲ။

ကိုယ္ခ်င္းစာတရားရွိျခင္း အက်ိဳး -
ကိုယ္ခ်င္းစာတရား လက္ကိုင္ထားတဲ့အခါ သူတပါးအေပၚ အျပစ္မက်ဴးလြန္မိ႐ံုမကပဲ သူတပါးကို ကူညီတတ္သူအျဖစ္ပါ အလိုလို ကူးေျပာင္းသြားပါတယ္။ သူတပါး အခက္အခဲၾကံဳခ်ိန္ေတြမွာ မိမိသာ ျဖစ္ခဲ့ရင္ဆိုတဲ့အေတြးကို ေတြးလိုက္တဲ့အခါ ကိုယ့္မွာ အခက္အခဲရွိခ်ိန္ လုပ္သလိုပဲ လုပ္ေပးမိ ကူညီမိသြားတာပါပဲ။ ဒါေၾကာင့္ ကိုယ္ခ်င္းစာတရားဟာ အကုသိုလ္ကင္းျပီး ကုသိုလ္တိုးေစတဲ့ ဘ၀ေနနည္းကို လမ္းညႊန္ျပတဲ့ တရားျဖစ္ပါတယ္။ ဒါ့အျပင္ ထိုေစတနာအက်ိဳးဟာ မိမိကို သက္ေရာက္ေစၿပီး မိမိ အခက္အခဲရွိတဲ့အခါမွာလည္း ကူညီမယ့္သူ ေပၚေပါက္လာမွာပါပဲ။

လူတိုင္းရဲ႕ဘ၀ဟာ အနိမ့္အျမင့္ကိုယ္စီ ရွိစျမဲမို႔ ကိုယ္ဟာ ဘယ္အခ်ိန္မွာ ဘယ္ဘ၀ကိုေရာက္မယ္ မသိႏိုင္သလို ေနာင္ဘ၀ကိုလည္း ၾကိဳမျမင္ရပါဘူး။ ဒါေၾကာင့္ မိမိရဲ႕အက်ိဳးစီးပြား တိုးတက္လိုလုိ႔ျဖစ္ေစ၊ မိမိအက်ိဳးစီးပြားကို ကာကြယ္လိုလို႔ျဖစ္ေစ ကို္ယ္ခ်င္းစာတရား ကင္းမဲ့တဲ့အလုပ္မ်ိဳး မလုပ္မိၾကဖို႔ သတိခ်ပ္ေစလိုပါတယ္။ ကိုယ္ျပဳသည့္ကံ ကိုယ့္ထံသို႔သာ ျပန္လာမွာမို႔ ကိုယ္ခ်င္းစာတရား လက္ကိုင္ထားလို႔ သူတပါးအက်ိဳးကို ေစာင့္ေရွာက္ ျခင္းျဖင့္ မိမိအက်ိဳးတိုးပြားလာေအာင္ ေဆာင္ရြက္ႏုိင္သူမ်ား ျဖစ္ၾကပါေစ။

Credit: Yangon Life
ဒီသတင္းကိုသင္ႏွစ္သက္လွ်င္ညာဘက္အေပၚေထာင္႕ကိုႏိွပ္ျပီးသင္႕ရဲ႕သူငယ္ခ်င္းမ်ားကိုshareေပးပါ။
---------------------------------------------------------------------

လူအများကြိုက်နှစ်သက်ပြီး စွဲစွဲလမ်းလမ်း သုံးနေကြလို့ အရမ်းကို အောင်မြင်တဲ့ social network တစ်ခုဖြစ်တဲ့ Facebook ရဲ့ ပိုင်ရှင်ဖြစ်သူ  မတ်ခ် ဇူကာဘတ် (Mark Zuckerberg)  က facebook status ရဲ့အောက်မှာ Like, Comment, Share Button တွေနဲ့အတူ Empathy button ထည့်မယ်လို့ ကြေငြာလိုက်ပါတယ်။ ဒါကိုကြည့်ပြီး တွေးမိတာက လူသားတိုင်းရဲ့ နှလုံးသားမှာ Empathy ဆိုတဲ့ ကိုယ်ချင်းစာတရားကို တန်ဖိုးထား မြတ်နိုးတယ်ဆိုတာကိုပါပဲ။

မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာမှာ သုံးစွဲကြတဲ့ Facebook မှာ empathy button ထည့်လိုက်ခြင်းဟာ အများကြီးလေးနက်တဲ့ အဓိပ္ပာယ်ကို ဆောင်တယ်လို့ စာရေးသူက ခံစားမိပါတယ်။ လူတွေဟာ ပျော်စရာတင်ရင် like လုပ်ကြတာ သဘောသဘာဝအရ မှန်ပေမဲ့ စိတ်ညစ်စရာ ဝမ်းနည်းစရာတစ်ခုခုကို status တင်တဲ့အခါ အသိအမှတ်ပြုကြောင်း ပြောဖို့ like လုပ်ဖို့လည်းခက်၊ comment ပေးဖို့ကလည်း အချိန်မရတဲ့ အခါမျိုးတွေရှိပါတယ်။ ဒါဆို empathy button လေးပေါ်လာရင်တော့ ကိုယ်ချင်းစာ နားလည်ပါကြောင်း ပြောလို့ရပြီပေါ့။ လူ့ဘဝမှာ နေ့စဉ်နေထိုင် ရှင်သန်ဖို့ ရုပ်ပိုင်း၊ စိတ်ပိုင်းအတွက် လိုအပ်တဲ့အရာတွေက အများကြီးထဲကမှ အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးဖြစ်တဲ့ ကိုယ်ချင်းစာတရားကို လေလှိုင်းကနေ မျှဝေပေးလို့ရပြီပေါ့။

ကိုယ်ချင်းစာတရားဆိုတာ ဘာလဲ -
ကိုယ်ချင်းစာတရားဆိုတာက အားလုံးသိကြတဲ့အတိုင်း ကိုယ်နဲ့ နှိုင်းယှဉ်ပြီး ခံစားနားလည်ပေးမှုပါပဲ။ သူတပါးကို မမှန်တာတစ်ခုခု လုပ်တော့မယ်ဆို ကိုယ်ဆိုရင်ရော ခံနိုင်ပါ့မလားလို့ တွေးလိုက်ပြီး ကိုယ်မခံနိုင်တာကို သူများကို မလုပ်ဖြစ်အောင် ထိန်းတာဟာ ကိုယ်ချင်းစာတရား လက်ကိုင်ထားခြင်းပါပဲ။ ပရွက်ဆိတ်လေးတစ်ကောင်ကို သတ်ခြင်း၊ သူများရဲ့ မကောင်းကြောင်းကို ပြောခြင်း စတဲ့ သေးငယ်တဲ့ ကိစ္စလေးတွေကိုတောင် ကိုယ်ချင်းစာတရားနဲ့ ကြည့်တဲ့အခါ  လုပ်သင့်တဲ့ အရာတွေမဟုတ်တော့တာ တွေ့ရပါလိမ့်မယ်။

