Friday, April 29, 2016

"မိန္းမ မတက္ရတဲ့ ဘုရားမ်ားဆိုတာ"


--------------------

မကၠဆီကို ႏိုင္ငံဆိုတာ အားလံုးသိၾကတဲ့ အတိုင္းပဲ ခရစ္ယာန္မ်ားတဲ႔ ႏိုင္ငံ။ အဲဒီ မကၠဆီကိုက ဗုဒၶဘာသာ ျဖစ္စ လူ (၃၀) ေလာက္ ျမန္မာျပည္ ေရာက္လာတယ္။ ေရာက္လာတဲ႔အခါက်ေတာ့ မႏၲေလးက မဟာျမတ္မုနိဘုရားၾကီး ဝင္ဖူးျပီးေတာ့ စစ္ကိုင္း ေရာက္လာတယ္။ ေရာက္လာၿပီး ပါခ်ဳပ္ဆရာေတာ္ ေက်ာင္း ေရာက္လာၿပီးေတာ့ ေက်ာင္းေစာင့္ေတြကို ခြင့္ေတာင္းတယ္။ "ဆရာေတာ္နဲ႔ေတြ႔တုန္း ေမးစရာရွိတာေလး ေမးခ်င္ပါတယ္" တဲ့။

ဒါနဲ႔ ဆရာေတာ္ကို ႏိုင္ငံျခားသားေတြကေတြ႕တဲ့အခါ မကၠဆီကန္သူ အမ်ိဳးသမီး တစ္ေယာက္က ဘာေမးတုန္း ဆိုရင္ "ဘုရားၾကီး ဝင္ျပီး ဖူးတဲ႔အခါမွာ (အမ်ိဳးသမီးမဝင္ရ) ဆိုတဲ႔ ဆိုင္းဘုတ္ ေတြ႕လာ တယ္တဲ့။ ဗုဒၶဘာသာက အဲဒီလို ခြဲျခား ဆက္ဆံ သလား" တဲ့။

ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာနဲ႔ ထိစပ္ေနတဲ့ ေနရာ အေတာ္မ်ားမ်ားမွာ အဆိုပါ ဆိုင္းပုဒ္နဲ႔ စည္းကမ္းေလး ေတြ ေတြ႕ဖူးၾကမွာပါ။ ဥပမာ - ေရႊတိဂံုဘုရားရဲ႕ အလယ္ပစၥယံ မွာဆိုရင္ "အမ်ိဳးသမီး မတက္ရ" ဆိုတဲ့ ဆိုင္းဘုတ္ေထာင္ ထားတာ ရွိတယ္။ က်ိဳက္ထီးရိုး ဘုရားမွာ က်ေတာ့လဲ "တံတားကို အမ်ိဳးသမီး မကူးရ" ဆိုတာမ်ိဳးေတြ ရွိတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ ဒီႏိုင္ငံအေၾကာင္း သိပ္မသိတဲ့ ႏိုင္ငံျခားသား ဧည့္သည္ေတြနဲ႔ ဧည့္လမ္းၫႊန္ Tour Guide ေတြ ခဏခဏ ျပႆနာတက္တတ္ ၾကတယ္။

ဆိုေတာ့ အခုလည္း မကၠဆီကန္က အသစ္စက္စက္ ဗုဒၶဘာသာ ျဖစ္ခါစ ႏိုင္ငံျခားသူ က မေက်နပ္ ဘူး။ သူတို႔ ႏိုင္ငံျခားက လာတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြက အင္မတန္ စူးစမ္းၾကတာေလ။ တစ္ခုခု ဆိုရင္ တိက်တဲ့ အေျဖမရ မခ်င္း ဇြတ္ကို ေမးေနမွာ။ ခုလဲ ဒီကိစၥကို မရဘူး။ သူလက္မခံဘူးေပါ့။ သူက ေယာက်္ားေရွ႕က ေနခ်င္တာ။ အဲ႔ေတာ့ ေယာက်္ားေတြခ်ည္း တစြက္စြက္ ဝင္သြားၿပီး မိန္းမသားေတြ မဝင္ရဘူး ဆိုေတာ့ ဒါက မိန္းမသားေတြကို ဘာသာေရးမွာ သက္သက္ ႏွိမ္တယ္လို႔ စိတ္ထဲမွာ ထင္ေၾကာင္း ပါခ်ဳပ္ ဆရာေတာ္ကို ေလွ်ာက္တယ္။

ပါခ်ဳပ္ ဆရာေတာ္ က ဘာျပန္မိန္႔သလဲဆိုေတာ့ - "This is not Buddhism. This is a tradition." ဒါ ဗုဒၶဘာသာနဲ႔ မဆိုင္ဘူးလို႔။ ဒါဟာ "tradition" ျမန္မာတို႔ရဲ႕ ဓေလ့ထံုးစံ ေခၚတယ္လို႔ ေျပာေတာ့မွ ေက်နပ္ သြားတယ္။

Tour Guide လုပ္တဲ့ လူေတြကိုလည္း ပါခ်ဳပ္ဆရာေတာ္ဟာ တဆက္ထဲမွာလိုက္တယ္။ "မင္းတို႔ ရွည္ရွည္ေဝးေဝးေတြ ေလွ်ာက္မေျပာနဲ႔။ Guide လုပ္တဲ့လူကို အဲဒီလိုေမးလိုက္လို႔ Guide ျဖစ္တဲ့လူက အေယာင္ေယာင္အမွားမွားနဲ႔ အမ်ိဳးသမီးဆိုတာ ဘုရားေရွ႕မွာ မေတာ္လို႔လို႔၊ ထမီေတြနဲ႔ ဘာျဖစ္လို႔ ညာျဖစ္လို႔ ဆိုၿပီး အဲဒီလိုေတြ မေျပာနဲ႔တဲ့။ သူတို႔ဆီမွာ ထမီ ေခါင္းေပါင္းၿပီး ေရခ်ိဳးတဲ့ ေယာက်္ား ေတာင္ ရွိေသးတယ္တဲ့" ဆရာေတာ္က မိန္႔တယ္။

ဆက္လက္ၿပီး ဆရာေတာ္က - "သီဟိုဠ္မွာဆိုရင္ သူတလွည့္ ကိုယ္တလွည့္ ဝတ္ေနတာ။ ထမီရယ္ လံုခ်ည္ရယ္ ရွိတာ မဟုတ္ပဲ။ ဘာမွ မထူးဘူး။ ေခါင္းအံုးေပၚလဲ ေျခေထာက္ တင္တာပဲ အဲဒီလူေတြ။ အဲဒီေတာ့ ေျခေထာက္က နိမ့္က်ျပီး ေခါင္းက ျမတ္တယ္လို႔ ဘယ္လိုလုပ္ ေျပာလို႔ ရမွာလဲ။ ခႏၶာကိုယ္တစ္ခုလံုးဟာ တူတူပဲေပါ့။

သို႔ေသာ္ ဗမာေတြ အယူအဆေနာ္။ ေခါင္းရင္းဆိုရင္ အမြန္အျမတ္ ထားတယ္ေလ။ ေခါင္းရင္းကို ေျခေထာက္ထားရင္ အလြန္စိတ္ဆိုးမယ္။ ဒါက tradition ပဲေပါ့။ ေခါင္းမကိုင္နဲ႔ ေခါင္းကိုင္ရင္ မၾကိဳက္ ဘူး။ ထိုင္းေလးေတြဆိုရင္ ေခါင္းသြားကိုင္ရင္ ရန္သူပဲ။ အဲဒါ သီဟိုဠ္ေတြက ဘာရယ္ မဟုတ္ဘူး။ လူကို ခ်စ္လို႔ရွိရင္ ေခါင္းကိုင္တယ္။

