Thursday, December 31, 2015

Transistor ( ထရန္စစၥတာ ) - အပုိင္း ၂

ထရန္စစၥတာ တစ္လံုးကို အီလက္ထေရာနစ္ ပါတ္လမ္းမ်ားမွာ ခလုပ္တစ္ခုသဖြယ္ေသာ္လည္းေကာင္း၊ အခ်က္ၿပလိွဳင္းမ်ားကို ပိုမိုၾကီးထြားလာေအာင္ ခ်ဲ႕ထြင္ရာတြင္လည္းေကာင္း အမ်ိဳးမ်ိဳး အသံုးၿပဳၾကပါတယ္။

ခလုပ္တစ္ခုသဖြယ္ အလုပ္လုပ္ပံု
>>ထရန္စစၥတာတစ္လံုးကို ဗို႔အားေပးသြင္းမထားေသာ သာမန္အေၿခေနမွာ Collector ငုတ္နဲ႔ Emitter ငုတ္တို႔ဟာ အဆက္အသြယ္ မရွိေသာ အေၿခအေနမွာ ၿဖစ္ပါတယ္။
>>၄င္း ထရန္စစၥတာရဲ႕ Base ငုတ္ကို 0.6 ဗို႔အထက္ (သို႔မဟုတ္) သတ္မွတ္ထားေသာ ဗို႔အားတစ္ခုကုိ ေပးသြင္းလုိက္ပါကCollector ငုတ္နဲ႔ Emitter ငုတ္တို႔ဟာ အဆက္အသြယ္ရွိသြားပါတယ္။

                                        ပံု (၁)   ထရန္စစၥတာရဲ႕ ဆားကစ္ သေကၤတပံုပါ။

>> ထရန္စစၥတာရဲ႕ Base ငုတ္ကို ဗို႔အားေပးသြင္းထားၿခင္း မရွိေသးခ်ိန္မွာ အထက္ပါပံုအတိုင္း Emitter ငုတ္နဲ႔ Collector ငုတ္ဟာ အဆက္အသြယ္မရွိတဲ႔အတြက္ လ်ပ္စစ္စီးဆင္းနုိင္ၿခင္း မရွိပါလို႔ ေယ်ဘူယ် မွတ္သားနိုင္ပါတယ္။

>> ထရန္စစၥတာရဲ႕ Base ငုတ္ကို 0.6 ဗို႔ထက္ ေက်ာ္ၿပီး ( သို႔မဟုတ္) သတ္မွတ္ထားေသာ ဗို႔အားကို ေပးသြင္းလိုက္ပါက Collector ငုတ္နဲ႔ Emitter ငုတ္တို႔ဟာ ပံုမွာ ၿပထားတဲ႔အတိုင္း အဆက္အသြယ္ ေကာင္းမြန္စြာၿဖင့္ လ်ပ္စီးကို စီးဆင္းနိုင္ပါတယ္။

PNP အမ်ိဳးစားတြင္ ၿဖစ္ေစ၊ NPN အမ်ိဳးစားတြင္ၿဖစ္ေစ ခလုပ္အၿဖစ္ အလုပ္လုပ္ပံုမွာ အထက္ပါအတိုင္း အတူတူပဲ ၿဖစ္ပါတယ္။

>> PNP Transistor ေတြဟာ Negative (အနုတ္) ဗို႔ၿဖင့္သာ အဓိက အလုပ္လုပ္တာေၾကာင့္ Base ရဲ႕ ေပးသြင္းဗို႔ဟာ Negative ( အနုတ္) ဗို႔ ၿဖစ္ပါတယ္။

>> NPN Transistor ေတြဟာ Positive (အေပါင္း) ဗို႔ၿဖင့္သာ အဓိက အလုပ္လုပ္တာေၾကာင့္ Base ရဲ႕ ေပးသြင္းဗို႔ဟာ Positive ( အေပါင္း) ဗို႔ ၿဖစ္ပါတယ္။

ဆက္လက္ တင္ၿပသြားပါမယ္...............။

မင္းညိဳ
minnyo.elec@gmail.com
http://ourelectronicnote.blogspot.com/
Unicode
Transistor ( ထရန်စစ္စတာ ) - အပိုင်း ၂
ထရန်စစ္စတာ တစ်လုံးကို အီလက်ထရောနစ် ပါတ်လမ်းများမှာ ခလုပ်တစ်ခုသဖွယ်သော်လည်းကောင်း၊ အချက်ပြလှိုင်းများကို ပိုမိုကြီးထွားလာအောင် ချဲ့ထွင်ရာတွင်လည်းကောင်း အမျိုးမျိုး အသုံးပြုကြပါတယ်။

ခလုပ်တစ်ခုသဖွယ် အလုပ်လုပ်ပုံ
>>ထရန်စစ္စတာတစ်လုံးကို ဗို့အားပေးသွင်းမထားသော သာမန်အခြေနေမှာ Collector ငုတ်နဲ့ Emitter ငုတ်တို့ဟာ အဆက်အသွယ် မရှိသော အခြေအနေမှာ ဖြစ်ပါတယ်။
>>၄င်း ထရန်စစ္စတာရဲ့ Base ငုတ်ကို 0.6 ဗို့အထက် (သို့မဟုတ်) သတ်မှတ်ထားသော ဗို့အားတစ်ခုကို ပေးသွင်းလိုက်ပါကCollector ငုတ်နဲ့ Emitter ငုတ်တို့ဟာ အဆက်အသွယ်ရှိသွားပါတယ်။

                                        ပုံ (၁)   ထရန်စစ္စတာရဲ့ ဆားကစ် သငေ်္ကတပုံပါ။

>> ထရန်စစ္စတာရဲ့ Base ငုတ်ကို ဗို့အားပေးသွင်းထားခြင်း မရှိသေးချိန်မှာ အထက်ပါပုံအတိုင်း Emitter ငုတ်နဲ့ Collector ငုတ်ဟာ အဆက်အသွယ်မရှိတဲ့အတွက် လျပ်စစ်စီးဆင်းနိုင်ခြင်း မရှိပါလို့ ယျေဘူယျ မှတ်သားနိုင်ပါတယ်။

>> ထရန်စစ္စတာရဲ့ Base ငုတ်ကို 0.6 ဗို့ထက် ကျော်ပြီး ( သို့မဟုတ်) သတ်မှတ်ထားသော ဗို့အားကို ပေးသွင်းလိုက်ပါက Collector ငုတ်နဲ့ Emitter ငုတ်တို့ဟာ ပုံမှာ ပြထားတဲ့အတိုင်း အဆက်အသွယ် ကောင်းမွန်စွာဖြင့် လျပ်စီးကို စီးဆင်းနိုင်ပါတယ်။

PNP အမျိုးစားတွင် ဖြစ်စေ၊ NPN အမျိုးစားတွင်ဖြစ်စေ ခလုပ်အဖြစ် အလုပ်လုပ်ပုံမှာ အထက်ပါအတိုင်း အတူတူပဲ ဖြစ်ပါတယ်။