ဘာကြောင့် ကိုယ်နဲ့နှိုင်းတာလဲ -
ဗုဒ္ဓဘာသာ အယူဝါဒတစ်ခုဖြစ်တဲ့ ကံကံ၏အကျိုး ဆိုတဲ့ အယူဝါဒဟာ မိမိလုပ်သမျှအရာတိုင်း မိမိအပေါ် ရောင်ပြန်ဟပ်မယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒါဟာ တကယ့်အမှန်တရားပါပဲ။ အရိုးရှင်းဆုံးဥပမာပေးရရင် သင် အလုပ်ကြိုးစားရင် အောင်မြင်မယ်၊ မကြိုးစားရင်မအောင်မြင်ဘူး။ ဒါဟာ သင့်လုပ်ရပ်က သင့်အပေါ် ရောင်ပြန်ဟပ်မှုပါပဲ။ ဗုဒ္ဓဘာသာမှာ ဘဝသံသရာဆိုတာ ရှိတယ်လို့ ယုံကြည်တဲ့အတွက် တခါတရံမှာ မိမိရဲ့လုပ်ရပ်က ချက်ချင်း အကျိုးမပေးသေးတာလည်း ရှိပါတယ်။ သင်ကြိုးစားပေမဲ့ မအောင်မြင်သေးတာဟာ ရှေးအတိတ်က မကောင်းတဲ့လုပ်ရပ်တစ်ခုက တားဆီးနေတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ထိုမကောင်းကံ ကုန်တဲ့အထိ ကောင်းမှုကို လုပ်ပေးလိုက်ပြီး ဆက်လက်ကြိုးစားရင် အောင်မြင်မှာ အသေအချာပါပဲ။ ထိုနည်းတူပဲ အခုလက်ရှိမှာ မကောင်းတာလုပ်နေပေမဲ့ ကောင်းကျိုးပေးနေတုန်းပဲ ဆိုရင်တော့ ဒါဟာ ရှေးအတိတ်က ကောင်းမှုကုသိုလ်က ကူညီနေဆဲမို့လို့ပါ။ မကြာခင်မှာ ပြုလုပ်သူအပေါ် တန်ပြန် သက်ရောက်လာမှာပါပဲ။ ဒါဆို ကိုယ်ပြန်ခံရမယ့် မကောင်းမှုတစ်ခုကို ဘာလို့ ကျူးလွန်တော့မှာလဲ။

ကိုယ်ချင်းစာတရားရှိခြင်း အကျိုး -
ကိုယ်ချင်းစာတရား လက်ကိုင်ထားတဲ့အခါ သူတပါးအပေါ် အပြစ်မကျူးလွန်မိရုံမကပဲ သူတပါးကို ကူညီတတ်သူအဖြစ်ပါ အလိုလို ကူးပြောင်းသွားပါတယ်။ သူတပါး အခက်အခဲကြုံချိန်တွေမှာ မိမိသာ ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးကို တွေးလိုက်တဲ့အခါ ကိုယ့်မှာ အခက်အခဲရှိချိန် လုပ်သလိုပဲ လုပ်ပေးမိ ကူညီမိသွားတာပါပဲ။ ဒါကြောင့် ကိုယ်ချင်းစာတရားဟာ အကုသိုလ်ကင်းပြီး ကုသိုလ်တိုးစေတဲ့ ဘဝနေနည်းကို လမ်းညွှန်ပြတဲ့ တရားဖြစ်ပါတယ်။ ဒါ့အပြင် ထိုစေတနာအကျိုးဟာ မိမိကို သက်ရောက်စေပြီး မိမိ အခက်အခဲရှိတဲ့အခါမှာလည်း ကူညီမယ့်သူ ပေါ်ပေါက်လာမှာပါပဲ။

လူတိုင်းရဲ့ဘဝဟာ အနိမ့်အမြင့်ကိုယ်စီ ရှိစမြဲမို့ ကိုယ်ဟာ ဘယ်အချိန်မှာ ဘယ်ဘဝကိုရောက်မယ် မသိနိုင်သလို နောင်ဘဝကိုလည်း ကြိုမမြင်ရပါဘူး။ ဒါကြောင့် မိမိရဲ့အကျိုးစီးပွား တိုးတက်လိုလို့ဖြစ်စေ၊ မိမိအကျိုးစီးပွားကို ကာကွယ်လိုလို့ဖြစ်စေ ကို်ယ်ချင်းစာတရား ကင်းမဲ့တဲ့အလုပ်မျိုး မလုပ်မိကြဖို့ သတိချပ်စေလိုပါတယ်။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံသို့သာ ပြန်လာမှာမို့ ကိုယ်ချင်းစာတရား လက်ကိုင်ထားလို့ သူတပါးအကျိုးကို စောင့်ရှောက် ခြင်းဖြင့် မိမိအကျိုးတိုးပွားလာအောင် ဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေ။

Credit: Yangon Life
ဒီသတင်းကိုသင်နှစ်သက်လျှင်ညာဘက်အပေါ်ထောင့်ကိုနှိပ်ပြီးသင့်ရဲ့သူငယ်ချင်းများကိုshareပေးပါ။
---------------------------------------------------------------------