အဲဒီလိုမ်ိဳးေတြ တစ္ဦးနဲ႔တစ္ဦး tradition ေတြက မတူဘူး။ ျပီးေတာ့ သီဟိုဠ္တို႔ Chinese တို႔က တစ္ခုခုျပရင္ လက္နဲ႔ မျပဘူး။ ေျခေထာက္နဲ႔ ျပတယ္။ (ဗမာက်ေတာ့ ဒါ အင္မတန္ရိုင္းတယ္) ဒါ သူတို႔ tradition ပဲလို႔ ကိုယ္က နားလည္လို႔ရွိရင္ ျပႆနာ မျဖစ္ဘူး။ "ဟာ ဒီေကာင္ ရိုင္းလွခ်ည္လား" ဆို ရန္ျဖစ္ၾက။ သူကလဲ ဘာရိုင္းမွန္း မသိဘူး။ ရိုင္းလွခ်ည္လားဆို သူ႔ကိုယ္သူလဲ ဘာရိုင္းမွန္းမွ မသိတာ။ သူ လုပ္ေနက်ပဲ ေျခေထာက္နဲ႔ ျပတယ္ေလ။ ဒါ သူ႔ ေျခေထာက္ အားလို႔ ေျခေထာက္နဲ႔ ျပတာေပါ့။ ကိုယ္အားတာ ကိုယ္လုပ္တာ။ လက္နဲ႔ ေျခေထာက္ တူတူပိုင္တာပဲ။

သို႔ေသာ္ tradition အရ ဒါေတြ ရိုင္းစိုင္းတယ္လို႔ ယူဆတယ္။ ယဥ္ေက်းတယ္လို႔ ယူဆၾကတယ္။အဲဒီလို ယူဆတာ။

သီဟိုဠ္ကၽြန္း သြားၾကည့္ရင္ တရားနာျပီဆိုလို႔ရွိရင္ အမ်ိဳးသမီးေတြက ဒူးတုပ္ျပီး မထိုင္ႏိုင္ဘူး။ ဘာလုပ္တုန္း။ ဘုန္းၾကီးဘက္ ေျခေထာက္ေလးေတြ ဆင္းျပီး ထိုင္ၾကတယ္။ အမ်ိဳးသားေတြက ဒူးေထာင္ေပါင္ကား ထိုင္ၾကတယ္။ အဲေတာ့ အမ်ိဳးသမီးေတြထိုင္တာ ၾကည့္လိုက္လို႔ရွိရင္ ဘုန္းၾကီး ဘက္ကို ေျခဆင္းထိုင္ၾကတယ္။ လက္အုပ္ေတာ့ ခ်ီထားတယ္။ ေျခစံုလက္စံုမိုးတယ္ ဆိုတာ အဲဒါ ေခၚတာ။ ဒါ ဗုဒၶဂယာ သြားတဲ႔လူေတြ သီဟိုဠ္အဖြဲ႕ ဘုရားဖူးလာတယ္ဆိုရင္ ေတြ႔လိမ့္မယ္။ ဒီအတိုင္းပဲ ေတြ႔ရတတ္တာပဲေနာ္။ ေျခစံုလက္စံုမိုး ဒါ သူတို႔ tradition ပဲ။ သြားေျပာလို႔ မရဘူးေလ။

သူတို႔မွာ ေျခေထာက္ကို ယုတ္ညံ႔တယ္လို႔ မသတ္မွတ္ဘူး။ ဗမာကေတာ့ ေျခေထာက္ကို အလြန္ ယုတ္ညံ႔တယ္။ ယုတ္ညံ႔သည့္အတြက္ေၾကာင့္ လူၾကီး၊ သူၾကီးေရွ႕ဆိုရင္ ေျခေထာက္ေဖာ္ မထိုင္ရဘူး။ ေနာက္ပစ္ထားရတယ္ေနာ္။ သူတို႔က်ေတာ့ ေျခေထာက္နဲ႔ ေခါင္း တူတူပဲ။ ဘာမွ မထူးဘူး။

ေအး ျမတ္စြာဘုရားရဲ႕ အဆံုးအမ အမွန္ေတြဟာ ဒီ tradition ေတြကေန ခြဲထြက္ဖို႔ လိုအပ္တယ္။ tradition ေတြကေန ခြဲမထြက္ႏိုင္ဘူးဆိုရင္ ဗုဒၶရဲ႕ အဆံုးအမလိုလို ဘာလိုလိုနဲ႔ ေရာေထြး ဝင္ေရာက္ ေနတာ။ ဗုဒၶရဲ႕ အဆံုးအမ အစစ္က ခုနက ေျပာတဲ႔ အတိုင္းပဲ။

ဘယ္အခ်ိန္လုပ္လုပ္ ေကာင္းတာ လုပ္ရင္ ေကာင္းတဲ႔ နကၡတ္ပဲ။ ေကာင္းကင္က ၾကယ္ေတြက ကိုယ့္ ကိုဘာမွ မတတ္ႏိုင္ဘူး။ ေကာင္းကင္ နကၡတ္ေတြက ကိုယ့္ကို ဘာမွ မတတ္ႏိုင္ဘူး။ ကိုယ္ လုပ္သင့္ မလုပ္သင့္ ကိုယ့္ဟာ ကိုယ္ပဲ နားလည္ရမယ္။ အကုသိုလ္ မျဖစ္ေအာင္ လုပ္ရမယ္။ ကုသိုလ္ ျဖစ္ ေအာင္ သတိေဆာင္ရမယ္။ ဒါ ျမတ္စြာဘုရားရဲ႕အဆံုးအမ အေျခခံပဲ။

ျမတ္စြာဘုရားရဲ႕ အဆံုးအမကို အႏွစ္ခ်ဳပ္ေျပာရမယ္ ဆိုလို႔ရွိရင္ ကုသိုလ္ျဖစ္တဲ႔အလုပ္ မွန္သမွ် လုပ္ ေကာင္းတယ္။ အကုသိုလ္ျဖစ္တဲ႔ အလုပ္မွန္သမွ် မလုပ္ေကာင္းဘူး။ ဒီလိုပဲ သတ္မွတ္တယ္။"

အျပည္ျပည္ဆိုင္ရာ ေထရဝါဒ ဗုဒၶသာသနာျပဳ တကၠသိုလ္
ပါေမာကၡခ်ဳပ္ ဆရာေတာ္
ေဒါက္တာ နႏၵမာလာဘိဝံသ

https://dpakyaw.com/2016/04/29/%e1%80%99%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%99-%e1%80%99%e1%80%90%e1%80%80%e1%80%b9%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%98%e1%80%af%e1%80%9b%e1%80%ac%e1%80%b8%e1%80%99%e1%80%ba/

