Friday, January 1, 2016

ရင္ကိုလာမွန္တဲ႕ Student Score Report

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အရင္ႏွစ္ေတြတုန္းက STAR Student Report ဆိုတဲ႕နာမည္နဲ႕စာေတြလာဖူးတယ္။ အိမ္ကိုေရာက္လာတဲ႕စာရြက္မွတ္တမ္းအရ ( ၆ ) တန္းႏွစ္မွာတစ္ခါ၊ ( ၈ ) တန္းက်ေတာ႕ေနာက္တစ္ခါ၊ အခု “ စြမ္း ” ( ၁၁ ) တန္းေရာက္ေတာ႕ ( ၁ဝ ) တန္းအတြက္ သတင္းပို႕တဲ႕ ရီပို႕ကဒ္ေရာက္လာပါတယ္။ STAR ဆိုတာ ၾကယ္ကိုေျပာတာမဟုတ္ပဲ California’s Standardized Testing and Reporting (STAR) Program ကို အတိုေကာက္ေခၚဆုိတာပါ။ ျမန္မာေက်ာင္းေလာကနဲ႕အနီးစပ္ဆံုးေျပာရရင္ လူရည္ခြ်န္စာေမးပြဲနဲ႕ဆင္တူပါတယ္။
.
.
အေမရိကားမွာေျဖရတဲ႕ STAR စာေမးပြဲက လူရည္ခြ်န္ျပိဳင္ပြဲေတြလို ကိုယ္လက္လႈပ္ရွားမႈမပါပါဘူး။ သူတုိ႕က ကေလးေတြရဲ႕ဦးေႏွာက္ နဲ႕ စဥ္းစားဥာဏ္ကိုစစ္တယ္။ ဒီကေလး ဘယ္ေလာက္မွတ္မိသလဲဆိုတာ အေလးမထားေပမယ္႕ ဘယ္ေလာက္အထိခ်င္႕ခ်ိန္ေတြးေတာတတ္တယ္၊ ကိုယ္႕ေရွ႕ေရာက္လာတဲ႕မျမင္ဖူးတဲ႕ျပသနာကို ဘယ္လုိေျဖရွင္းတတ္တယ္ဆိုတာကို အသည္းအသန္အမွတ္ေပးတယ္။ ျပည္နယ္အလုိက္ အေခၚအေဝၚေတြဘယ္လုိပင္ကြာျခားေနေစကာမူ ဖယ္ဒရယ္မူရဲ႕အားျပိဳင္မႈ နဲ႕ ကိုယ္ပိုင္လြတ္လပ္ခြင္႕ရွိတဲ႕ အထက္တန္းေက်ာင္းေတြဟာ ထူးခြ်န္ထက္ျမက္ျပီး ကမၻာ႕အျပင္ကုိထုိးေဖာက္ႏုိင္မယ္႕ ကေလးသူငယ္ေက်ာင္းသားမြန္ေလးေတြကို ေမြးထုတ္ေပးေနတာေတာ႕ လက္ေတြ႕ပါပဲ။
.
ဒီလုိအမွတ္ေတြေပးေနတာ ဘာလုပ္ဖို႕ပါလိမ္႕ .. ကြ်န္ေတာ္ဆက္ဖတ္ၾကည္႕တယ္။ ေက်ာင္းသားေတြရဲ႕အားေကာင္းခ်က္၊ လိုအပ္ခ်က္ေတြကုိ ေဖာ္ျပေပးတဲ႕မွတ္တမ္းေတြကိုေတြ႕ရတယ္။ ( ၆ ) တန္းမွာ အဂၤလိပ္ - English-Language Arts ကုိ ( ၄၁၅ ) မွတ္ နဲ႕ သခ်ာၤ - Mathematics ကုိ ( ၄၈၄ ) ရခဲ႕တဲ႕ စြမ္းဟာ ( ၈ ) တန္းေရာက္တဲ႕အခ်ိန္မွာ ( ၄ ) မ်ိဳး ေျဖရတယ္။ အဲဒီထဲမွာ ..
.
English-Language Arts = ( ၄၅ဝ ) မွတ္
.
Geometry = ( ၄၄ဝ ) မွတ္
.
History-Social Science = ( ၄၆၁ ) မွတ္
.
Science = ( ၅၅၇ ) မွတ္ တုိ႕ ျဖစ္ပါတယ္။

.
.
ဒါေတြကိုၾကည္႕ျခင္းအားျဖင္႕ မိဘေတြကို မိမိသားသမီးက ဘယ္ေနရာမွာ ဘာကိုဝါသနာပါေနတယ္ဆုိတာကို သတင္းေပးလိုက္တယ္ဆုိတာ သိသာလွတယ္။ ဒီအမွတ္ေတြဟာ ကြ်န္ေတာ္တို႕ငယ္ငယ္တုန္းက အဆင္႕ ( ၁ ) မရလို႕ အရိုက္ခံရတဲ႕ “ က်ိန္စာ ” တစ္ခု မဟုတ္ပါဘူး။ ဒီအမွတ္ေတြအေပၚမွာ ကေလးအခ်င္းခ်င္းေသြးကြဲျပီး  “ မင္းတုိ႕ကစာေတာ္တာကိုး .. လုပ္ထားၾကေပါ႕ကြာ ” ဆုိတဲ႕ မနာလိုဝန္တို ရြဲ႕တဲ႕တဲ႕အျပဳအမူေတြ မေတြ႕ရပါဘူး။ ရမွတ္နည္းသူက မ်ားသူနဲ႕ေတြ႕တဲ႕အခါ “ ငါ စာလုပ္တာနည္းသြားလို႕ အမွတ္မရလိုက္ဘူး။ ေနာက္တစ္ေခါက္ဆို မင္းတို႕ကုိမွီမွာပါ ” လို႕ သင္႕တင္႕မ်ွတေအာင္ ေျပာတတ္ၾကတယ္။ သူ စာမလုပ္ရင္ သူ႕မိဘက ဆရာ၊ ဆရာမအခန္းအထိလိုက္လာျပီးတိုင္ခ်က္ထိမယ္ဆိုတာကုိ သိျပီးသားေလ။
.