>> PNP Transistor တွေဟာ Negative (အနုတ်) ဗို့ဖြင့်သာ အဓိက အလုပ်လုပ်တာကြောင့် Base ရဲ့ ပေးသွင်းဗို့ဟာ Negative ( အနုတ်) ဗို့ ဖြစ်ပါတယ်။

>> NPN Transistor တွေဟာ Positive (အပေါင်း) ဗို့ဖြင့်သာ အဓိက အလုပ်လုပ်တာကြောင့် Base ရဲ့ ပေးသွင်းဗို့ဟာ Positive ( အပေါင်း) ဗို့ ဖြစ်ပါတယ်။

ဆက်လက် တင်ပြသွားပါမယ်...............။

မင်းညို
minnyo.elec@gmail.com
http://ourelectronicnote.blogspot.com/

Transistor ( ထရန္စစၥတာ )

Transistor တစ္လံုးမွာ Base၊ Collector နဲ႔ Emitter ဆိုတဲ႔ ေၿခေထာက္ငုတ္ သံုးခု ပါ၀င္ပါတယ္။ မိမိတို႔ အသံုးၿပဳလိုတဲ႔ ဆားကစ္ပါတ္လမ္းတစ္ခုကို ကိုယ္တိုင္တပ္ဆင္အသံုးၿပဳလိုတဲ႔အခါမွာ ပါ၀င္လာတဲ႔Transistor ကုိ ထည့္သြင္းခ်င္လာတဲ႔အခါမွာၿဖစ္ၿဖစ္၊ ဆားကစ္ပါတ္လမ္းၿပဳၿပင္ရာမွာ ပါတ္လမ္းအတြင္း အသံုးၿပဳထားတဲ႔ Transistorကို အလုပ္လုပ္ပံု မွန္မမွန္ စစ္ေဆးလိုတဲ႔အခါမွာ ၿဖစ္ၿဖစ္ မည္သည့္ငုတ္ဟာ Base ၿဖစ္တယ္၊ Collector ၿဖစ္တယ္၊ Emitter ၿဖစ္တယ္ဆိုတာကို တိတိက်က် သိရွိထားမယ္ဆိုရင္ ပိုမိုလွ်င္ၿမန္ လြယ္ကူစြာ အသံုးၿပဳနိုင္၊ ၿပဳၿပင္နုိင္မွာ ၿဖစ္ပါတယ္။ Transistor ရဲ႕ ကိုယ္ထည္ေပၚမွာ ေရးသားထားတဲ႔ Transistor ရဲ႕ နံပါတ္ကို ၾကည့္ၿပီး Transistor Data List ေတြမွာလဲ လြယ္ကူစြာ ရွာေဖြနိုင္ပါတယ္။ Data List အလြယ္တကူ မရွိတဲ႔ အခါမွာ Multi Meter ( မ်ိဳးစံုသံုးမီတာ ) ကို အသံုးၿပဳၿပီး Transistor ရဲ႕ Base ငုတ္ကိုရွာေဖြနည္းေလးကို ၿပန္လည္မွ်ေ၀လိုက္ပါတယ္ဗ်ာ....နမူနာအေနနဲ႔ C 945 ကို ရွာေဖြၿပပါမယ္။

Transistor ရဲ႕ ေၿခေထာက္ငုတ္ေတြကို ပံုပါအတိုင္း 1, 2, 3  လို႔ သတ္မွတ္လိုက္ပါ။

Multi Meter ကို  ×1 သို႔ ထားပါ။

Pin 1 နဲ႔ Pin 2 ကို အနီ၊ အနက္ အၿပန္လွန္ တိုင္းၿပီး မီတာလက္တံ တက္သြားလား၊ မတက္သြားလား ဆိုတာကို မွတ္သားပါ။
*Pin 1 ကို အနီၿဖင့္ ေထာက္ၿပီး Pin 2 ကို အနက္ၿဖင့္ေထာက္တိုင္း။ ( မီတာလက္တံ မတက္ )
*Pin 1 ကို အနက္ၿဖင့္ ေထာက္ၿပီး Pin 2 ကို အနီၿဖင့္ ေထာက္တို္င္း။ ( မီတာလက္တံ မတက္ )

Pin 2 နဲ႔ Pin 3 ကို အနီအနက္ အၿပန္လွန္ တိုင္းၿပီး မီတာလက္တံ တက္သြားလား၊ မတက္သြားလားဆိုတာကို မွတ္သားပါ။
*Pin 2 ကို အနီၿဖင့္ေထာက္ၿပီး Pin 3 ကို အနက္ၿဖင့္ ေထာက္တိုင္း။ ( မီတာလက္တံ တက္ )
*Pin 2 ကို အနက္ၿဖင့္ေထာက္ၿပီး Pin 3 ကို အနီၿဖင့္ ေထာက္တိုင္း။ ( မီတာလက္တံ မတက္ )

Pin 1 နဲ႔ Pin 3 ကို အနီအနက္ အၿပန္အလွန္ တိုင္းၿပီး မီတာလက္တံ တက္သြားလား၊ မတက္သြားလားဆိုတာကို မွတ္သားပါ။
*Pin 1 ကို အနီၿဖင့္ေထာက္ၿပီး Pin 3 ကို အနက္ၿဖင့္ ေထာက္တိုင္း။ ( မီတာလက္တံ တက္ )
*Pin 1 ကို အနက္ၿဖင့္ေထာက္ၿပီး Pin 3 ကို အနီၿဖင့္ ေထာက္တိုင္း၊ ( မီတာလက္တံ မတက္ )

အထက္ပါအတိုင္း တိုင္းတာၾကည့္လိုက္ပါက မီတာအနီအနက္ အၿပန္လွန္တိုင္းေသာ္လဲ လံုး၀ မီတာလက္တံမတက္သြားေသာ ငုတ္နွစ္ငုတ္ကို ေတြ႔ရမွာ ၿဖစ္ပါတယ္။
Pin 1 နွင့္ Pin 2 ( အၿပန္လွန္ တိုင္းေသာ္လည္း လံုး၀လက္တံမတက္ )
Pin 2 နွင့္ Pin 3 ( တစ္ဖက္ၿပ၊ တစ္ဖက္မၿပ )
Pin 1 နွင့္ Pin 3 ( တစ္ဖက္ၿပ၊ တစ္ဖက္မၿပ )

** အၿပန္လွန္ တိုင္းေသာ္လည္း လံုး၀လက္တံမတက္ေသာ ငုတ္နွစ္ငုတ္မွာ Base ငုတ္ မဟုတ္ပါ။
အဆိုပါ အၿပန္လွန္ လံုး၀ မၿပေသာ ငုတ္နွစ္ငုတ္ကို ခ်န္လွပ္ထားၿပီး က်န္ရွိေသာ ငုတ္တစ္ခုဟာ Base ငုတ္ ၿဖစ္ပါတယ္။

Transistor မ်ားကို ထုတ္လုပ္ေသာ စက္ရံုမတူညီမူ၊ ထုတ္လုပ္ေသာ ဒီဇိုင္းမ်ားေပၚ မူတည္ၿပီး Base ငုတ္ဟာ အစြန္းဖက္ ငုတ္မ်ား ၿဖစ္နိုင္သလို အလယ္မွ ငုတ္လဲ ၿဖစ္
ေနနိုင္ပါတယ္။ ပံုေသ မွတ္မထားနိုင္ပါ။