Monday, January 25, 2016

ကမၻာ့နံပါတ္တစ္ ဖင္လန္ႏိုင္ငံ ပညာေရးစနစ္ အေၾကာင္း


ဖင္လန္မွာ ဥေရာပတိုက္ ေျမာက္ပိုင္း၊ ေဘာလ္တစ္ပင္လယ္အနီးရွိ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ ဖင္းနစ္ရွ္ႏွင့္ ဆြီးဒစ္ရွ္ ဘာသာစကားမ်ား ေျပာဆိုၾကသည္။ ေငြေၾကးအားျဖင့္ ယူ႐ိုေငြကို သုံးစြဲၾကသည္။
ၿမိဳ႕ေတာ္မွာ ဟယ္လ္ဆင္ကီ ျဖစ္သည္။ လူဦးေရ ၅ သန္းေက်ာ္ရွိသည္။ တရားဝင္သုံးစြဲသည့္ ႏိုင္ငံအမည္မွာ ဖင္လန္သမၼတ ႏိုင္ငံျဖစ္သည္။ ဧရိယာ စတုရန္းမိုင္ေပါင္း ၁၃ဝ၅ ဒသမ ၅၉ မိုင္ က်ယ္ဝန္းသည့္ ႏိုင္ငံျဖစ္သည္။
ဖင္လန္ႏိုင္ငံဟာ ပညာေရးမွာ ထိပ္ဆုံးအဆင့္ သတ္မွတ္ျခင္းခံရၿပီး၊ သခ်ၤာမွာေတာ့ ေတာင္ကိုရီးယားကို နည္း နည္းေလးကပ္႐ႈံးၿပီး ဒုတိယသခ်ၤာ အေကာင္းဆုံးႏိုင္ငံအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ ဒါေၾကာင့္ ႏိုင္ငံတကာ ပညာေရးဆိုင္ရာ ကိုယ္စားလွယ္ ၁ဝဝ ေက်ာ္လာၿပီး ဖင္လန္ႏိုင္ငံရဲ႕ ပညာေရးစနစ္ကို ေလ့လာၾကရသည္အထိ နာမည္ေက်ာ္ခဲ့တယ္။ ယခု ဒီေဆာင္းပါးကလည္း အဲဒီေလ့လာသူေတြထဲက အေမရိကန္ႏိုင္ငံ ေက်ာင္းဆရာတစ္ ေယာက္ရဲ႕ သူျမင္တဲ့ ဖင္လန္ႏိုင္ငံ ပညာေရးစနစ္ကို တင္ျပသြားတာျဖစ္ပါတယ္။
ဖင္လန္ႏိုင္ငံပညာေရးေကာင္းခဲ့တာလည္း မေျပာနဲ႔ေလ၊ ကမၻာ့ပညာေရးအတြက္ ေငြေၾကးအမ်ား ဆုံးသုံးတဲ့ႏိုင္ငံေလးႏိုင္ငံထဲမွာ စာရင္းဝင္တယ္။ ၂ဝ၁ဝ ခုႏွစ္မွာဆိုရင္ ေဒသဆိုင္ရာ မူလတန္းနဲ႔ အထက္တန္းေက်ာင္းေတြ အတြက္ ပညာေရးအသုံးစရိတ္အျဖစ္ သတ္မွတ္တဲ့ေငြေၾကးပမာဏက ေဒၚလာ သန္း ၃၇ဝ ျဖစ္ပါတယ္။ အစိုးရအေနနဲ႔ ႏိုင္ငံေတာ္ကရတဲ့ အခြန္ေငြေတြအေပၚကေန ပညာေရးအတြက္ အေကာင္းဆုံး ရင္းႏွီးျမႇဳပ္ႏွံမႈလို႔လည္း ဆိုႏိုင္တယ္။
OECD ႏိုင္ငံေတြမွာ PISA ဆိုတဲ့ စာေမးပြဲကို စံတစ္ခုအေနနဲ႔ သတ္မွတ္ၿပီး က်င္းပေပးတယ္။ ႏိုင္ငံတကာအသိအမွတ္ျပဳ အထက္တန္းေက်ာင္းအဆင့္ စာေမးပြဲလည္းျဖစ္ပါတယ္။ အေမရိကန္ပညာေရး ဌာနကေနစစ္ေဆးေပးတယ္။ ဒီစစ္ေဆးမႈမွာ ဖင္လန္ႏိုင္ငံက ထိပ္တန္းစာရင္းဝင္ႏိုင္ငံျဖစ္ခဲ့ပါတယ္။
ဖင္လန္ႏိုင္ငံမွာ မူႀကိဳအဆင့္တန္းကို အသက္ ၆ ႏွစ္မွစတက္ရတယ္။ မူႀကိဳမွာ စာမသင္ဘူး။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖစ္ ေအာင္ထားတယ္။ ပညာသင္ၾကားႏိုင္ဖို႔ အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ေပးတယ္။ မူႀကိဳၿပီးတဲ့ႏွစ္ကေန ေနာက္ ၉ ႏွစ္တိတိ အေျခခံပညာကို သင္ၾကားၾကရတယ္။ ၉ တန္း ၁ဝ တန္းအဆင့္ေအာင္ၿပီးရင္ အဆင့္ျမင့္တန္း (upper secondary school) ကိုဆက္တက္ခ်င္ရင္တက္၊ ဒါမွမဟုတ္ အသက္ေမြးမႈေက်ာင္းေတြကို ၃ ႏွစ္သြားတက္လို႔ရတယ္။
အသက္ေမြးမႈေက်ာင္းေတြကလည္း ေပါ့ပ်က္ပ်က္ေတာ့မေအာင္ဘူး။ လုပ္ငန္းခြင္အထိရည္႐ြယ္ထားတာေတြျဖစ္လို႔ ေက်ာင္းသင္ျပ႒ာန္းစာေရာ၊ သတ္မွတ္ထားတဲ့ ဘာသာရပ္ဆိုင္ရာျပ႒ာန္းခ်က္ေတြေရာ ေလ့လာၾကရတယ္။ အထက္တန္းနဲ႔ အဆင့္ျမင့္တန္းေတြၿပီးရင္ တကၠသိုလ္ကို မာစတာဘြဲ႕အတြက္ျဖစ္ေစ၊ PhD ဘြဲ႕အတြက္ ျဖစ္ေစတက္ဖို႔သြားၾကသလို၊ အသက္ ေမြးမႈေက်ာင္းေတြကလည္း ပိုလီတက္ကနစ္ေကာလိပ္ေတြကို သြားတက္ၾကတာမ်ားတယ္။ အနည္းဆုံးေတာ့ ဘက္ခ်လာဘြဲ႕တစ္ခုခု သို႔မဟုတ္ မာစတာဘြဲ႕ေတြအတြက္ သြားတက္ၾကတယ္။