အဓိကေဆြးေႏြးခ်င္တာက အတန္းငယ္တုန္းမွာ ကေလးစိတ္ဝင္စားႏုိင္တာေတြကုိသာ ထုတ္ႏႈတ္ေမးခဲ႕ျပီး ဆြဲေဆာင္ခဲ႕တဲ႕အေၾကာင္းပါ။ ေနာက္တစ္ႏွစ္မွာ အဂၤလိပ္ နဲ႕ သခ်ာၤအျပင္ ( ၂ ) မ်ိဳးထပ္တုိးျပီး သမိုင္း နဲ႕ သိပၸံကုိ ထည္႕သြင္းခဲ႕တယ္။ ဒါဆိုေသခ်ာျပီ .. သိပၸံစိတ္ပါတဲ႕ကေလးေတြအုပ္စုလုိက္ၾကီးကို အစုိးရကရသြားျပီ။ ေနာက္ထပ္အတန္းၾကီးလာတာနဲ႕အမွ် ေကာလိပ္တက္ဖို႕ နဲ႕ တကၠသိုလ္တုိက္ရိုက္တက္မယ္႕ေက်ာင္းသားေတြအတြက္ အသက္ေမြးဝမ္းေက်ာင္းဘာသာရပ္ဘက္ကုိ လမ္းညႊန္ေပးသြားမယ္ဆုိတဲ႕အပုိင္းကုိ သိပ္အားက်မိတယ္။ ပိုျပီးသြားေရက်မိတာက ( ၂၁ ) ရာစုရဲ႕အလုပ္အကိုင္ေစ်းကြက္ - 21st Century Job Market ကိုသြားႏုိင္ဖို႕ ေမွ်ာ္မွန္းထားပါသတဲ႕။
.
.
ဒီေတာ႕ အစိုးရရဲ႕ရည္မွန္းခ်က္က ေက်ာင္းသားေတြကုိ ဘာျဖစ္ေစခ်င္တာပါလဲ?  အခမဲ႕ပညာသင္ေပးမယ္ ( ၁ တန္း ကေန ၁၂ တန္းအထိ )။ အထက္တန္းေက်ာင္းမျပီးေသးခင္ ေနာက္ဆက္တက္ရမယ္႕ ဘဝေက်ာင္းေတြကုိ စိတ္ဝင္စားေအာင္ ပညာေပးမယ္ ( STAR Test )။ ( ၁၁ ) တန္းေရာက္ရင္ သူတုိ႕ဘာေမဂ်ာသင္ခ်င္လဲ? ဘာေမဂ်ာနဲ႕အသက္ေမြးဝမ္းေက်ာင္းျပဳမလဲ? ဆုိတာေတြကို ၾကိဳတင္စဥ္းစားႏုိင္ဖို႕ ဒီလိုစာေမးပြဲေတြစစ္ေပးၾကတာပဲေပါ႕။
.
အတန္းျမင္႕လာေလေလ ေမးခြန္းေတြကခက္လာေလေလျဖစ္တာ သဘာဝပါ။ ဒါေပမယ္႕ စိမ္ေခၚမႈေမးခြန္း - Challenging Test ေတြက လူၾကီးအၾကိဳ-ေက်ာင္းသားငယ္ေတြရဲ႕ လုပ္ေဆာင္ခ်က္ - Task ေတြကို ပိုေကာင္းမြန္ေစတယ္။ အျမဲေျဖေနက် ေရြးခ်ယ္ - Multiple-Choice Test ေတြထက္ ပုစၦာ - Problem ေတြကို ရွင္းခုိင္းတယ္။ ဒီကေန ေက်ာင္းသားေတြရဲ႕
.
1.. ခြဲျခမ္းစိတ္ျဖာေရးသားနည္း - Analytical Writing
.
2.. ခ်င္႕ခ်ိန္ဆင္႕ပြားေတြးေတာနည္း - Critical Thinking နဲ႕
.
3.. ျပသနာေျဖရွင္းနည္း - Problem Solving တို႕ကုိ ေပါင္းစပ္ျပီး ..
.
အခ်က္အလက္စံုလင္တဲ႕ဗဟုသုတဟင္းေလးအုိးၾကီး - Their Knowledge of Facts ကုိ ေပးစြမ္းမွာျဖစ္တယ္လို႕ သိရတယ္။
.
.
ဒီလိုအရည္အခ်င္းေတြ နဲ႕ ဒီလုိေအာက္သက္ေက်မႈမ်ိဳးကိုရဖုိ႕ ျမန္မာႏုိင္ငံက သားရွင္၊ သမီးရွင္ မိဘမ်ားက ကေလးေတြကုိႏုိင္ငံျခားပို႕ျပီး ပညာသင္ေစၾကတယ္မဟုတ္လား?
.
ပိုေကာင္းတာတစ္ခုက အေမရိကားမွာ ေက်ာင္းတက္ေနရင္း ေႏြရာသီပိတ္လို႕ အလုပ္သင္ - Intern အေနနဲ႕ ကုမၸဏီေတြက အလုပ္ခန္႕ၾကတယ္။ “ ဟာ .. ဒီေကာင္ေတြက ေက်ာင္းသားေတြ။ အလုပ္ျမဲမွာမဟုတ္ဘူး။ ေက်ာင္းျပန္ဖြင္႕လို႕ ျပန္သြားတက္ၾကရင္ ငါတုိ႕သင္ေပးထားသမွ် ၊ သင္တန္းေပး - Train ထားသမွ် အလကားျဖစ္ကုန္မယ္ ” လို႕ မေတြးၾကဘူး။ အရည္အခ်င္း နဲ႕ အလားအလာရွိသူကုိ “ ေက်ာင္းျပီးသြားရင္ ငါတုိ႕ကုမၸဏီမွာ ဆက္ဆက္လာလုပ္ပါ ” လို႕ေတာင္ ဖိတ္ေခၚတတ္ၾကတယ္။
.
.
လုပ္ခလစာၾကည္႕ဦးမလား..? အစပိုင္းမွာသာ ေတြ႕ကရာ - Entry Level အလုပ္လုပ္ရေပမယ္႕ ဘြဲ႕ရပညာတတ္၊ အလုပ္အေတြ႕အၾကံဳရွိသူေက်ာင္းျပီးစလူငယ္မ်ားဆို အားလံုးက “ လာထား ” ပဲ။ သူတို႕ကြ်မ္းက်င္တဲ႕ေမဂ်ာနဲ႕ထုိက္တန္တဲ႕ ေငြေၾကးရၾကတယ္။ သို႕ေပမယ္႕ ျပည္နယ္ နဲ႕ စီးပြားေရးဖြံ႕ျဖိဳးမႈေပၚမူတည္ျပီး အလုပ္အကိုင္အခြင္႕အလမ္း အက်ဥ္းအက်ယ္ကေတာ႕ သတိျပဳရမယ္႕ကိစၥျဖစ္ပါတယ္။
.