အခုေဖာ္ၿပထားတဲ႔ နည္းနဲ႔ Transistor ရဲ႕ Base ငုတ္ကို လြယ္ကူစြာ ရွာေဖြနိုင္ၾကပါေစဗ်ာ.....

credit to >> ဦးဟန္စိုး ( ေနလင္း အီလက္ထေရာနစ္ )
                  အမွတ္ ၆၅၊ စမ္းေခ်ာင္းလမ္း
                  စမ္းေခ်ာင္း။
                  01-513106
Unicode
Transistor ( ထရန်စစ္စတာ ) - အပိုင်း (၃)

Transistor တစ်လုံးမှာ Base၊ Collector နဲ့ Emitter ဆိုတဲ့ ခြေထောက်ငုတ် သုံးခု ပါ၀င်ပါတယ်။ မိမိတို့ အသုံးပြုလိုတဲ့ ဆားကစ်ပါတ်လမ်းတစ်ခုကို ကိုယ်တိုင်တပ်ဆင်အသုံးပြုလိုတဲ့အခါမှာ ပါ၀င်လာတဲ့Transistor ကို ထည့်သွင်းချင်လာတဲ့အခါမှာဖြစ်ဖြစ်၊ ဆားကစ်ပါတ်လမ်းပြုပြင်ရာမှာ ပါတ်လမ်းအတွင်း အသုံးပြုထားတဲ့ Transistorကို အလုပ်လုပ်ပုံ မှန်မမှန် စစ်ဆေးလိုတဲ့အခါမှာ ဖြစ်ဖြစ် မည်သည့်ငုတ်ဟာ Base ဖြစ်တယ်၊ Collector ဖြစ်တယ်၊ Emitter ဖြစ်တယ်ဆိုတာကို တိတိကျကျ သိရှိထားမယ်ဆိုရင် ပိုမိုလျှင်မြန် လွယ်ကူစွာ အသုံးပြုနိုင်၊ ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ Transistor ရဲ့ ကိုယ်ထည်ပေါ်မှာ ရေးသားထားတဲ့ Transistor ရဲ့ နံပါတ်ကို ကြည့်ပြီး Transistor Data List တွေမှာလဲ လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။ Data List အလွယ်တကူ မရှိတဲ့ အခါမှာ Multi Meter ( မျိုးစုံသုံးမီတာ ) ကို အသုံးပြုပြီး Transistor ရဲ့ Base ငုတ်ကိုရှာဖွေနည်းလေးကို ပြန်လည်မျှေ၀လိုက်ပါတယ်ဗျာ....နမူနာအနေနဲ့ C 945 ကို ရှာဖွေပြပါမယ်။

Transistor ရဲ့ ခြေထောက်ငုတ်တွေကို ပုံပါအတိုင်း 1, 2, 3  လို့ သတ်မှတ်လိုက်ပါ။

Multi Meter ကို  ×1 သို့ ထားပါ။

Pin 1 နဲ့ Pin 2 ကို အနီ၊ အနက် အပြန်လှန် တိုင်းပြီး မီတာလက်တံ တက်သွားလား၊ မတက်သွားလား ဆိုတာကို မှတ်သားပါ။
*Pin 1 ကို အနီဖြင့် ထောက်ပြီး Pin 2 ကို အနက်ဖြင့်ထောက်တိုင်း။ ( မီတာလက်တံ မတက် )
*Pin 1 ကို အနက်ဖြင့် ထောက်ပြီး Pin 2 ကို အနီဖြင့် ထောက်တို်င်း။ ( မီတာလက်တံ မတက် )

Pin 2 နဲ့ Pin 3 ကို အနီအနက် အပြန်လှန် တိုင်းပြီး မီတာလက်တံ တက်သွားလား၊ မတက်သွားလားဆိုတာကို မှတ်သားပါ။
*Pin 2 ကို အနီဖြင့်ထောက်ပြီး Pin 3 ကို အနက်ဖြင့် ထောက်တိုင်း။ ( မီတာလက်တံ တက် )
*Pin 2 ကို အနက်ဖြင့်ထောက်ပြီး Pin 3 ကို အနီဖြင့် ထောက်တိုင်း။ ( မီတာလက်တံ မတက် )

Pin 1 နဲ့ Pin 3 ကို အနီအနက် အပြန်အလှန် တိုင်းပြီး မီတာလက်တံ တက်သွားလား၊ မတက်သွားလားဆိုတာကို မှတ်သားပါ။
*Pin 1 ကို အနီဖြင့်ထောက်ပြီး Pin 3 ကို အနက်ဖြင့် ထောက်တိုင်း။ ( မီတာလက်တံ တက် )
*Pin 1 ကို အနက်ဖြင့်ထောက်ပြီး Pin 3 ကို အနီဖြင့် ထောက်တိုင်း၊ ( မီတာလက်တံ မတက် )

အထက်ပါအတိုင်း တိုင်းတာကြည့်လိုက်ပါက မီတာအနီအနက် အပြန်လှန်တိုင်းသော်လဲ လုံး၀ မီတာလက်တံမတက်သွားသော ငုတ်နှစ်ငုတ်ကို တွေ့ရမှာ ဖြစ်ပါတယ်။
Pin 1 နှင့် Pin 2 ( အပြန်လှန် တိုင်းသော်လည်း လုံး၀လက်တံမတက် )
Pin 2 နှင့် Pin 3 ( တစ်ဖက်ပြ၊ တစ်ဖက်မပြ )
Pin 1 နှင့် Pin 3 ( တစ်ဖက်ပြ၊ တစ်ဖက်မပြ )

** အပြန်လှန် တိုင်းသော်လည်း လုံး၀လက်တံမတက်သော ငုတ်နှစ်ငုတ်မှာ Base ငုတ် မဟုတ်ပါ။
အဆိုပါ အပြန်လှန် လုံး၀ မပြသော ငုတ်နှစ်ငုတ်ကို ချန်လှပ်ထားပြီး ကျန်ရှိသော ငုတ်တစ်ခုဟာ Base ငုတ် ဖြစ်ပါတယ်။

Transistor များကို ထုတ်လုပ်သော စက်ရုံမတူညီမူ၊ ထုတ်လုပ်သော ဒီဇိုင်းများပေါ် မူတည်ပြီး Base ငုတ်ဟာ အစွန်းဖက် ငုတ်များ ဖြစ်နိုင်သလို အလယ်မှ ငုတ်လဲ ဖြစ်
နေနိုင်ပါတယ်။ ပုံသေ မှတ်မထားနိုင်ပါ။

အခုဖော်ပြထားတဲ့ နည်းနဲ့ Transistor ရဲ့ Base ငုတ်ကို လွယ်ကူစွာ ရှာဖွေနိုင်ကြပါစေဗျာ.....

credit to >> ဦးဟန်စိုး ( နေလင်း အီလက်ထရောနစ် )
                  အမှတ် ၆၅၊ စမ်းချောင်းလမ်း
                  စမ်းချောင်း။
                  01-513106