ဖင္လန္ႏိုင္ငံမွာ အသက္ ၂၅ ႏွစ္ေလာက္ေရာက္မွ ဘြဲ႕ရၾကတာမ်ားတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာက ဘဝ တစ္သက္တာပညာေရးေတြဆိုၿပီး ေျပာေနေပမယ့္ ဖင္လန္ႏိုင္ငံသားေတြကေတာ့ ပညာသင္ၾကားေရးဟာ ႏိုင္ငံသူႏိုင္ငံသားေတြရဲ႕ အခြင့္အေရးတစ္ခုအေနနဲ႔သတ္မွတ္ထားတာေၾကာင့္ အ႐ြယ္ေရာက္လာရင္ ပညာတတ္ေတြ ျဖစ္သြားၾကတယ္။ လုပ္ငန္းခြင္အတြက္ အသင့္အေနအထားမွာ ရပ္တည္ႏိုင္သူေတြခ်ည္းျဖစ္ၿပီး ပညာတတ္ ေပါမ်ားတဲ့ႏိုင္ငံျဖစ္ေနတယ္။ သူတို႔ ရထားတဲ့ဘြဲ႕ေတြဟာ သူတို႔ဘဝအတြက္၊ သူတို႔ အသက္ေမြးမႈလုပ္ငန္းေတြအတြက္ အသင့္ျဖစ္ေနၾကတယ္။
ဖင္လန္ႏိုင္ငံကဆရာေတြဟာ စက္မႈဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံႀကီးေတြကမ်ားတယ္။ ပညာေပးမယ့္ ဆရာေတြဟာ ပညာေရးမွာ ေလးစားစရာေကာင္းေလာက္ေအာင္ ဘြဲထူး ဂုဏ္ထူးေတြနဲ႔ျပည့္စုံၾကတယ္။ ဆရာေတြဟာ ဆရာအတတ္ပညာနဲ႔ပတ္သက္ၿပီးေတာ့လည္း သင္တန္းေတြတက္ေရာက္ခဲ့သူေတြျဖစ္ရတယ္။ ေက်ာင္းဂုဏ္နဲ႔လိုက္ ေအာင္ ဆရာေတြကလည္း ကိုယ့္ဂုဏ္သိကၡာကို အရည္အခ်င္းအစြမ္းျပၿပီး လိုက္ၿပိဳင္ျပရတယ္။ ဖင္လန္ႏိုင္ငံမွာ ႏိုင္ငံေတာ္ကေန ဂုဏ္ျပဳသတ္မွတ္ခံရတဲ့ဆရာေတြျဖစ္ေအာင္ ႀကိဳးစားျပၾကရတယ္။
ဖင္လန္ႏိုင္ငံပညာေရးစနစ္မွာ ဘြဲ႕ရၿပီး မာစတာ ဆက္တက္ခြင့္ရတဲ့ေက်ာင္းသားေတြဟာ ေစတနာ႔ဝန္ထမ္းျပန္ၿပီးဆရာလုပ္ခြင့္ရတယ္။ သူတို႔ဘာသာရပ္နယ္ပယ္မွာ သင္ၾကားရင္းေလ့လာ ျပန္ၿပီးပညာရွာၾကရတယ္။ မာစတာတန္းဆက္တက္ဖို႔ မမီတဲ့သူေတြကေတာ့ အထက္တန္း၊ မူႀကိဳတန္းေတြမွာ ျပန္ၿပီး ဆရာလုပ္ႏိုင္တယ္။
ဖင္လန္ႏိုင္ငံက မိဘေတြဟာ ပညာေရးသည္သာ သူတို႔သားသမီးေတြအတြက္ အေရးအပါဆုံးလို႔ လက္ခံထားၾကတယ္။ ဒါေၾကာင့္လည္း ဆရာေတြကို အေလးထားၾကတယ္။ မိဘနဲ႔ ဆရာေတြရဲ႕စိတ္ထဲမွာ ကိုယ့္သားသမီးက ေက်ာင္းမွာညံ့လာရင္ သူတို႔မွာပဲ တာဝန္ရွိတယ္လို႔ လက္ခံထားၾကတယ္။ ဒါေၾကာင့္ ညံ့တဲ့ကေလးအတြက္ အျပစ္ကို ခံယူစရာရွိရင္ မိဘနဲ႔ ဆရာေတြကသာ ခံယူၾကမယ္လို႔ သေဘာတူထားၾကတယ္။ ဒါေၾကာင့္ ဆရာေတြက ေက်ာင္းမွာ ကိုယ့္ကိုအပ္ႏွံထားတဲ့ ေက်ာင္းသားေတြကို ေကာင္းေကာင္းသင္၊ လမ္းမွန္ၫႊန္ျပ ဂ႐ုစိုက္ၾကရတယ္။

မိဘေတြကိုယ္တိုင္ကလည္း ကိုယ့္သားသမီးက သခ်ၤာရမွတ္ေကာင္းေကာင္းနဲ႔ အိမ္ျပန္လာမွ ဆရာေတြကို အသိအမွတ္ျပဳၾကတယ္။ သူတို႔ႏိုင္ငံမွာက သူတို႔ သားသမီးေတြရဲ႕အနာဂတ္ကို ဆရာေတြအေပၚ လုံးဝပုံအပ္ထားၾကသလို၊ ဆရာေတြကလည္း ယုံမွတ္ၿပီး ပုံအပ္ခ်င္စရာ စိတ္ဓာတ္၊ ပညာအေျခခံေတြ ေကာင္းၾကတယ္။ မိဘေတြအေနနဲ႔ သူတို႔သားသမီးေတြရဲ႕ ပညာေရးလိုအပ္ခ်က္ေတြကို ဆရာေတြကသာ ျဖည့္ဆည္ေပးႏိုင္လိမ့္မယ္လို႔ လည္း မွတ္ယူထားၾကတယ္။
ဖင္လန္ႏိုင္ငံမွာ ေက်ာင္းသားေတြကိုယ္တိုင္က ဆရာေတြအေပၚ အလြန္ေလးစား႐ိုေသၾကတယ္။ ဒါေပမယ့္ ဆရာေတြကိုေတာ့ နာမည္ကိုပဲေခၚၿပီး ဆက္ဆံၾကတယ္။ ဆရာနဲ႔ေက်ာင္းသား ေန႔လည္စာ အတူစားၾကတယ္။ ကေလးေတြအတြက္ ေန႔လည္စာကို ေက်ာင္းေတြက အခမဲ့ေကၽြးၾကတယ္။
သူတို႔ႏိုင္ငံမွာ ၅ တန္း မေရာက္မခ်င္း ကေလးေတြကို အဆင့္ေပးၿပီး သတ္မွတ္တာမရွိဘူး။ ၄ တန္း အထိ ကေလးေတြရဲ႕ ပညာရည္တိုးတက္မႈကို ဆရာေတြကပဲ ပိုင္းျဖတ္သြားရတယ္။ ေက်ာင္းစာသင္ႏွစ္ ေနာက္ဆုံးမွာ စာေမးပြဲတစ္ခုစစ္ေပမယ့္ အဲဒီ စာေမးပြဲကရလဒ္ကို ေက်ာင္းသားေတြလည္းမသိရဘူး၊ မိဘေတြလည္း မသိရဘူး။ ဒီစနစ္က ကေလးေတြကို ကိုယ့္ကိုယ္ကိုယုံၾကည္မႈပိုၿပီးရွိလာေစဖို႔နဲ႔ အထင္ႀကီးလာေစႏိုင္တယ္လို႔ ယူဆထားၾကတယ္။
တကယ္လို႔ ေက်ာင္းသားတစ္ေယာက္ဟာ ပညာေရးမွာထူးခၽြန္လာရင္ ပညာသင္ဆုေတြေပးတယ္။ ဆရာေတြက သားသမီးအေပၚ ဘယ္လိုပဲပိုင္းျဖတ္သည္ျဖစ္ေစ အရည္အခ်င္းျပည့္ဝသူေတြလို႔ လက္ခံထားၾကတဲ့အတြက္ သူတို႔မွာ မိဘေတြနဲ႔ ျပႆနာျဖစ္စရာလည္း မလိုၾကဘူး။
ဆရာေတြက တစ္ပတ္တစ္ခါ စုေဝးၿပီး ေက်ာင္းသားေတြအေရး ေဆြးေႏြးေလ့ရွိၾကတယ္။ ကေလးေတြရဲ႕ အား နည္းခ်က္၊ အားသာခ်က္ေတြကို ဒီ အစည္းအေဝးမွာ ေျပာၾကတယ္။ အထူးသျဖင့္ ပုဂၢလိကေက်ာင္းေတြမွာ ဒီစနစ္ ကို အစိုးရေက်ာင္း ေတြထက္ပိုၿပီး ဂ႐ုစိုက္လုပ္ေလ့ရွိၾကတယ္။