ေက်ာင္းေတြမွာ လိုအပ္တဲ႕ သင္-ေထာက္-ကူ ပစၥည္းအျပည္႕အစံုအျပင္ လက္ေတြ႕ဘဝမွာျမင္ေတြ႕ရမယ္႕ အလုပ္ေလွ်ာက္လႊာ - Resume ေရးရတာတုိ႕၊ အလုပ္ခန္႕လူေရြးပြဲ - Interview ထုိင္ရတာတို႕၊ ေရာင္းအားျမွင္႕တင္ - Promotion လုပ္ခုိင္းတာတုိ႕က ( ၁၁ ) တန္း မေရာက္ခင္ကတည္းက ေက်ာင္းသားကို ေနာေက်ေအာင္ ခုိင္းျပီးသားျဖစ္ပါတယ္။ အခုေျပာေနတဲ႕ STAR Test က မြမ္းမံသင္တန္းလို႕ေတာင္ တင္စားေျပာလုိ႕ရပါတယ္။
.
.
ေက်ာင္းသားခ်ည္းပဲလားဆုိေတာ႕ မဟုတ္ေသးဘူး။ သင္တဲ႕ဆရာမေတြကိုပါ ၾကိဳတင္အဆင္႕ျမွင္႕ထားျပီး အရည္အေသြးမွီတဲ႕ဆရာ၊ ဆရာမေတြကို အဆက္မျပတ္သင္တန္းေပးေနတယ္လုိ႕ စာရြက္ရဲ႕ေအာက္ပိုင္းမွာ ထပ္ရွင္းျပထားပါေသးတယ္။ ဒီ႕အတြက္ ေက်ာင္းသားေတြကုိးကားရမယ္႕ သတင္းအခ်က္အလက္အရင္းအျမစ္ေတြကုိ ရသေလာက္ေဖာ္ထုတ္ေပးရင္း ေခတ္မွီနည္းပညာအသံုးခ်နယ္ပယ္ထဲကို မေရာက္ေရာက္ေအာင္ ပို႕ဦးမွာပါတဲ႕။
.
ခ်ဳပ္ျပီးဆိုရရင္ ေက်ာင္းသားေတြေက်ာင္းကို ဘာသြားလုပ္ေနတယ္လုိ႕ မိဘမ်ားထင္ပါသလဲ? ဖတ္ျပသမွ်လိုက္ဆို၊ ေရးသမွ်လိုက္ကူး၊ ေပးလိုက္သမွ်အလြတ္က်က္၊ ေမးသမွ်မွတ္မိသေလာက္ေျဖ အဆင္႕ေတြကမတက္ရင္ “ ေက်ာင္း ” လို႕ မေခၚထုိက္ပါဘူး။ ဒါမ်ိဳးနဲ႕ဆက္တိုးေနရင္ အစစ္မဟုတ္တာ ေသခ်ာတယ္။ ေရွးလူၾကီးမ်ားေျပာခဲ႕သလို ကြ်န္ပညာေရးလို႕ ရက္ရက္စက္စက္မေျပာလိုေပမယ္႕ တိုးတက္မႈမရွိရံုမက ဘဝအတြက္ဘာအတတ္ပညာမွမရေစတဲ႕ “ အဖိႏွိပ္ခံပညာေရး ” ထက္ ထူးမျခားနားလို႕ပဲ ေျပာပါရေစ။
.
.
ဒါေၾကာင္႕မုိ႕ သားသမီးကို မနက္ေက်ာင္းပို႕ေတာ႕မယ္႕ မိဘမ်ား တစ္ခုခုကိုေသခ်ာစဥ္းစားေစခ်င္တယ္။ ကေလးေတြ အိမ္မွာရႈတ္လို႕ေက်ာင္းပို႕မွာလား? ငါတုိ႕ငယ္ငယ္တုန္းက စာေတာင္မဖတ္တတ္ဘူးဆိုျပီး ပို႕မွာလား? ငါတုိ႕ဒီအရြယ္ကလည္း ဒီေက်ာင္းေတြတက္ခဲ႕တာပါပဲလို႕ စဥ္းစားျပီးပို႕ၾကမွာလား? ဒါမွမဟုတ္ မိမိသားသမီးကို ေက်ာင္းျပီးလို႕ သူ႕ဘဝ၊ သူ႕ေျခတစ္စံုေပၚ အမွီအခိုကင္းကင္းရပ္တည္ႏိုင္ေအာင္ “ ဘဝေက်ာင္း ” ကုိ ပို႕မွာလားလို႕ ဆန္းစစ္ေစခ်င္ပါတယ္။
.
မွတ္ခ်က္ ။။။။----။။။။ စြမ္းဟာ Grade 10 မွာ ပ်မ္းမွ် ( ၄၅၇ ) မွတ္ ရပါတယ္။ ေပးမွတ္က စုစုေပါင္း ( ၆ဝဝ ) ပါ။ ေနာက္ႏွစ္ Grade 11 မွာေျဖရမယ္႕ အရည္အခ်င္းစစ္စာေမးပြဲကုိ CAASPP – California Assessment of Student Performance and Progress လို႕ အမည္ေျပာင္းလဲက်င္းပသြားမယ္လုိ႕ ေရးသားထားပါေၾကာင္း။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕

.
.
Myanmar Unicode Version:
.
.
“ ရင်ကိုလာမှန်တဲ့ Student Score Report ”
ဆောင်းပါးရှင် - ကိုညီ်ညီ ( တောင်ကြီး )
.
အရင်နှစ်တွေတုန်းက STAR Student Report ဆိုတဲ့နာမည်နဲ့စာတွေလာဖူးတယ်။ အိမ်ကိုရောက်လာတဲ့စာရွက်မှတ်တမ်းအရ ( ၆ ) တန်းနှစ်မှာတစ်ခါ၊ ( ၈ ) တန်းကျတော့နောက်တစ်ခါ၊ အခု “ စွမ်း ” ( ၁၁ ) တန်းရောက်တော့ ( ၁ဝ ) တန်းအတွက် သတင်းပို့တဲ့ ရီပို့ကဒ်ရောက်လာပါတယ်။ STAR ဆိုတာ ကြယ်ကိုပြောတာမဟုတ်ပဲ California’s Standardized Testing and Reporting (STAR) Program ကို အတိုကောက်ခေါ်ဆိုတာပါ။ မြန်မာကျောင်းလောကနဲ့အနီးစပ်ဆုံးပြောရရင် လူရည်ချွန်စာမေးပွဲနဲ့ဆင်တူပါတယ်။
.
.