Wednesday, December 30, 2015

ကိုယ္ပိုင္စီးပြားေရးတည္ေထာင္ဖို႔ ေငြအရင္းအႏွီးမတိုင္ခင္ ယံုၾကည္မႈနဲ႔ Networking ရွိမွရမယ္။

ကိုယ္ပိုင္စီးပြားေရးတစ္ခု တည္ ေထာင္ဖို႔အတြက္ ေငြေၾကး အရင္း အႏွီးက အဓိကလိုအပ္တယ္ဆိုေပ မယ့္ ေငြေၾကးအရင္းအႏွီးကို ဘယ္လို ရွာေဖြရမယ္ဆိုတာ မစဥ္းစားခင္ မိမိ ကိုယ္ကို ယံုၾကည္မႈနဲ႔ စီးပြားေရး လုပ္ကိုင္လို႔ ရမယ့္ အသိုင္းအဝိုင္း Networking ရွိဖို႔ လိုအပ္ေၾကာင္း မႏၲလာမင္း အဆင့္ျမင့္ ခရီးသည္ပို႔ ေဆာင္ေရးယာဥ္လိုင္း တည္ေထာင္ ထားသူ ေဒၚလဲ့လဲ့ေအးက ေျပာပါ တယ္။
”အမ်ဳိးသမီးတစ္ေယာက္ အေဝး ေျပးခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္း ကို ဦးစီးလုပ္ေနတယ္။ အခက္အခဲ ေတြကေတာ့ ေန႔စဥ္ရွိတယ္။ အဓိက က ဘာလဲဆိုတဲ့ စိတ္ကူးကေတာ့ လူတိုင္းရွိတာေပါ့။ အဲဒီစိတ္ကူးကို ဘယ္လိုအေကာင္အထည္ေဖာ္မလဲ။ ယံုၾကည္မႈတစ္ခုဆိုတာ အခုေျပာ အခုတည္ေဆာက္လို႔ မရဘူးေလ။ ကိုယ့္ေမာင္ႏွမအခ်င္းခ်င္းပဲျဖစ္ျဖစ္ အခုအခ်ိန္မွာ လူေတြေျပာတာက Financial case စီးပြားေရး အရမ္း လုပ္ခ်င္တာေပါ့။ ဘယ္မွာလည္း ပိုက္ဆံ။ ဒါေပမယ့္ အဲဒီပိုက္ဆံ မတိုင္ခင္မွာ ယံုၾကည္မႈေတြ၊ အသိုင္း အဝိုင္းေတြ Networking ေတြရွိရင္ စီပြားေရးက လုပ္လို႔ရၿပီ”လို႔ ေဒၚလဲ့ လဲ့ေအးက ေျပာပါတယ္။
မႏၲလာမင္း အေဝးေျပးယာဥ္ လိုင္းကို ၂ဝဝ၇ ခုႏွစ္မွာ စတင္တည္ ေထာင္ခဲ့ျခင္းျဖစ္ၿပီး အဲဒီမတိုင္ခင္က ယုဇနပလာဇာမွာ ဖက္ရွင္ဆိုင္ဖြင့္ၿပီး စီးပြားေရး အသိုင္းအဝိုင္းတစ္ခုရရွိဖို႔ အတြက္ ျမန္မာအမ်ဳိးသမီးစြမ္းေဆာင္ ရွင္မ်ားအသင္း (MWEA) မွာ အသင္း ဝင္ကာ စီးပြားေရးအခြင့္အလမ္းေတြ ကို ရွာေဖြေနစဥ္ ၂ဝဝ၆ ခုႏွစ္မွာ MWEA  အသင္းက မေလးရွားႏိုင္ငံ မွာ အေသးစားနဲ႔ အလတ္စား စီးပြား ေရးလုပ္ငန္းမ်ား သင္တန္းတက္ ေရာက္ခြင့္ရစဥ္ ခရီးသြားလာေရး လုပ္ငန္းကို ေလ့လာၿပီး ျမန္မာျပည္ ျပန္ေရာက္ခ်ိန္မွာ ခရီးသြားလုပ္ငန္း ကို စတင္ခဲ့ေၾကာင္း သူက ေျပာပါ တယ္။
”ေက်ာင္းၿပီးေတာ့ ဒီႏိုင္းဆိုတဲ့ နာမည္နဲ႔ ဖက္ရွင္ဆိုင္အရင္ဖြင့္တယ္။ စေတာ့လည္း သူမ်ားနဲ႔မတူေအာင္ ျပည္ပကေန တိုက္႐ိုက္သြင္းခ်င္ တယ္။ အဲဒီတုန္းက ႏိုင္ငံျခားထြက္ဖို႔ အရမ္းခက္တယ္။ ခက္ေတာ့ ဘာ လုပ္လည္းဆိုေတာ့ MWEA ဆိုတာ ျမန္မာအမ်ဳိးသမီး စြမ္းေဆာင္ရွင္ မ်ားအသင္း၊ အဲဒီမွာ အမ်ဳိးသမီးေတြ ခ်ည္းပဲ။ တကယ္စီးပြားေရးလုပ္ေန တဲ့ အမ်ဳိးသမီးေတြခ်ည္းပဲ။ အဲဒီမွာ Networking ရၿပီေလ။ အဲဒီအသင္း ဝင္ထားရင္ အဲဒီတုန္းက ႏိုင္ငံျခား ထြက္လို႔ရတယ္။ အသင္းဝင္ၿပီးေတာ့ အဲဒီက အမ်ဳိးသမီးႀကီးေတြ ဘာလုပ္ လဲ Networking ကို လိုက္ေမးတာ။ အဲဒီမွာ လုပ္ငန္းရွင္ေတြ အမ်ားႀကီး ေတြ႕လာတယ္။ တကယ့္နာမည္ႀကီး တဲ့ အမ်ဳိးသမီးစီးပြားေရးလုပ္ငန္းရွင္ ေတြကို ေလ့လာခြင့္ရခဲ့တယ္။ ၂ဝဝ၆ မွာ သူတို႔က သင္တန္းတက္ခိုင္းတယ္။ မေလးရွားမွာ SME သင္တန္းသြား တက္တဲ့အခ်ိန္မွာပဲ သူတို႔က ဘာလို လည္းဆိုေတာ့ Transportation ပဲ။ ဘယ္ေနရာသြားသြား အဆင္ေျပလား လို႔ ေမးတယ္။ ဘာအတြက္ေၾကာင့္ ေမးတာလည္းဆိုေတာ့ ဒီခရီးသြား လုပ္ငန္းတစ္ခုအဆင္ေျပရင္ လူေတြ ရဲ႕ စီးပြားေရး၊ လူမႈေရး အကုန္ ေျပာင္းသြားတယ္တဲ့။အဲဒီမွာ ေဒသ တစ္ခုနဲ႔တစ္ခုရဲ႕ အကြာအေဝးေတြ၊ အခြင့္အေရးေတြက ဘယ္လိုေတြ ရွိတယ္ဆိုတာ ဖလွယ္ၾကတယ္။ ျပန္လာတဲ့အခ်ိန္မွာ မႏၲလာမင္းဆို တဲ့ အဆင့္ျမင့္ခရီးသည္ ပို႔ေဆာင္ ေရးလုပ္ငန္းကို တည္ေထာင္ျဖစ္ခဲ့ တယ္” လို႔ ေဒၚလဲ့လဲ့ေအးက ေျပာ ပါတယ္။