ဖင္လန္ႏိုင္ငံရဲ႕ ပညာေရးမူဝါဒမွာ ႏိုင္ငံေတာ္က တာဝန္ယူေပးရတဲ့ စာေမးပြဲစနစ္ရွိတယ္။ ကိုယ့္က်င့္ တရားနဲ႔ ျပည္သူ႕နီတိကို သင္႐ိုးၫႊန္းတမ္းထဲမွာ ထည့္ေပးထားတယ္။ ဆရာက ကိုယ့္အတန္းကို ဘယ္လိုပုံစံနဲ႔ ဒီႏွစ္မွာ သြားမယ္ဆိုတာ ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ရွိတယ္။ ဘယ္လို သင္ေထာက္ကူပစၥည္းေတြထားမယ္၊ ဘယ္လိုစာအုပ္ေတြ ထားမယ္ဆိုတာ ကိုယ္ပိုင္ဆုံးျဖတ္ႏိုင္တယ္။ ဖင္လန္မွာ ဖင္းနစ္ရွ္ စကားနဲ႔ ဆြီးဒစ္ရွ္စကားေတြကို ႐ုံးသုံးအျဖစ္ သတ္မွတ္တယ္။ ပုံမွန္ကေတာ့ ဖင္းနစ္ရွ္စကားပဲ ေျပာေလ့ရွိေပမယ့္ အဂၤလိပ္၊ ဂ်ာမန္၊ ျပင္သစ္၊ ႐ုရွား စကားေတြလည္း ေျပာၾကတယ္။
သူတို႔ေက်ာင္းေတြမွာ လွပေအာင္ျပင္ဆင္မြမ္းမံထားၾကတယ္။ ေအးတဲ့ႏိုင္ငံျဖစ္လို႔ ထမင္းစားခန္းနဲ႔ ဧည့္ခန္းေတြမွာ မီးဖိုႀကီးေတြ ထားေပးထားတယ္။ ေက်ာင္းဆိုတာ ကေလးေတြအတြက္ ေနခ်င္စရာ ေပ်ာ္႐ႊင္တဲ့ ကမၻာေလးတစ္ခုျဖစ္ေအာင္ ဖန္တီးေပးထားတယ္။ ေက်ာင္းပတ္ဝန္းက်င္မွာ ႐ိုင္းျပတဲ့ အျပဳအမူ အေျပာအဆိုက်င့္ႀကံေနထိုင္မႈေတြလည္း မရွိၾကဘူး။ ေက်ာင္းမွာျပႆနာတစ္ခုခုျဖစ္တာ မိဘေတြကိုပါ ဂယက္႐ိုက္သြားႏိုင္တာေၾကာင့္ အရမ္းကို ဂ႐ုစိုက္ေလ့ရွိတယ္။
အိမ္စာဆိုတာ မဆိုစေလာက္ေတြပဲ လုပ္ၾကရတယ္။ ေက်ာင္းလာတယ္ဆိုတာ ေပ်ာ္ေပ်ာ္ပါးပါး၊ ရင္းရင္းႏွီးႏွီးနဲ႔ ပညာလာရွာၾကတာလို႔ သေဘာထားၾကတယ္။ ေက်ာင္းမွ သင္ၾကားခ်ိန္ကလည္း နည္းတယ္။ အေမရိကန္လိုႏိုင္ငံေတြထက္ ဆရာေတြ က ၄ဝ ရာခိုင္ႏႈန္းေလာက္ အလုပ္သက္သာတယ္လို႔ ေတာင္ေျပာၾကတယ္။
ေက်ာင္းအုပ္ႀကီးဆိုတာကိုလည္း ပညာအေျခခံ ေကာင္းသူေတြကိုပဲ ခန္႔ေလ့ရွိတယ္။ ေက်ာင္းအုပ္ဆိုတာထက္ general manager လို႔သေဘာထားၾကတယ္။ တစ္ေက်ာင္းလုံး က်န္းမာေရး၊ ပညာေရး၊ စားေသာက္ေရး၊ သင္ၾကားေရးအားလုံးကို လိုက္ၿပီးတာဝန္ယူ ေဆာင္႐ြက္ရတယ္။ ကေလးတစ္ေယာက္ညံ့ရင္ ဆရာအားလုံးတာဝန္ယူရတယ္။ သူတို႔တစ္ပတ္တစ္ ႀကိမ္ျပဳလုပ္တဲ့ အစည္းအေဝးမွာ အဲဒီကေလးနဲ႔ပတ္သက္ၿပီး တင္ျပေဆြးေႏြးၾကတယ္။ ပိုၿပီးေတာ္တဲ့ ေကာင္းတဲ့ အတန္းကိုျဖစ္ေစ၊ ေက်ာင္းကိုျဖစ္ေစ ေျပာင္းေပးၾကတယ္။ အဲဒီမွာသင္တဲ့ဆရာေတြက လည္း တကယ့္အေတာ္ဆုံးဆရာေတြျဖစ္ေနတတ္တယ္။ ေက်ာင္းသား၊ ဆရာ၊ ေက်ာင္းအုပ္ႀကီးေတြရဲ႕ ဆက္ဆံေရးဟာ ဘာမွအဟန္႔အတား အဆီးအတားေတြမရွိဘူး။ ပြင့္လင္းစြာဆက္ဆံေျပာဆိုၾကတယ္။
ဖင္လန္မွာ ဆရာေတြလစာေကာင္းတယ္။ အေျခခံပညာေက်ာင္းေတြမွာ ဆရာတစ္ေယာက္ရဲ႕ တစ္နာရီဝင္ေငြဟာ ေဒၚလာ ၄၅ နဲ႔ ၅ဝ မွာရွိတယ္။ အထက္တန္းျပဆရာေတြဆိုရင္ တစ္နာရီကို ေဒၚလာ ၇၅ ကေန ၈ဝ အထိရၾကတယ္။ စာသင္ခန္း တစ္ခန္းကို ေက်ာင္းသား ၁၈ ေယာက္ကေန ၂ဝ အထိပဲ သင္ၾကားေပးရတယ္။
သူတို႔ႏိုင္ငံက လူေနမႈအဆင့္အတန္းျမင့္မားတာေၾကာင့္ ပညာသင္စရိတ္ဟာ သူတို႔အတြက္ အလြန္သက္သာတယ္လို႔ေျပာႏိုင္တယ္။ ပုဂၢလိကေက်ာင္းေတြဟာ ေဒသဆိုင္ရာအာဏာပိုင္ေတြရဲ႕ ထိန္းခ်ဳပ္မႈကေန လြတ္ကင္းၾကတယ္။ ေက်ာင္းေတြကို အေကာင္းဆုံးမြမ္းမံျပင္ဆင္ ထူေထာင္ထားၾကၿပီး သင္ၾကားတဲ့ သင္႐ိုးၫႊန္းတမ္းေတြ၊ ဘ႑ာေရးဆိုင္ရာကိစၥေတြမွာလည္း ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ လုပ္ပိုင္ခြင့္အျပည့္ေပးထားတယ္။
ဖင္လန္ႏိုင္ငံ ပညာေရးဝန္ႀကီး ဟန္နာ ဗတ္ကူနန္ကေတာ့ သူတို႔ႏိုင္ငံက လူေတာ္ေတြထြက္တာကို ဘယ္လိုဂုဏ္ယူၿပီး ေျပာသြားသလဲဆိုရင္
''ကၽြန္မတို႔ဖင္လန္ႏိုင္ငံပညာေရးစနစ္က တကယ္ေတာ္တဲ့သူေတြကို တကယ္ခ်ီးေျမႇာက္တယ္။ ခုဆိုရင္ ဘာသာရပ္အလိုက္ ထူးခၽြန္သူေတြကို ဘယ္လို အေထာက္အကူေပးရမလဲဆိုတဲ့ ေရွ႕ေျပး စီမံခ်က္ေတြကို စတင္ အေကာင္အထည္ေဖာ္ေနၿပီ'' လို႔ ေျပာဝံ့တဲ့အေနအထားကို ေရာက္ေနၿပီ။
တင္ညြန္႔