အမေရိကားမှာဖြေရတဲ့ STAR စာမေးပွဲက လူရည်ချွန်ပြိုင်ပွဲတွေလို ကိုယ်လက်လှုပ်ရှားမှုမပါပါဘူး။ သူတို့က ကလေးတွေရဲ့ဦးနှောက် နဲ့ စဉ်းစားဥာဏ်ကိုစစ်တယ်။ ဒီကလေး ဘယ်လောက်မှတ်မိသလဲဆိုတာ အလေးမထားပေမယ့် ဘယ်လောက်အထိချင့်ချိန်တွေးတောတတ်တယ်၊ ကိုယ့်ရှေ့ရောက်လာတဲ့မမြင်ဖူးတဲ့ပြသနာကို ဘယ်လိုဖြေရှင်းတတ်တယ်ဆိုတာကို အသည်းအသန်အမှတ်ပေးတယ်။ ပြည်နယ်အလိုက် အခေါ်အဝေါ်တွေဘယ်လိုပင်ကွာခြားနေစေကာမူ ဖယ်ဒရယ်မူရဲ့အားပြိုင်မှု နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့ အထက်တန်းကျောင်းတွေဟာ ထူးချွန်ထက်မြက်ပြီး ကမ္ဘာ့အပြင်ကိုထိုးဖောက်နိုင်မယ့် ကလေးသူငယ်ကျောင်းသားမွန်လေးတွေကို မွေးထုတ်ပေးနေတာတော့ လက်တွေ့ပါပဲ။
.
ဒီလိုအမှတ်တွေပေးနေတာ ဘာလုပ်ဖို့ပါလိမ့် .. ကျွန်တော်ဆက်ဖတ်ကြည့်တယ်။ ကျောင်းသားတွေရဲ့အားကောင်းချက်၊ လိုအပ်ချက်တွေကို ဖော်ပြပေးတဲ့မှတ်တမ်းတွေကိုတွေ့ရတယ်။ ( ၆ ) တန်းမှာ အင်္ဂလိပ် - English-Language Arts ကို ( ၄၁၅ ) မှတ် နဲ့ သချာၤ - Mathematics ကို ( ၄၈၄ ) ရခဲ့တဲ့ စွမ်းဟာ ( ၈ ) တန်းရောက်တဲ့အချိန်မှာ ( ၄ ) မျိုး ဖြေရတယ်။ အဲဒီထဲမှာ ..
.
English-Language Arts = ( ၄၅ဝ ) မှတ်
.
Geometry = ( ၄၄ဝ ) မှတ်
.
History-Social Science = ( ၄၆၁ ) မှတ်
.
Science = ( ၅၅၇ ) မှတ် တို့ ဖြစ်ပါတယ်။
.
.
ဒါတွေကိုကြည့်ခြင်းအားဖြင့် မိဘတွေကို မိမိသားသမီးက ဘယ်နေရာမှာ ဘာကိုဝါသနာပါနေတယ်ဆိုတာကို သတင်းပေးလိုက်တယ်ဆိုတာ သိသာလှတယ်။ ဒီအမှတ်တွေဟာ ကျွန်တော်တို့ငယ်ငယ်တုန်းက အဆင့် ( ၁ ) မရလို့ အရိုက်ခံရတဲ့ “ ကျိန်စာ ” တစ်ခု မဟုတ်ပါဘူး။ ဒီအမှတ်တွေအပေါ်မှာ ကလေးအချင်းချင်းသွေးကွဲပြီး  “ မင်းတို့ကစာတော်တာကိုး .. လုပ်ထားကြပေါ့ကွာ ” ဆိုတဲ့ မနာလိုဝန်တို ရွဲ့တဲ့တဲ့အပြုအမူတွေ မတွေ့ရပါဘူး။ ရမှတ်နည်းသူက များသူနဲ့တွေ့တဲ့အခါ “ ငါ စာလုပ်တာနည်းသွားလို့ အမှတ်မရလိုက်ဘူး။ နောက်တစ်ခေါက်ဆို မင်းတို့ကိုမှီမှာပါ ” လို့ သင့်တင့်မျှတအောင် ပြောတတ်ကြတယ်။ သူ စာမလုပ်ရင် သူ့မိဘက ဆရာ၊ ဆရာမအခန်းအထိလိုက်လာပြီးတိုင်ချက်ထိမယ်ဆိုတာကို သိပြီးသားလေ။
.
အဓိကဆွေးနွေးချင်တာက အတန်းငယ်တုန်းမှာ ကလေးစိတ်ဝင်စားနိုင်တာတွေကိုသာ ထုတ်နှုတ်မေးခဲ့ပြီး ဆွဲဆောင်ခဲ့တဲ့အကြောင်းပါ။ နောက်တစ်နှစ်မှာ အင်္ဂလိပ် နဲ့ သချာၤအပြင် ( ၂ ) မျိုးထပ်တိုးပြီး သမိုင်း နဲ့ သိပ္ပံကို ထည့်သွင်းခဲ့တယ်။ ဒါဆိုသေချာပြီ .. သိပ္ပံစိတ်ပါတဲ့ကလေးတွေအုပ်စုလိုက်ကြီးကို အစိုးရကရသွားပြီ။ နောက်ထပ်အတန်းကြီးလာတာနဲ့အမျှ ကောလိပ်တက်ဖို့ နဲ့ တက္ကသိုလ်တိုက်ရိုက်တက်မယ့်ကျောင်းသားတွေအတွက် အသက်မွေးဝမ်းကျောင်းဘာသာရပ်ဘက်ကို လမ်းညွှန်ပေးသွားမယ်ဆိုတဲ့အပိုင်းကို သိပ်အားကျမိတယ်။ ပိုပြီးသွားရေကျမိတာက ( ၂၁ ) ရာစုရဲ့အလုပ်အကိုင်ဈေးကွက် - 21st Century Job Market ကိုသွားနိုင်ဖို့ မျှော်မှန်းထားပါသတဲ့။
.
.
ဒီတော့ အစိုးရရဲ့ရည်မှန်းချက်က ကျောင်းသားတွေကို ဘာဖြစ်စေချင်တာပါလဲ?  အခမဲ့ပညာသင်ပေးမယ် ( ၁ တန်း ကနေ ၁၂ တန်းအထိ )။ အထက်တန်းကျောင်းမပြီးသေးခင် နောက်ဆက်တက်ရမယ့် ဘဝကျောင်းတွေကို စိတ်ဝင်စားအောင် ပညာပေးမယ် ( STAR Test )။ ( ၁၁ ) တန်းရောက်ရင် သူတို့ဘာမေဂျာသင်ချင်လဲ? ဘာမေဂျာနဲ့အသက်မွေးဝမ်းကျောင်းပြုမလဲ? ဆိုတာတွေကို ကြိုတင်စဉ်းစားနိုင်ဖို့ ဒီလိုစာမေးပွဲတွေစစ်ပေးကြတာပဲပေါ့။
.