အမ်ဳိးသမီးတစ္ေယာက္အေန နဲ႔ အေဝးေျပးခရီးသည္ပို႔ေဆာင္ေရး လုပ္ငန္းကို ဦးေဆာင္လုပ္ေနရတဲ့ အတြက္ အခက္အခဲေတြ ေန႔စဥ္ ေတြ႕ၾကံဳရၿပီး လက္ရွိ ကားအစီးေရ ၆ဝ နဲ႔ ၿမိဳ႕ေပါင္း ၁၄ ၿမိဳ႕၊ ခရီးစဥ္ ေပါင္း ၁၈ ခုနဲ႔ တစ္ရက္ကို ခရီး သည္ ၂,ဝဝဝ ေက်ာ္ ဝန္ေဆာင္မႈ ေပးလ်က္ရွိၿပီး ႏိုင္ငံျဖတ္ေက်ာ္ ခရီး သြားလုပ္ငန္းမ်ား ခြင့္ျပဳပါက ႏိုင္ငံ ရပ္ျခား ခရီးစဥ္ေတြကိုပါ တိုးခ်ဲ႕ေျပး ဆြဲသြားမယ္လို႔ ဆိုပါတယ္။
ဦးစီးလုပ္ကိုင္သူ - ေဒၚလဲ့လဲ့ေအး
ဦးစီးလုပ္ကိုင္သူ – ေဒၚလဲ့လဲ့ေအး
ဝန္ထမ္းအင္အား ၅ဝဝ ကို ဂိတ္ပိုင္းနဲ႔ ကားပိုင္း ႏွစ္ပိုင္းခြဲၿပီးေတာ့ သက္ဆိုင္ရာေခါင္းေဆာင္ပိုင္းတာဝန္ ျပန္ခြဲေပးတဲ့စနစ္နဲ႔ အုပ္ခ်ဳပ္ေစၿပီး အပတ္စဥ္ ရန္ကုန္႐ံုးမွာ အစည္း အေဝးျပဳလုပ္ကာ ယာဥ္မယ္ေတြကို လည္း ေရွးဦးသူနာျပဳနည္း၊ English Speaking၊ ဝန္ေဆာင္မႈ သင္တန္း မ်ားေပးၿပီး ယာဥ္မယ္မ်ားရဲ႕ လံုျခံဳမႈ အတြက္ သီးသန္႔နားေနေဆာင္မ်ား ထားေပးျခင္း၊ ဝန္ထမ္း သာေရး၊ နာေရးအတြက္ ရန္ပံုေငြပေဒသာပင္ ေထာင္ၿပီး မိသားစုစိတ္ဓာတ္နဲ႔ အုပ္ ခ်ဳပ္တယ္လို႔ သူက ေျပာပါတယ္။
”ယာဥ္မယ္ေတြကို ၂ဝ၁၂ ကေန စၿပီးေတာ့ ထားလာၾကတယ္။ ဒီမွာ ယာဥ္မယ္ စထားတာက ေဂ်ေဂ်ယာဥ္ လိုင္းက စခဲ့တာ။ အစ္မတို႔လည္း ေစာင့္ၾကည့္တာေပါ့။ အစ္မဆို ဘန္ ေကာက္၊ ခ်င္းမိုင္ ကားေတြ လိုက္စီး ၾကည့္ၿပီး ေလ့လာတယ္။ ယာဥ္မယ္ ေတြကို သင္တန္းေသေသခ်ာခ်ာ ေပး တယ္။ ေလယာဥ္မယ္ေတြအတိုင္း ေလ့က်င့္ေပးတယ္။ ယူေကက သင္႐ိုး အတိုင္း ဆရာေခၚၿပီးသင္ေပးတယ္။ ဧည့္သည္က ဗိုက္နာတာတို႔၊ ေခါင္း ကိုက္တာတို႔ျဖစ္ရင္ အေရးေပၚျပဳစု ႏိုင္ေအာင္ ေရွးဦးသူနာျပဳနည္းေတြ သင္ေပးတယ္။ ကားေပၚမွာလည္း အိမ္သံုးေဆးဝါးေလးေတြ ထားေပး တယ္။ ႏိုင္ငံျခားသားေတြလည္း စီး ၾကတယ္ဆိုေတာ့ Speaking လည္း သင္ေပးတယ္။ သူတို႔လံုျခံဳမႈအတြက္ သီးသန္႔နားေနေဆာင္ လုပ္ေပးထား တယ္။ လံုးဝ ေယာက်္ားေလးတက္ လို႔ မရဘူး။
”ကားတစ္ေခါက္ ျပန္လာတိုင္း ယာဥ္မယ္နဲ႔ ပတ္သက္လို႔ျဖစ္ေစ၊ လမ္းက ထမင္းဆိုင္နဲ႔ ပတ္သက္လို႔ ျဖစ္ေစ၊ ခရီးသည္က အၾကံေပးတာပဲ ျဖစ္ေစ ဒါမ်ဳိးေတြကို တိုက္႐ိုက္ေရး ခိုင္းေတာ့ သူတို႔ ဘာျဖစ္ခ်င္တယ္ဆို တာကို တိုက္႐ိုက္သိရလို႔ သူတို႔ကို အခြင့္အေရးျပန္ေပးလို႔ရတာေပါ့”လို႔ ဝန္ထမ္းအုပ္ခ်ဳပ္မႈပိုင္းနဲ႔ပတ္သက္ ၿပီး သူက ရွင္းျပပါတယ္။
ယာဥ္လိုင္းအခ်င္းခ်င္း ညႇိႏႈိင္း လုပ္ကိုင္ႏိုင္ေအာင္ ကုန္းလမ္းခရီး သည္ ပို႔ေဆာင္ေရးအသင္းဖြဲ႕လိုက္ တဲ့အတြက္ ခရီးစဥ္ အေတြ႕အၾကံဳ ေတြကို ဖလွယ္ၿပီး ညႇိႏိႈင္းေဆာင္ရြက္ ရတာေၾကာင့္ ၿပိဳင္ဆိုင္မႈေတြ မရွိဘူး လို႔ ဆိုပါတယ္။
”အခု ကုန္းလမ္းခရီးသည္ပို႔ ေဆာင္ေရး အသင္းဖြဲ႕လိုက္ေတာ့ ၿပိဳင္ဆိုင္မႈက အရင္ေခတ္ကလို မရွိ ေတာ့ဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ ညႇိႏႈိင္းတိုင္ပင္ၿပီးလုပ္ေတာ့ ဒီလိုင္း ကို ဘယ္သူဆြဲေနသလဲ။ ဘယ္လို အေျခအေနရွိသလဲ။ သူတို႔ကေတာ့ တစ္စီးတည္းဆိုရင္ေတာ့ လူျပည့္ တယ္။ ေနာက္တစ္စီးဆိုရင္ေတာ့ လူဟသြားမယ္ဆိုရင္ အစ္မတို႔က မဆြဲေတာ့ဘူး။ ခရီးသည္လည္း ဖူလံု ေနတယ္။ ယာဥ္လိုင္းလည္း ဖူလံုေန တယ္ဆိုရင္ သူလည္းပ်က္စီး၊ ကိုယ္ လည္း ပ်က္စီးမယ့္ဟာကို မလုပ္ ဘူး။ သူ႕ပရိသတ္၊ ကိုယ့္ပရိသတ္ ရွိတယ္။ ဝန္ေဆာင္မႈေတြက အခု ေနာက္ပိုင္း အရမ္းမကြာေတာ့ဘူး” လို႔ ေဒၚလဲ့လဲ့ေအးက ေျပာပါတယ္။