Ref : How Does Finland's Education Become The Best In The World?, by Vic Spencer
Source : ေမာကၡပညာေရးမဂၢဇင္း
Unicode

ဖင်လန်မှာ ဥရောပတိုက် မြောက်ပိုင်း၊ ဘောလ်တစ်ပင်လယ်အနီးရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဖင်းနစ်ရှ်နှင့် ဆွီးဒစ်ရှ် ဘာသာစကားများ ပြောဆိုကြသည်။ ငွေကြေးအားဖြင့် ယူရိုငွေကို သုံးစွဲကြသည်။
မြို့တော်မှာ ဟယ်လ်ဆင်ကီ ဖြစ်သည်။ လူဦးရေ ၅ သန်းကျော်ရှိသည်။ တရားဝင်သုံးစွဲသည့် နိုင်ငံအမည်မှာ ဖင်လန်သမ္မတ နိုင်ငံဖြစ်သည်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃ဝ၅ ဒသမ ၅၉ မိုင် ကျယ်ဝန်းသည့် နိုင်ငံဖြစ်သည်။
ဖင်လန်နိုင်ငံဟာ ပညာရေးမှာ ထိပ်ဆုံးအဆင့် သတ်မှတ်ခြင်းခံရပြီး၊ သချၤာမှာတော့ တောင်ကိုရီးယားကို နည်း နည်းလေးကပ်ရှုံးပြီး ဒုတိယသချၤာ အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတကာ ပညာရေးဆိုင်ရာ ကိုယ်စားလှယ် ၁ဝဝ ကျော်လာပြီး ဖင်လန်နိုင်ငံရဲ့ ပညာရေးစနစ်ကို လေ့လာကြရသည်အထိ နာမည်ကျော်ခဲ့တယ်။ ယခု ဒီဆောင်းပါးကလည်း အဲဒီလေ့လာသူတွေထဲက အမေရိကန်နိုင်ငံ ကျောင်းဆရာတစ် ယောက်ရဲ့ သူမြင်တဲ့ ဖင်လန်နိုင်ငံ ပညာရေးစနစ်ကို တင်ပြသွားတာဖြစ်ပါတယ်။
ဖင်လန်နိုင်ငံပညာရေးကောင်းခဲ့တာလည်း မပြောနဲ့လေ၊ ကမ္ဘာ့ပညာရေးအတွက် ငွေကြေးအများ ဆုံးသုံးတဲ့နိုင်ငံလေးနိုင်ငံထဲမှာ စာရင်းဝင်တယ်။ ၂ဝ၁ဝ ခုနှစ်မှာဆိုရင် ဒေသဆိုင်ရာ မူလတန်းနဲ့ အထက်တန်းကျောင်းတွေ အတွက် ပညာရေးအသုံးစရိတ်အဖြစ် သတ်မှတ်တဲ့ငွေကြေးပမာဏက ဒေါ်လာ သန်း ၃၇ဝ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတော်ကရတဲ့ အခွန်ငွေတွေအပေါ်ကနေ ပညာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလို့လည်း ဆိုနိုင်တယ်။
OECD နိုင်ငံတွေမှာ PISA ဆိုတဲ့ စာမေးပွဲကို စံတစ်ခုအနေနဲ့ သတ်မှတ်ပြီး ကျင်းပပေးတယ်။ နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းကျောင်းအဆင့် စာမေးပွဲလည်းဖြစ်ပါတယ်။ အမေရိကန်ပညာရေး ဌာနကနေစစ်ဆေးပေးတယ်။ ဒီစစ်ဆေးမှုမှာ ဖင်လန်နိုင်ငံက ထိပ်တန်းစာရင်းဝင်နိုင်ငံဖြစ်ခဲ့ပါတယ်။
ဖင်လန်နိုင်ငံမှာ မူကြိုအဆင့်တန်းကို အသက် ၆ နှစ်မှစတက်ရတယ်။ မူကြိုမှာ စာမသင်ဘူး။ ပျော်ပျော်ရွှင်ရွှင်ဖြစ် အောင်ထားတယ်။ ပညာသင်ကြားနိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးတယ်။ မူကြိုပြီးတဲ့နှစ်ကနေ နောက် ၉ နှစ်တိတိ အခြေခံပညာကို သင်ကြားကြရတယ်။ ၉ တန်း ၁ဝ တန်းအဆင့်အောင်ပြီးရင် အဆင့်မြင့်တန်း (upper secondary school) ကိုဆက်တက်ချင်ရင်တက်၊ ဒါမှမဟုတ် အသက်မွေးမှုကျောင်းတွေကို ၃ နှစ်သွားတက်လို့ရတယ်။
အသက်မွေးမှုကျောင်းတွေကလည်း ပေါ့ပျက်ပျက်တော့မအောင်ဘူး။ လုပ်ငန်းခွင်အထိရည်ရွယ်ထားတာတွေဖြစ်လို့ ကျောင်းသင်ပြဋ္ဌာန်းစာရော၊ သတ်မှတ်ထားတဲ့ ဘာသာရပ်ဆိုင်ရာပြဋ္ဌာန်းချက်တွေရော လေ့လာကြရတယ်။ အထက်တန်းနဲ့ အဆင့်မြင့်တန်းတွေပြီးရင် တက္ကသိုလ်ကို မာစတာဘွဲ့အတွက်ဖြစ်စေ၊ PhD ဘွဲ့အတွက် ဖြစ်စေတက်ဖို့သွားကြသလို၊ အသက် မွေးမှုကျောင်းတွေကလည်း ပိုလီတက်ကနစ်ကောလိပ်တွေကို သွားတက်ကြတာများတယ်။ အနည်းဆုံးတော့ ဘက်ချလာဘွဲ့တစ်ခုခု သို့မဟုတ် မာစတာဘွဲ့တွေအတွက် သွားတက်ကြတယ်။