အတန်းမြင့်လာလေလေ မေးခွန်းတွေကခက်လာလေလေဖြစ်တာ သဘာဝပါ။ ဒါပေမယ့် စိမ်ခေါ်မှုမေးခွန်း - Challenging Test တွေက လူကြီးအကြို-ကျောင်းသားငယ်တွေရဲ့ လုပ်ဆောင်ချက် - Task တွေကို ပိုကောင်းမွန်စေတယ်။ အမြဲဖြေနေကျ ရွေးချယ် - Multiple-Choice Test တွေထက် ပုစ္ဆာ - Problem တွေကို ရှင်းခိုင်းတယ်။ ဒီကနေ ကျောင်းသားတွေရဲ့
.
1.. ခွဲခြမ်းစိတ်ဖြာရေးသားနည်း - Analytical Writing
.
2.. ချင့်ချိန်ဆင့်ပွားတွေးတောနည်း - Critical Thinking နဲ့
.
3.. ပြသနာဖြေရှင်းနည်း - Problem Solving တို့ကို ပေါင်းစပ်ပြီး ..
.
အချက်အလက်စုံလင်တဲ့ဗဟုသုတဟင်းလေးအိုးကြီး - Their Knowledge of Facts ကို ပေးစွမ်းမှာဖြစ်တယ်လို့ သိရတယ်။
.
.
ဒီလိုအရည်အချင်းတွေ နဲ့ ဒီလိုအောက်သက်ကျေမှုမျိုးကိုရဖို့ မြန်မာနိုင်ငံက သားရှင်၊ သမီးရှင် မိဘများက ကလေးတွေကိုနိုင်ငံခြားပို့ပြီး ပညာသင်စေကြတယ်မဟုတ်လား?
.
ပိုကောင်းတာတစ်ခုက အမေရိကားမှာ ကျောင်းတက်နေရင်း နွေရာသီပိတ်လို့ အလုပ်သင် - Intern အနေနဲ့ ကုမ္ပဏီတွေက အလုပ်ခန့်ကြတယ်။ “ ဟာ .. ဒီကောင်တွေက ကျောင်းသားတွေ။ အလုပ်မြဲမှာမဟုတ်ဘူး။ ကျောင်းပြန်ဖွင့်လို့ ပြန်သွားတက်ကြရင် ငါတို့သင်ပေးထားသမျှ ၊ သင်တန်းပေး - Train ထားသမျှ အလကားဖြစ်ကုန်မယ် ” လို့ မတွေးကြဘူး။ အရည်အချင်း နဲ့ အလားအလာရှိသူကို “ ကျောင်းပြီးသွားရင် ငါတို့ကုမ္ပဏီမှာ ဆက်ဆက်လာလုပ်ပါ ” လို့တောင် ဖိတ်ခေါ်တတ်ကြတယ်။
.
.
လုပ်ခလစာကြည့်ဦးမလား..? အစပိုင်းမှာသာ တွေ့ကရာ - Entry Level အလုပ်လုပ်ရပေမယ့် ဘွဲ့ရပညာတတ်၊ အလုပ်အတွေ့အကြုံရှိသူကျောင်းပြီးစလူငယ်များဆို အားလုံးက “ လာထား ” ပဲ။ သူတို့ကျွမ်းကျင်တဲ့မေဂျာနဲ့ထိုက်တန်တဲ့ ငွေကြေးရကြတယ်။ သို့ပေမယ့် ပြည်နယ် နဲ့ စီးပွားရေးဖွံ့ဖြိုးမှုပေါ်မူတည်ပြီး အလုပ်အကိုင်အခွင့်အလမ်း အကျဉ်းအကျယ်ကတော့ သတိပြုရမယ့်ကိစ္စဖြစ်ပါတယ်။
.
ကျောင်းတွေမှာ လိုအပ်တဲ့ သင်-ထောက်-ကူ ပစ္စည်းအပြည့်အစုံအပြင် လက်တွေ့ဘဝမှာမြင်တွေ့ရမယ့် အလုပ်လျှောက်လွှာ - Resume ရေးရတာတို့၊ အလုပ်ခန့်လူရွေးပွဲ - Interview ထိုင်ရတာတို့၊ ရောင်းအားမြှင့်တင် - Promotion လုပ်ခိုင်းတာတို့က ( ၁၁ ) တန်း မရောက်ခင်ကတည်းက ကျောင်းသားကို နောကျေအောင် ခိုင်းပြီးသားဖြစ်ပါတယ်။ အခုပြောနေတဲ့ STAR Test က မွမ်းမံသင်တန်းလို့တောင် တင်စားပြောလို့ရပါတယ်။
.
.
ကျောင်းသားချည်းပဲလားဆိုတော့ မဟုတ်သေးဘူး။ သင်တဲ့ဆရာမတွေကိုပါ ကြိုတင်အဆင့်မြှင့်ထားပြီး အရည်အသွေးမှီတဲ့ဆရာ၊ ဆရာမတွေကို အဆက်မပြတ်သင်တန်းပေးနေတယ်လို့ စာရွက်ရဲ့အောက်ပိုင်းမှာ ထပ်ရှင်းပြထားပါသေးတယ်။ ဒီ့အတွက် ကျောင်းသားတွေကိုးကားရမယ့် သတင်းအချက်အလက်အရင်းအမြစ်တွေကို ရသလောက်ဖော်ထုတ်ပေးရင်း ခေတ်မှီနည်းပညာအသုံးချနယ်ပယ်ထဲကို မရောက်ရောက်အောင် ပို့ဦးမှာပါတဲ့။
.
ချုပ်ပြီးဆိုရရင် ကျောင်းသားတွေကျောင်းကို ဘာသွားလုပ်နေတယ်လို့ မိဘများထင်ပါသလဲ? ဖတ်ပြသမျှလိုက်ဆို၊ ရေးသမျှလိုက်ကူး၊ ပေးလိုက်သမျှအလွတ်ကျက်၊ မေးသမျှမှတ်မိသလောက်ဖြေ အဆင့်တွေကမတက်ရင် “ ကျောင်း ” လို့ မခေါ်ထိုက်ပါဘူး။ ဒါမျိုးနဲ့ဆက်တိုးနေရင် အစစ်မဟုတ်တာ သေချာတယ်။ ရှေးလူကြီးများပြောခဲ့သလို ကျွန်ပညာရေးလို့ ရက်ရက်စက်စက်မပြောလိုပေမယ့် တိုးတက်မှုမရှိရုံမက ဘဝအတွက်ဘာအတတ်ပညာမှမရစေတဲ့ “ အဖိနှိပ်ခံပညာရေး ” ထက် ထူးမခြားနားလို့ပဲ ပြောပါရစေ။
.