ယာဥ္အႏၲရာယ္ကင္းရွင္းေစဖို႔ အတြက္ ကားေတြကို ေမာ္ဒယ္အသစ္ ေတြသာ အသံုးျပဳၿပီး အေကာင္းဆံုး တာယာေတြနဲ႔ ခရီးစဥ္တစ္ခုအတြက္ ယာဥ္ေမာင္း ႏွစ္ေယာက္ကို ထားေပး တယ္လို႔ သိရပါတယ္။
”အစ္မ ယာဥ္လိုင္းေထာင္တာ ခုနစ္ႏွစ္ရွိၿပီ။ အစ္မရဲ႕ယာဥ္လိုင္းမွာ ခရီးသည္ အေသအေပ်ာက္မရွိေသး ဘူး။ အဓိကက စီမံအုပ္ခ်ဳပ္မႈ အေရး ႀကီးတယ္။ ကားၾကံ့ခိုင္မႈ အေရးႀကီး တယ္။ ကားကို ေမာ္ဒယ္အေဟာင္း လံုးဝမသံုးဘူး။ အျမဲ update လုပ္ တယ္။ အစ္မလိုင္းမွာ ကားစဆြဲက တည္းက တာယာကို အေကာင္းစားပဲ သံုးတယ္။ ယာဥ္ေမာင္းကို ႏွစ္ေယာက္ ထားၿပီး ခရီးစဥ္တစ္ခုကို အလွည့္က် ေမာင္းခိုင္းတယ္။ ျဖစ္ၿပီးမွ ဘာမွ လုပ္လို႔ မရဘူး။ မျဖစ္ခင္ကတည္းက ႀကိဳတင္ကာကြယ္ရတာပါ”လို႔လည္း ေဒၚလဲ့လဲ့ေအးက ေျပာပါတယ္။
ရင္းႏွီးျမႇဳပ္ႏွံမႈ အေျခအေနေတြ နဲ႔ပတ္သက္ၿပီး သူက ဆက္လက္ ေျပာၾကားရာမွာ ”အရင္းအႏွီးအေန နဲ႔ဆို နည္းနည္းေျပာရခက္တယ္။ အစ္မတို႔ စလုပ္တုန္းကေတာ့ ကား ေျခာက္စီးရွိရင္ ရတယ္။ အခုဆိုရင္ ခရီးစဥ္ေပၚ မူတည္ၿပီး အနည္းဆံုး ကား ၁ဝ စီးရွိတယ္။ အရင္တုန္းက ကားေတြက ဖူဆိုတို႔ ဘာတို႔ သံုးၾက တယ္။ အခုက ေစ်းကြက္ကို တကယ္ လုပ္မယ္ဆိုရင္ brand news ေတာင္ မွ ညာေမာင္း မရေတာ့ဘူး။ ဘယ္ ေမာင္းမွ။ ဒါမွလည္း လက္ရွိသံုးေန တဲ့ ေစ်းကြက္ထဲမွာ သူမ်ားထက္ မသာရင္ေတာင္ သူမ်ားနဲ႔ တန္း တူမွ ယွဥ္ႏိုင္မယ္ေလ။ ပိုင္ရွင္ တစ္ ေယာက္အေနနဲ႔ဆို ကားတစ္စီးကို အနည္းဆံုး သိန္း ၂,၅ဝဝ ေလာက္ ရင္းရမယ္။ အစ္မတို႔ကေတာ့ ကားကို ကုမၸဏီနဲ႔ပဲ ခ်ိတ္ဆက္ၿပီး ဝယ္တယ္။ ကုမၸဏီနဲ႔ဆိုေတာ့ စိတ္ခ်ရတယ္။ အရစ္က်စနစ္လည္း ရတယ္” လို႔ သူက ေျပာပါတယ္။
ယခင္က အေဝးေျပးခရီးသည္ ပို႔ေဆာင္ေရးယာဥ္လိုင္းမွာ ကားပိုင္ မရွိေသာ္လည္း ဂိတ္ခန္းဝယ္ယူကာ တိုင္းေဒသႀကီးအစိုးရဆီမွာ လိုင္စင္ ယူၿပီး ကားပိုင္ရွင္ေတြကို ရွယ္ယာ ေခၚယူတဲ့စနစ္နဲ႔ လုပ္ကိုင္သူေတြ ရွိခဲ့ၿပီး ယခုအခါ အဲဒီလိုလုပ္ကိုင္ တဲ့သူ တစ္ဦး၊ ႏွစ္ဦးသာ ရွိတယ္လို႔ ဆိုပါတယ္။
ခရီးသည္ေတြအတြက္ ကားေတြကို ေမာ္ဒယ္အေဟာင္းေတြ မသံုးေတာ့ဘဲ ႕စိေအန ျဖစ္တဲ့ ကားသစ္ ေတြကိုသာ အသံုးျပဳတဲ့ ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္းတစ္ခု ျဖစ္လာၿပီ ...
ခရီးသည္ေတြအတြက္ ကားေတြကို ေမာ္ဒယ္အေဟာင္းေတြ မသံုးေတာ့ဘဲ Update  ျဖစ္တဲ့ ကားသစ္
ေတြကိုသာ အသံုးျပဳတဲ့ ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္းတစ္ခု ျဖစ္လာၿပီ …
ခရီးစဥ္ေစ်းႏႈန္းေတြကို မထသ မွ သတ္မွတ္ထားတဲ့အတိုင္း ရန္ကုန္ေနျပည္ေတာ္ က်ပ္ ၅,၉ဝဝ၊ ရန္ကုန္ေမာ္လၿမိဳင္ က်ပ္ ၅,၉ဝဝ နဲ႔ အျမင့္ဆံု း ရန္ကုန္-မႏၲေလး၊ ရန္ကုန္-ျပင္ဦး လြင္ ခရီးသြားအာမခံေၾကး က်ပ္ ၃ဝဝ အပါ ၁၁,၇ဝဝ က်သင့္ၿပီး ရန္ကုန္မႏၲေလး မွာ VIP ခရီးစဥ္အတြက္ တန္ဖိုး သိန္း ၄,ဝဝဝ တန္ကား (ေလယာဥ္ဒီဇိုင္း ဝန္ေဆာင္မႈကား) နဲ႔ အေရွ႕မွာ ၂ Club၂+၁၊ အေနာက္ မွာ Economy ၂+၂ စီးလို႔ရၿပီး ကိုယ္ ပိုင္တီဗီတစ္လံုးစီနဲ႔ ၾကည့္႐ႈလို႔ရတဲ့ အျပင္ ျခံဳေစာင္မ်ားကို လက္ေဆာင္ ေပးကာ မုန္႔သံုးမ်ဳိး၊ အခ်ဳိရည္သံဘူး ဝန္ေဆာင္မႈေတြ ပါတဲ့ ၂ Club  ခံု အတြက္ တစ္ေယာက္ က်ပ္ ၂ဝ,ဝဝဝ နဲ႔ Economyခံုအတြက္ က်ပ္ ၁၅,ဝဝဝ ေစ်းႏႈန္းရွိၿပီး ရန္ကုန္ေမာ္လၿမိဳင္ VIP ခရီးစဥ္အတြက္ က်ပ္ ၉,၇ဝဝ သတ္မွတ္ထားတယ္ လို႔ သိရပါတယ္။