ဖင်လန်နိုင်ငံမှာ အသက် ၂၅ နှစ်လောက်ရောက်မှ ဘွဲ့ရကြတာများတယ်။ တချို့နိုင်ငံတွေမှာက ဘဝ တစ်သက်တာပညာရေးတွေဆိုပြီး ပြောနေပေမယ့် ဖင်လန်နိုင်ငံသားတွေကတော့ ပညာသင်ကြားရေးဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ အခွင့်အရေးတစ်ခုအနေနဲ့သတ်မှတ်ထားတာကြောင့် အရွယ်ရောက်လာရင် ပညာတတ်တွေ ဖြစ်သွားကြတယ်။ လုပ်ငန်းခွင်အတွက် အသင့်အနေအထားမှာ ရပ်တည်နိုင်သူတွေချည်းဖြစ်ပြီး ပညာတတ် ပေါများတဲ့နိုင်ငံဖြစ်နေတယ်။ သူတို့ ရထားတဲ့ဘွဲ့တွေဟာ သူတို့ဘဝအတွက်၊ သူတို့ အသက်မွေးမှုလုပ်ငန်းတွေအတွက် အသင့်ဖြစ်နေကြတယ်။
ဖင်လန်နိုင်ငံကဆရာတွေဟာ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေကများတယ်။ ပညာပေးမယ့် ဆရာတွေဟာ ပညာရေးမှာ လေးစားစရာကောင်းလောက်အောင် ဘွဲထူး ဂုဏ်ထူးတွေနဲ့ပြည့်စုံကြတယ်။ ဆရာတွေဟာ ဆရာအတတ်ပညာနဲ့ပတ်သက်ပြီးတော့လည်း သင်တန်းတွေတက်ရောက်ခဲ့သူတွေဖြစ်ရတယ်။ ကျောင်းဂုဏ်နဲ့လိုက် အောင် ဆရာတွေကလည်း ကိုယ့်ဂုဏ်သိက္ခာကို အရည်အချင်းအစွမ်းပြပြီး လိုက်ပြိုင်ပြရတယ်။ ဖင်လန်နိုင်ငံမှာ နိုင်ငံတော်ကနေ ဂုဏ်ပြုသတ်မှတ်ခံရတဲ့ဆရာတွေဖြစ်အောင် ကြိုးစားပြကြရတယ်။
ဖင်လန်နိုင်ငံပညာရေးစနစ်မှာ ဘွဲ့ရပြီး မာစတာ ဆက်တက်ခွင့်ရတဲ့ကျောင်းသားတွေဟာ စေတနာ့ဝန်ထမ်းပြန်ပြီးဆရာလုပ်ခွင့်ရတယ်။ သူတို့ဘာသာရပ်နယ်ပယ်မှာ သင်ကြားရင်းလေ့လာ ပြန်ပြီးပညာရှာကြရတယ်။ မာစတာတန်းဆက်တက်ဖို့ မမီတဲ့သူတွေကတော့ အထက်တန်း၊ မူကြိုတန်းတွေမှာ ပြန်ပြီး ဆရာလုပ်နိုင်တယ်။
ဖင်လန်နိုင်ငံက မိဘတွေဟာ ပညာရေးသည်သာ သူတို့သားသမီးတွေအတွက် အရေးအပါဆုံးလို့ လက်ခံထားကြတယ်။ ဒါကြောင့်လည်း ဆရာတွေကို အလေးထားကြတယ်။ မိဘနဲ့ ဆရာတွေရဲ့စိတ်ထဲမှာ ကိုယ့်သားသမီးက ကျောင်းမှာညံ့လာရင် သူတို့မှာပဲ တာဝန်ရှိတယ်လို့ လက်ခံထားကြတယ်။ ဒါကြောင့် ညံ့တဲ့ကလေးအတွက် အပြစ်ကို ခံယူစရာရှိရင် မိဘနဲ့ ဆရာတွေကသာ ခံယူကြမယ်လို့ သဘောတူထားကြတယ်။ ဒါကြောင့် ဆရာတွေက ကျောင်းမှာ ကိုယ့်ကိုအပ်နှံထားတဲ့ ကျောင်းသားတွေကို ကောင်းကောင်းသင်၊ လမ်းမှန်ညွှန်ပြ ဂရုစိုက်ကြရတယ်။

မိဘတွေကိုယ်တိုင်ကလည်း ကိုယ့်သားသမီးက သချၤာရမှတ်ကောင်းကောင်းနဲ့ အိမ်ပြန်လာမှ ဆရာတွေကို အသိအမှတ်ပြုကြတယ်။ သူတို့နိုင်ငံမှာက သူတို့ သားသမီးတွေရဲ့အနာဂတ်ကို ဆရာတွေအပေါ် လုံးဝပုံအပ်ထားကြသလို၊ ဆရာတွေကလည်း ယုံမှတ်ပြီး ပုံအပ်ချင်စရာ စိတ်ဓာတ်၊ ပညာအခြေခံတွေ ကောင်းကြတယ်။ မိဘတွေအနေနဲ့ သူတို့သားသမီးတွေရဲ့ ပညာရေးလိုအပ်ချက်တွေကို ဆရာတွေကသာ ဖြည့်ဆည်ပေးနိုင်လိမ့်မယ်လို့ လည်း မှတ်ယူထားကြတယ်။
ဖင်လန်နိုင်ငံမှာ ကျောင်းသားတွေကိုယ်တိုင်က ဆရာတွေအပေါ် အလွန်လေးစားရိုသေကြတယ်။ ဒါပေမယ့် ဆရာတွေကိုတော့ နာမည်ကိုပဲခေါ်ပြီး ဆက်ဆံကြတယ်။ ဆရာနဲ့ကျောင်းသား နေ့လည်စာ အတူစားကြတယ်။ ကလေးတွေအတွက် နေ့လည်စာကို ကျောင်းတွေက အခမဲ့ကျေွးကြတယ်။
သူတို့နိုင်ငံမှာ ၅ တန်း မရောက်မချင်း ကလေးတွေကို အဆင့်ပေးပြီး သတ်မှတ်တာမရှိဘူး။ ၄ တန်း အထိ ကလေးတွေရဲ့ ပညာရည်တိုးတက်မှုကို ဆရာတွေကပဲ ပိုင်းဖြတ်သွားရတယ်။ ကျောင်းစာသင်နှစ် နောက်ဆုံးမှာ စာမေးပွဲတစ်ခုစစ်ပေမယ့် အဲဒီ စာမေးပွဲကရလဒ်ကို ကျောင်းသားတွေလည်းမသိရဘူး၊ မိဘတွေလည်း မသိရဘူး။ ဒီစနစ်က ကလေးတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုပြီးရှိလာစေဖို့နဲ့ အထင်ကြီးလာစေနိုင်တယ်လို့ ယူဆထားကြတယ်။
တကယ်လို့ ကျောင်းသားတစ်ယောက်ဟာ ပညာရေးမှာထူးချွန်လာရင် ပညာသင်ဆုတွေပေးတယ်။ ဆရာတွေက သားသမီးအပေါ် ဘယ်လိုပဲပိုင်းဖြတ်သည်ဖြစ်စေ အရည်အချင်းပြည့်ဝသူတွေလို့ လက်ခံထားကြတဲ့အတွက် သူတို့မှာ မိဘတွေနဲ့ ပြဿနာဖြစ်စရာလည်း မလိုကြဘူး။
ဆရာတွေက တစ်ပတ်တစ်ခါ စုဝေးပြီး ကျောင်းသားတွေအရေး ဆွေးနွေးလေ့ရှိကြတယ်။ ကလေးတွေရဲ့ အား နည်းချက်၊ အားသာချက်တွေကို ဒီ အစည်းအဝေးမှာ ပြောကြတယ်။ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေမှာ ဒီစနစ် ကို အစိုးရကျောင်း တွေထက်ပိုပြီး ဂရုစိုက်လုပ်လေ့ရှိကြတယ်။