.
ဒါကြောင့်မို့ သားသမီးကို မနက်ကျောင်းပို့တော့မယ့် မိဘများ တစ်ခုခုကိုသေချာစဉ်းစားစေချင်တယ်။ ကလေးတွေ အိမ်မှာရှုတ်လို့ကျောင်းပို့မှာလား? ငါတို့ငယ်ငယ်တုန်းက စာတောင်မဖတ်တတ်ဘူးဆိုပြီး ပို့မှာလား? ငါတို့ဒီအရွယ်ကလည်း ဒီကျောင်းတွေတက်ခဲ့တာပါပဲလို့ စဉ်းစားပြီးပို့ကြမှာလား? ဒါမှမဟုတ် မိမိသားသမီးကို ကျောင်းပြီးလို့ သူ့ဘဝ၊ သူ့ခြေတစ်စုံပေါ် အမှီအခိုကင်းကင်းရပ်တည်နိုင်အောင် “ ဘဝကျောင်း ” ကို ပို့မှာလားလို့ ဆန်းစစ်စေချင်ပါတယ်။
.
မှတ်ချက် ။။။။----။။။။ စွမ်းဟာ Grade 10 မှာ ပျမ်းမျှ ( ၄၅၇ ) မှတ် ရပါတယ်။ ပေးမှတ်က စုစုပေါင်း ( ၆ဝဝ ) ပါ။ နောက်နှစ် Grade 11 မှာဖြေရမယ့် အရည်အချင်းစစ်စာမေးပွဲကို CAASPP – California Assessment of Student Performance and Progress လို့ အမည်ပြောင်းလဲကျင်းပသွားမယ်လို့ ရေးသားထားပါကြောင်း။
.
ခင်မင်ခြင်းများစွာဖြင့်
.

Space Pen ၏ ျဖစ္ရပ္မွန္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အာကာသထဲကခဲတံကိစၥ ေဆာင္းပါးေရးျပီးသြားေတာ႕ ရွရွားေကာ္စမုိေနာ႕ေတြရဲ႕ျဖစ္ရပ္အမွန္ကို ရွင္းျပခ်င္ပါေသးတယ္။ အေၾကာင္းက လူေတြက အျဖစ္မွန္ကိုရွာေဖြေျပာဆုိမယ္႕အစား အေမရိကန္ကိုေလွာင္ေျပာင္ဖို႕ ဆႏၵေစာျပီး ပါးစပ္အရသာခံေျပာေနၾကတဲ႕အခါ ဒီယံုတမ္းစကားရဲ႕သက္တမ္းက ပိုရွည္ၾကာခဲ႕ရတယ္။
.
.
ရိုးရိုးေဘာပင္ကိုသံုးတဲ႕အခါ ကမၻာေျမဆြဲအားမရွိတဲ႕အာကာသမွာ မင္အိုး - Cartridge ထဲက မင္မထြက္ေတာ႕ အခက္အခဲျဖစ္ၾကတယ္။ အမွန္ကရုရွားတုိ႕ အာကာသထဲမွာ ခဲတံသံုးခဲ႕သလား မသံုးခဲ႕ဘူးလားဆိုတာ ဘယ္သူကမွအတည္မျပဳႏုိင္ေပမယ္႕ ဘေလာ႕ဂ္တစ္ခုမွာေတာ႕ အေမရိကန္ေရာ ရုရွားေရာ အာကာသထဲမွာ ခဲတံသုံးခဲ႕တယ္လို႕ ေရးထားပါတယ္။
.
ခဲတံသံုးရင္းသံုးရင္း နဲ႕ တံုးသြားရင္ဘယ္လုိလုပ္မလဲ? ေနာက္တစ္ခုက အာကာသထဲမွာ ခဲတံဘယ္လုိခြ်န္မလဲ? စတဲ႕အခက္အခဲကိုေျဖရွင္းဖို႕ အေမရိကန္က တစ္ေခ်ာင္းကို ( ၁၂၈ ) ေဒၚလာေပးရတဲ႕ ခဲဆံေဘာပင္ - Mechanical Pencil သံုးၾကည္႕တယ္။ ခဲဆစ္က်ိဳးသြားတဲ႕အခါ အဲဒီအပိုင္းအစေလးက အာကာသေလဟာနယ္ထဲမွာ ေသးေသးေလးနဲ႕လြင္႕ေနေတာ႕ အဆင္မေျပျပန္ပါဘူး။ အထူးသျဖင္႕ ခဲဆံကထြက္တဲ႕ ဂရပ္ဖိုက္ - Graphite ဓါတ္ဟာ လွ်ပ္စစ္စီးေၾကာင္းရွာျပီးကပ္တြယ္တတ္သလို စက္ပစၥည္းေတြရဲ႕လည္ပတ္မႈကုိအေႏွာင္႕အယွက္ေပးတတ္ေတာ႕ ဆက္မသံုးျဖစ္ေတာ႕ပါဘူး။
.
တစ္ဖန္ ရုရွားေတြက အမ်ိဳးသမီးေတြမ်က္လံုးလွေအာင္ဆဲြတဲ႕ အလွကုန္မ်က္ခံုးေမႊးဆြဲတံနဲ႕ဆင္တူတဲ႕ “ ၾကိဳးဆြဲခဲတံ ” လိုမ်ိဳး သံုးစြဲခဲ႕တယ္။ တံုးသြားတဲ႕အခါ တစ္ရစ္ထပ္ခြာလုိက္ရံုနဲ႕ အေမရိကန္ထက္အဆင္ေျပတယ္ဆိုျပီးေတာ႕ကို ေၾကြးေၾကာ္ခဲ႕ေသးတာပါ။ အထဲကခဲဆံကိုေတာ႕ ပ်စ္ခဲဆီတစ္မ်ိဳးနဲ႕အထူးျပဳလုပ္ထားျပီး Grease Pencil လို႕ နာမည္ေပးထားပါတယ္။ ဒါကလည္း အခ်ိန္တစ္ခုအထိ ေကာ္စမိုေနာ႕ေတြအတြက္ အဆင္မေျပျပန္ပါဘူး။ အလုပ္အတြက္ ရွရွားအာကာသယာဥ္မွဴးေတြဟာ စာေရးတာထက္ ခဲတံအတံုးၾကီးနဲ႕ ပံုဆြဲေနရသကဲ႕သို႕ ျဖစ္ေနရတာက သူတို႕အတြက္ တစ္ဒုကၡပါ။ ေဘးထြက္ဆုိးက်ိဳးအေနနဲ႕ ခြာလုိက္တဲ႕ စကၠဴစေတြက ယာဥ္ထဲမွာ ပလူပ်ံေနတဲ႕အခါ ပိုလို႕ေတာင္အမိႈက္ရႈပ္လာပါေတာ႕တယ္။

.