ဖင်လန်နိုင်ငံရဲ့ ပညာရေးမူဝါဒမှာ နိုင်ငံတော်က တာဝန်ယူပေးရတဲ့ စာမေးပွဲစနစ်ရှိတယ်။ ကိုယ့်ကျင့် တရားနဲ့ ပြည်သူ့နီတိကို သင်ရိုးညွှန်းတမ်းထဲမှာ ထည့်ပေးထားတယ်။ ဆရာက ကိုယ့်အတန်းကို ဘယ်လိုပုံစံနဲ့ ဒီနှစ်မှာ သွားမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။ ဘယ်လို သင်ထောက်ကူပစ္စည်းတွေထားမယ်၊ ဘယ်လိုစာအုပ်တွေ ထားမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်။ ဖင်လန်မှာ ဖင်းနစ်ရှ် စကားနဲ့ ဆွီးဒစ်ရှ်စကားတွေကို ရုံးသုံးအဖြစ် သတ်မှတ်တယ်။ ပုံမှန်ကတော့ ဖင်းနစ်ရှ်စကားပဲ ပြောလေ့ရှိပေမယ့် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ရုရှား စကားတွေလည်း ပြောကြတယ်။
သူတို့ကျောင်းတွေမှာ လှပအောင်ပြင်ဆင်မွမ်းမံထားကြတယ်။ အေးတဲ့နိုင်ငံဖြစ်လို့ ထမင်းစားခန်းနဲ့ ဧည့်ခန်းတွေမှာ မီးဖိုကြီးတွေ ထားပေးထားတယ်။ ကျောင်းဆိုတာ ကလေးတွေအတွက် နေချင်စရာ ပျော်ရွှင်တဲ့ ကမ္ဘာလေးတစ်ခုဖြစ်အောင် ဖန်တီးပေးထားတယ်။ ကျောင်းပတ်ဝန်းကျင်မှာ ရိုင်းပြတဲ့ အပြုအမူ အပြောအဆိုကျင့်ကြံနေထိုင်မှုတွေလည်း မရှိကြဘူး။ ကျောင်းမှာပြဿနာတစ်ခုခုဖြစ်တာ မိဘတွေကိုပါ ဂယက်ရိုက်သွားနိုင်တာကြောင့် အရမ်းကို ဂရုစိုက်လေ့ရှိတယ်။
အိမ်စာဆိုတာ မဆိုစလောက်တွေပဲ လုပ်ကြရတယ်။ ကျောင်းလာတယ်ဆိုတာ ပျော်ပျော်ပါးပါး၊ ရင်းရင်းနှီးနှီးနဲ့ ပညာလာရှာကြတာလို့ သဘောထားကြတယ်။ ကျောင်းမှ သင်ကြားချိန်ကလည်း နည်းတယ်။ အမေရိကန်လိုနိုင်ငံတွေထက် ဆရာတွေ က ၄ဝ ရာခိုင်နှုန်းလောက် အလုပ်သက်သာတယ်လို့ တောင်ပြောကြတယ်။
ကျောင်းအုပ်ကြီးဆိုတာကိုလည်း ပညာအခြေခံ ကောင်းသူတွေကိုပဲ ခန့်လေ့ရှိတယ်။ ကျောင်းအုပ်ဆိုတာထက် general manager လို့သဘောထားကြတယ်။ တစ်ကျောင်းလုံး ကျန်းမာရေး၊ ပညာရေး၊ စားသောက်ရေး၊ သင်ကြားရေးအားလုံးကို လိုက်ပြီးတာဝန်ယူ ဆောင်ရွက်ရတယ်။ ကလေးတစ်ယောက်ညံ့ရင် ဆရာအားလုံးတာဝန်ယူရတယ်။ သူတို့တစ်ပတ်တစ် ကြိမ်ပြုလုပ်တဲ့ အစည်းအဝေးမှာ အဲဒီကလေးနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးကြတယ်။ ပိုပြီးတော်တဲ့ ကောင်းတဲ့ အတန်းကိုဖြစ်စေ၊ ကျောင်းကိုဖြစ်စေ ပြောင်းပေးကြတယ်။ အဲဒီမှာသင်တဲ့ဆရာတွေက လည်း တကယ့်အတော်ဆုံးဆရာတွေဖြစ်နေတတ်တယ်။ ကျောင်းသား၊ ဆရာ၊ ကျောင်းအုပ်ကြီးတွေရဲ့ ဆက်ဆံရေးဟာ ဘာမှအဟန့်အတား အဆီးအတားတွေမရှိဘူး။ ပွင့်လင်းစွာဆက်ဆံပြောဆိုကြတယ်။
ဖင်လန်မှာ ဆရာတွေလစာကောင်းတယ်။ အခြေခံပညာကျောင်းတွေမှာ ဆရာတစ်ယောက်ရဲ့ တစ်နာရီဝင်ငွေဟာ ဒေါ်လာ ၄၅ နဲ့ ၅ဝ မှာရှိတယ်။ အထက်တန်းပြဆရာတွေဆိုရင် တစ်နာရီကို ဒေါ်လာ ၇၅ ကနေ ၈ဝ အထိရကြတယ်။ စာသင်ခန်း တစ်ခန်းကို ကျောင်းသား ၁၈ ယောက်ကနေ ၂ဝ အထိပဲ သင်ကြားပေးရတယ်။
သူတို့နိုင်ငံက လူနေမှုအဆင့်အတန်းမြင့်မားတာကြောင့် ပညာသင်စရိတ်ဟာ သူတို့အတွက် အလွန်သက်သာတယ်လို့ပြောနိုင်တယ်။ ပုဂ္ဂလိကကျောင်းတွေဟာ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုကနေ လွတ်ကင်းကြတယ်။ ကျောင်းတွေကို အကောင်းဆုံးမွမ်းမံပြင်ဆင် ထူထောင်ထားကြပြီး သင်ကြားတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေမှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်အပြည့်ပေးထားတယ်။
ဖင်လန်နိုင်ငံ ပညာရေးဝန်ကြီး ဟန်နာ ဗတ်ကူနန်ကတော့ သူတို့နိုင်ငံက လူတော်တွေထွက်တာကို ဘယ်လိုဂုဏ်ယူပြီး ပြောသွားသလဲဆိုရင်
''ကျွန်မတို့ဖင်လန်နိုင်ငံပညာရေးစနစ်က တကယ်တော်တဲ့သူတွေကို တကယ်ချီးမြှောက်တယ်။ ခုဆိုရင် ဘာသာရပ်အလိုက် ထူးချွန်သူတွေကို ဘယ်လို အထောက်အကူပေးရမလဲဆိုတဲ့ ရှေ့ပြေး စီမံချက်တွေကို စတင် အကောင်အထည်ဖော်နေပြီ'' လို့ ပြောဝံ့တဲ့အနေအထားကို ရောက်နေပြီ။
တင်ညွန့်

Ref : How Does Finland's Education Become The Best In The World?, by Vic Spencer
Source : မောက္ခပညာရေးမဂ္ဂဇင်း