ေနာက္ထပ္သံုးစြဲလာတဲ႕ မီးနဲ႕အပူေပးျပီးလုပ္ရတဲ႕ ေဘာပင္တစ္မ်ိဳးရွိခဲ႕ပါေသးတယ္။ ဒါေပမယ္႕ အေပၚလုိ ( ၁၁ ) – Apollo 11 အာကာသယာဥ္မီးေလာင္ပ်က္က်သြားတဲ႕အခါ မည္သည္႕မီးေလာင္ႏုိင္တဲ႕အရာဝတၳဳ -  Any Inflammable Substance ကုိမွ် NASA က ခြင္႕မျပဳေတာ႕တဲ႕အခါ အာကာသေဘာပင္ဇာတ္လမ္းက ဆက္ရန္ရွိေသးသည္ဆိုတဲ႕ ဇာတ္လမ္းတြဲၾကီးသဖြယ္ျဖစ္ေနပါေတာ႕တယ္။
.
.
( ၁၉၆၅ ) ခုႏွစ္မွာ အင္ဂ်င္နီယာ ေပါလ္ဖစ္ရွာ - Paul Fisher ဟာ မင္တစ္မ်ိဳးကို မူပိုင္ခြင္႕တင္ခဲ႕ျပီး အာကာသေဘာပင္ေလာကရဲ႕အခက္အခဲကို တစ္စခန္းရပ္သြားေစခဲ႕တယ္။ ပထမဦးဆံုးသူထြင္တဲ႕ အာကာသေဘာပင္မွာ ဖိအားေပးထားတဲ႕မင္အိုးထဲကမင္ဟာအျပင္ကိုထြက္ႏုိင္ဖို႕ ဘယ္လိုဆြဲအားမွ မလိုအပ္ပါဘူး။ အထပ္ထပ္အဖန္ဖန္စမ္းသပ္ထားတဲ႕ ဖစ္ရွာရဲဲ႕ “ ဆြဲအားမဲ႕ေဘာပင္ - Anti-Gravity Space Pen ” ကို NASA က လက္ခံသံုးစြဲဖုိ႕အခ်ိန္က်ေရာက္လာပါတယ္။
.
( ၁၉၆၇ ) ခုႏွစ္မွာ ပေရာဂ်က္အေပၚလုိ - Project Apollo အတြက္ ဖစ္ရွာ ထံကေန NASA က အာကာသေဘာပင္အေခ်ာင္း ( ၄ဝဝ ) မွာယူခဲ႕တဲ႕အခါမွာ တစ္္ေခ်ာင္းကို ( ၆ ) ေဒၚလာသာ က်သင္႕ပါေတာ႕တယ္။
.
ဒါနဲ႕မေရွးမေႏွာင္းမွာ ရုရွားႏုိင္ငံက အေမရိကန္ကုမၸဏီ Fisher Space Pen Co. ကေန အာကာသေဘာပင္ ( ၁ဝဝ ) ေခ်ာင္း နဲ႕ မင္အိုး ( ၁ဝဝဝ ) ဝယ္ယူခဲ႕တယ္။ ေနာက္ပိုင္းမွာေတာ႕ အာကာသကိုၾကီးစိုးထားတဲ႕ စစ္ေအးႏုိင္ငံႏွစ္ခုစလံုး Space Pen ကို တစ္စိုက္မတ္မတ္ဝယ္ယူသံုးစြဲလာၾကတယ္။
.
.
အေမရိကန္ႏုိင္ငံသားျဖစ္တဲ႕ ေပါလ္ဖစ္ရွာကို NASA က အာကာသေဘာပင္ ကို စမ္းသပ္ဖို႕မတိုက္တြန္းခဲ႕ပါဘူး။ ဖစ္ရွာ ကိုယ္တုိင္ သူ႕ကိုယ္ပုိင္ေငြနဲ႕ အပင္ပန္းခံၾကိဳးစားျပီးအေကာင္အထည္ေဖာ္ခဲ႕တဲ႕ေငြပမာဏကေတာ႕ ေဒၚလာ ( ၁ ) သန္း ျဖစ္ပါတယ္္တဲ႕ဗ်ား..။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
ရည္ညႊန္းကိုးကား - www.mentalfloss.com, www.spacepen.com, NASA Home Page
.
.
.
Myanmar Unicode Version:
.
.
“ Space Pen ၏ ဖြစ်ရပ်မှန် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အာကာသထဲကခဲတံကိစ္စ ဆောင်းပါးရေးပြီးသွားတော့ ရှရှားကော်စမိုနော့တွေရဲ့ဖြစ်ရပ်အမှန်ကို ရှင်းပြချင်ပါသေးတယ်။ အကြောင်းက လူတွေက အဖြစ်မှန်ကိုရှာဖွေပြောဆိုမယ့်အစား အမေရိကန်ကိုလှောင်ပြောင်ဖို့ ဆန္ဒစောပြီး ပါးစပ်အရသာခံပြောနေကြတဲ့အခါ ဒီယုံတမ်းစကားရဲ့သက်တမ်းက ပိုရှည်ကြာခဲ့ရတယ်။
.
.
ရိုးရိုးဘောပင်ကိုသုံးတဲ့အခါ ကမ္ဘာမြေဆွဲအားမရှိတဲ့အာကာသမှာ မင်အိုး - Cartridge ထဲက မင်မထွက်တော့ အခက်အခဲဖြစ်ကြတယ်။ အမှန်ကရုရှားတို့ အာကာသထဲမှာ ခဲတံသုံးခဲ့သလား မသုံးခဲ့ဘူးလားဆိုတာ ဘယ်သူကမှအတည်မပြုနိုင်ပေမယ့် ဘလော့ဂ်တစ်ခုမှာတော့ အမေရိကန်ရော ရုရှားရော အာကာသထဲမှာ ခဲတံသုံးခဲ့တယ်လို့ ရေးထားပါတယ်။
.
ခဲတံသုံးရင်းသုံးရင်း နဲ့ တုံးသွားရင်ဘယ်လိုလုပ်မလဲ? နောက်တစ်ခုက အာကာသထဲမှာ ခဲတံဘယ်လိုချွန်မလဲ? စတဲ့အခက်အခဲကိုဖြေရှင်းဖို့ အမေရိကန်က တစ်ချောင်းကို ( ၁၂၈ ) ဒေါ်လာပေးရတဲ့ ခဲဆံဘောပင် - Mechanical Pencil သုံးကြည့်တယ်။ ခဲဆစ်ကျိုးသွားတဲ့အခါ အဲဒီအပိုင်းအစလေးက အာကာသလေဟာနယ်ထဲမှာ သေးသေးလေးနဲ့လွင့်နေတော့ အဆင်မပြေပြန်ပါဘူး။ အထူးသဖြင့် ခဲဆံကထွက်တဲ့ ဂရပ်ဖိုက် - Graphite ဓါတ်ဟာ လျှပ်စစ်စီးကြောင်းရှာပြီးကပ်တွယ်တတ်သလို စက်ပစ္စည်းတွေရဲ့လည်ပတ်မှုကိုအနှောင့်အယှက်ပေးတတ်တော့ ဆက်မသုံးဖြစ်တော့ပါဘူး။
.
တစ်ဖန် ရုရှားတွေက အမျိုးသမီးတွေမျက်လုံးလှအောင်ဆွဲတဲ့ အလှကုန်မျက်ခုံးမွှေးဆွဲတံနဲ့ဆင်တူတဲ့ “ ကြိုးဆွဲခဲတံ ” လိုမျိုး သုံးစွဲခဲ့တယ်။ တုံးသွားတဲ့အခါ တစ်ရစ်ထပ်ခွာလိုက်ရုံနဲ့ အမေရိကန်ထက်အဆင်ပြေတယ်ဆိုပြီးတော့ကို ကြွေးကြော်ခဲ့သေးတာပါ။ အထဲကခဲဆံကိုတော့ ပျစ်ခဲဆီတစ်မျိုးနဲ့အထူးပြုလုပ်ထားပြီး Grease Pencil လို့ နာမည်ပေးထားပါတယ်။ ဒါကလည်း အချိန်တစ်ခုအထိ ကော်စမိုနော့တွေအတွက် အဆင်မပြေပြန်ပါဘူး။ အလုပ်အတွက် ရှရှားအာကာသယာဉ်မှူးတွေဟာ စာရေးတာထက် ခဲတံအတုံးကြီးနဲ့ ပုံဆွဲနေရသကဲ့သို့ ဖြစ်နေရတာက သူတို့အတွက် တစ်ဒုက္ခပါ။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခွာလိုက်တဲ့ စက္ကူစတွေက ယာဉ်ထဲမှာ ပလူပျံနေတဲ့အခါ ပိုလို့တောင်အမှိုက်ရှုပ်လာပါတော့တယ်။
.
နောက်ထပ်သုံးစွဲလာတဲ့ မီးနဲ့အပူပေးပြီးလုပ်ရတဲ့ ဘောပင်တစ်မျိုးရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အပေါ်လို ( ၁၁ ) – Apollo 11 အာကာသယာဉ်မီးလောင်ပျက်ကျသွားတဲ့အခါ မည်သည့်မီးလောင်နိုင်တဲ့အရာဝတ္ထု -  Any Inflammable Substance ကိုမျှ NASA က ခွင့်မပြုတော့တဲ့အခါ အာကာသဘောပင်ဇာတ်လမ်းက ဆက်ရန်ရှိသေးသည်ဆိုတဲ့ ဇာတ်လမ်းတွဲကြီးသဖွယ်ဖြစ်နေပါတော့တယ်။
.
.
( ၁၉၆၅ ) ခုနှစ်မှာ အင်ဂျင်နီယာ ပေါလ်ဖစ်ရှာ - Paul Fisher ဟာ မင်တစ်မျိုးကို မူပိုင်ခွင့်တင်ခဲ့ပြီး အာကာသဘောပင်လောကရဲ့အခက်အခဲကို တစ်စခန်းရပ်သွားစေခဲ့တယ်။ ပထမဦးဆုံးသူထွင်တဲ့ အာကာသဘောပင်မှာ ဖိအားပေးထားတဲ့မင်အိုးထဲကမင်ဟာအပြင်ကိုထွက်နိုင်ဖို့ ဘယ်လိုဆွဲအားမှ မလိုအပ်ပါဘူး။ အထပ်ထပ်အဖန်ဖန်စမ်းသပ်ထားတဲ့ ဖစ်ရှာရဲ့ “ ဆွဲအားမဲ့ဘောပင် - Anti-Gravity Space Pen ” ကို NASA က လက်ခံသုံးစွဲဖို့အချိန်ကျရောက်လာပါတယ်။
.
( ၁၉၆၇ ) ခုနှစ်မှာ ပရောဂျက်အပေါ်လို - Project Apollo အတွက် ဖစ်ရှာ ထံကနေ NASA က အာကာသဘောပင်အချောင်း ( ၄ဝဝ ) မှာယူခဲ့တဲ့အခါမှာ တစ်ချောင်းကို ( ၆ ) ဒေါ်လာသာ ကျသင့်ပါတော့တယ်။
.
ဒါနဲ့မရှေးမနှောင်းမှာ ရုရှားနိုင်ငံက အမေရိကန်ကုမ္ပဏီ Fisher Space Pen Co. ကနေ အာကာသဘောပင် ( ၁ဝဝ ) ချောင်း နဲ့ မင်အိုး ( ၁ဝဝဝ ) ဝယ်ယူခဲ့တယ်။ နောက်ပိုင်းမှာတော့ အာကာသကိုကြီးစိုးထားတဲ့ စစ်အေးနိုင်ငံနှစ်ခုစလုံး Space Pen ကို တစ်စိုက်မတ်မတ်ဝယ်ယူသုံးစွဲလာကြတယ်။
.
.
အမေရိကန်နိုင်ငံသားဖြစ်တဲ့ ပေါလ်ဖစ်ရှာကို NASA က အာကာသဘောပင် ကို စမ်းသပ်ဖို့မတိုက်တွန်းခဲ့ပါဘူး။ ဖစ်ရှာ ကိုယ်တိုင် သူ့ကိုယ်ပိုင်ငွေနဲ့ အပင်ပန်းခံကြိုးစားပြီးအကောင်အထည်ဖော်ခဲ့တဲ့ငွေပမာဏကတော့ ဒေါ်လာ ( ၁ ) သန်း ဖြစ်ပါတယ်တဲ့ဗျား..။
.
ခင်မင်ခြင်းများစွာဖြင့်
.
ရည်ညွှန်းကိုးကား - www.mentalfloss.com, www.spacepen.com, NASA Home Page
.
“ Space Pen ၏ ျဖစ္ရပ္မွန္ ”  စာမူသည္ ၂ဝ၁၅ ခုႏွစ္၊  ေအာက္တိုဘာလ ( ၁ဝ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/i89bzgttovg5vdz/NetGuide+Vol.4%2C+No.5.pdf