”အခုေရတြင္းတူး၊ အခုေရၾကည္ ေသာက္လို႔ မရဘူး။ ဘယ္လုပ္ငန္း မဆို လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ဖို႔ အတြက္ ကိုယ္က အခ်ိန္တိက်ရမယ္။ အစစအရာရာ ေလးေလးစားစားရိွရ မယ္။ ကိုယ္ေရြးခ်ယ္တဲ့လုပ္ငန္းကို ခ်စ္ျမတ္ႏိုးရမယ္။ အစ္မဆို ခရီးသြား တဲ့ရက္က လြဲလို႔ အလုပ္မွာ အျမဲရွိ တယ္။ တစ္ခါမွခြင့္မယူဘူး။ ဒီလုပ္ငန္း စေတာ့ ဖက္ရွင္ဆိုင္ကို ေရာင္းလိုက္ တယ္။ ဘာလို႔လည္းဆိုေတာ့ လုပ္ငန္း တစ္ခုက အာ႐ံုမ်ားလို႔ မရဘူး” ဟု ေဒၚလဲ့လဲ့ေအးက ေျပာပါတယ္။
ၿဖိဳးလြင္ေအာင္
- See more at: http://www.thetradetimesmedia.com/?p=9811#sthash.YXCN09Dj.dpuf
Unicode
ကိုယ်ပိုင်စီးပွားရေးတည်ထောင်ဖို့ ငွေအရင်းအနှီးမတိုင်ခင် ယုံကြည်မှုနဲ့ Networking ရှိမှရမယ်။
ကိုယ်ပိုင်စီးပွားရေးတစ်ခု တည် ထောင်ဖို့အတွက် ငွေကြေး အရင်း အနှီးက အဓိကလိုအပ်တယ်ဆိုပေ မယ့် ငွေကြေးအရင်းအနှီးကို ဘယ်လို ရှာဖွေရမယ်ဆိုတာ မစဉ်းစားခင် မိမိ ကိုယ်ကို ယုံကြည်မှုနဲ့ စီးပွားရေး လုပ်ကိုင်လို့ ရမယ့် အသိုင်းအဝိုင်း Networking ရှိဖို့ လိုအပ်ကြောင်း မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ ဆောင်ရေးယာဉ်လိုင်း တည်ထောင် ထားသူ ဒေါ်လဲ့လဲ့အေးက ပြောပါ တယ်။
”အမျိုးသမီးတစ်ယောက် အဝေး ပြေးခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ကို ဦးစီးလုပ်နေတယ်။ အခက်အခဲ တွေကတော့ နေ့စဉ်ရှိတယ်။ အဓိက က ဘာလဲဆိုတဲ့ စိတ်ကူးကတော့ လူတိုင်းရှိတာပေါ့။ အဲဒီစိတ်ကူးကို ဘယ်လိုအကောင်အထည်ဖော်မလဲ။ ယုံကြည်မှုတစ်ခုဆိုတာ အခုပြော အခုတည်ဆောက်လို့ မရဘူးလေ။ ကိုယ့်မောင်နှမအချင်းချင်းပဲဖြစ်ဖြစ် အခုအချိန်မှာ လူတွေပြောတာက Financial case စီးပွားရေး အရမ်း လုပ်ချင်တာပေါ့။ ဘယ်မှာလည်း ပိုက်ဆံ။ ဒါပေမယ့် အဲဒီပိုက်ဆံ မတိုင်ခင်မှာ ယုံကြည်မှုတွေ၊ အသိုင်း အဝိုင်းတွေ Networking တွေရှိရင် စီပွားရေးက လုပ်လို့ရပြီ”လို့ ဒေါ်လဲ့ လဲ့အေးက ပြောပါတယ်။
မန္တလာမင်း အဝေးပြေးယာဉ် လိုင်းကို ၂ဝဝ၇ ခုနှစ်မှာ စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး အဲဒီမတိုင်ခင်က ယုဇနပလာဇာမှာ ဖက်ရှင်ဆိုင်ဖွင့်ပြီး စီးပွားရေး အသိုင်းအဝိုင်းတစ်ခုရရှိဖို့ အတွက် မြန်မာအမျိုးသမီးစွမ်းဆောင် ရှင်များအသင်း (MWEA) မှာ အသင်း ဝင်ကာ စီးပွားရေးအခွင့်အလမ်းတွေ ကို ရှာဖွေနေစဉ် ၂ဝဝ၆ ခုနှစ်မှာ MWEA  အသင်းက မလေးရှားနိုင်ငံ မှာ အသေးစားနဲ့ အလတ်စား စီးပွား ရေးလုပ်ငန်းများ သင်တန်းတက် ရောက်ခွင့်ရစဉ် ခရီးသွားလာရေး လုပ်ငန်းကို လေ့လာပြီး မြန်မာပြည် ပြန်ရောက်ချိန်မှာ ခရီးသွားလုပ်ငန်း ကို စတင်ခဲ့ကြောင်း သူက ပြောပါ တယ်။
”ကျောင်းပြီးတော့ ဒီနိုင်းဆိုတဲ့ နာမည်နဲ့ ဖက်ရှင်ဆိုင်အရင်ဖွင့်တယ်။ စတော့လည်း သူများနဲ့မတူအောင် ပြည်ပကနေ တိုက်ရိုက်သွင်းချင် တယ်။ အဲဒီတုန်းက နိုင်ငံခြားထွက်ဖို့ အရမ်းခက်တယ်။ ခက်တော့ ဘာ လုပ်လည်းဆိုတော့ MWEA ဆိုတာ မြန်မာအမျိုးသမီး စွမ်းဆောင်ရှင် များအသင်း၊ အဲဒီမှာ အမျိုးသမီးတွေ ချည်းပဲ။ တကယ်စီးပွားရေးလုပ်နေ တဲ့ အမျိုးသမီးတွေချည်းပဲ။ အဲဒီမှာ Networking ရပြီလေ။ အဲဒီအသင်း ဝင်ထားရင် အဲဒီတုန်းက နိုင်ငံခြား ထွက်လို့ရတယ်။ အသင်းဝင်ပြီးတော့ အဲဒီက အမျိုးသမီးကြီးတွေ ဘာလုပ် လဲ Networking ကို လိုက်မေးတာ။ အဲဒီမှာ လုပ်ငန်းရှင်တွေ အများကြီး တွေ့လာတယ်။ တကယ့်နာမည်ကြီး တဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် တွေကို လေ့လာခွင့်ရခဲ့တယ်။ ၂ဝဝ၆ မှာ သူတို့က သင်တန်းတက်ခိုင်းတယ်။ မလေးရှားမှာ SME သင်တန်းသွား တက်တဲ့အချိန်မှာပဲ သူတို့က ဘာလို လည်းဆိုတော့ Transportation ပဲ။ ဘယ်နေရာသွားသွား အဆင်ပြေလား လို့ မေးတယ်။ ဘာအတွက်ကြောင့် မေးတာလည်းဆိုတော့ ဒီခရီးသွား လုပ်ငန်းတစ်ခုအဆင်ပြေရင် လူတွေ ရဲ့ စီးပွားရေး၊ လူမှုရေး အကုန် ပြောင်းသွားတယ်တဲ့။အဲဒီမှာ ဒေသ တစ်ခုနဲ့တစ်ခုရဲ့ အကွာအဝေးတွေ၊ အခွင့်အရေးတွေက ဘယ်လိုတွေ ရှိတယ်ဆိုတာ ဖလှယ်ကြတယ်။ ပြန်လာတဲ့အချိန်မှာ မန္တလာမင်းဆို တဲ့ အဆင့်မြင့်ခရီးသည် ပို့ဆောင် ရေးလုပ်ငန်းကို တည်ထောင်ဖြစ်ခဲ့ တယ်” လို့ ဒေါ်လဲ့လဲ့အေးက ပြော ပါတယ်။
အမျိုးသမီးတစ်ယောက်အနေ နဲ့ အဝေးပြေးခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကို ဦးဆောင်လုပ်နေရတဲ့ အတွက် အခက်အခဲတွေ နေ့စဉ် တွေ့ကြုံရပြီး လက်ရှိ ကားအစီးရေ ၆ဝ နဲ့ မြို့ပေါင်း ၁၄ မြို့၊ ခရီးစဉ် ပေါင်း ၁၈ ခုနဲ့ တစ်ရက်ကို ခရီး သည် ၂,ဝဝဝ ကျော် ဝန်ဆောင်မှု ပေးလျက်ရှိပြီး နိုင်ငံဖြတ်ကျော် ခရီး သွားလုပ်ငန်းများ ခွင့်ပြုပါက နိုင်ငံ ရပ်ခြား ခရီးစဉ်တွေကိုပါ တိုးချဲ့ပြေး ဆွဲသွားမယ်လို့ ဆိုပါတယ်။
ဦးစီးလုပ်ကိုင်သူ - ဒေါ်လဲ့လဲ့အေး
ဦးစီးလုပ်ကိုင်သူ – ဒေါ်လဲ့လဲ့အေး
ဝန်ထမ်းအင်အား ၅ဝဝ ကို ဂိတ်ပိုင်းနဲ့ ကားပိုင်း နှစ်ပိုင်းခွဲပြီးတော့ သက်ဆိုင်ရာခေါင်းဆောင်ပိုင်းတာဝန် ပြန်ခွဲပေးတဲ့စနစ်နဲ့ အုပ်ချုပ်စေပြီး အပတ်စဉ် ရန်ကုန်ရုံးမှာ အစည်း အဝေးပြုလုပ်ကာ ယာဉ်မယ်တွေကို လည်း ရှေးဦးသူနာပြုနည်း၊ English Speaking၊ ဝန်ဆောင်မှု သင်တန်း များပေးပြီး ယာဉ်မယ်များရဲ့ လုံခြုံမှု အတွက် သီးသန့်နားနေဆောင်များ ထားပေးခြင်း၊ ဝန်ထမ်း သာရေး၊ နာရေးအတွက် ရန်ပုံငွေပဒေသာပင် ထောင်ပြီး မိသားစုစိတ်ဓာတ်နဲ့ အုပ် ချုပ်တယ်လို့ သူက ပြောပါတယ်။
”ယာဉ်မယ်တွေကို ၂ဝ၁၂ ကနေ စပြီးတော့ ထားလာကြတယ်။ ဒီမှာ ယာဉ်မယ် စထားတာက ဂျေဂျေယာဉ် လိုင်းက စခဲ့တာ။ အစ်မတို့လည်း စောင့်ကြည့်တာပေါ့။ အစ်မဆို ဘန် ကောက်၊ ချင်းမိုင် ကားတွေ လိုက်စီး ကြည့်ပြီး လေ့လာတယ်။ ယာဉ်မယ် တွေကို သင်တန်းသေသေချာချာ ပေး တယ်။ လေယာဉ်မယ်တွေအတိုင်း လေ့ကျင့်ပေးတယ်။ ယူကေက သင်ရိုး အတိုင်း ဆရာခေါ်ပြီးသင်ပေးတယ်။ ဧည့်သည်က ဗိုက်နာတာတို့၊ ခေါင်း ကိုက်တာတို့ဖြစ်ရင် အရေးပေါ်ပြုစု နိုင်အောင် ရှေးဦးသူနာပြုနည်းတွေ သင်ပေးတယ်။ ကားပေါ်မှာလည်း အိမ်သုံးဆေးဝါးလေးတွေ ထားပေး တယ်။ နိုင်ငံခြားသားတွေလည်း စီး ကြတယ်ဆိုတော့ Speaking လည်း သင်ပေးတယ်။ သူတို့လုံခြုံမှုအတွက် သီးသန့်နားနေဆောင် လုပ်ပေးထား တယ်။ လုံးဝ ယောကျ်ားလေးတက် လို့ မရဘူး။
”ကားတစ်ခေါက် ပြန်လာတိုင်း ယာဉ်မယ်နဲ့ ပတ်သက်လို့ဖြစ်စေ၊ လမ်းက ထမင်းဆိုင်နဲ့ ပတ်သက်လို့ ဖြစ်စေ၊ ခရီးသည်က အကြံပေးတာပဲ ဖြစ်စေ ဒါမျိုးတွေကို တိုက်ရိုက်ရေး ခိုင်းတော့ သူတို့ ဘာဖြစ်ချင်တယ်ဆို တာကို တိုက်ရိုက်သိရလို့ သူတို့ကို အခွင့်အရေးပြန်ပေးလို့ရတာပေါ့”လို့ ဝန်ထမ်းအုပ်ချုပ်မှုပိုင်းနဲ့ပတ်သက် ပြီး သူက ရှင်းပြပါတယ်။
ယာဉ်လိုင်းအချင်းချင်း ညှိနှိုင်း လုပ်ကိုင်နိုင်အောင် ကုန်းလမ်းခရီး သည် ပို့ဆောင်ရေးအသင်းဖွဲ့လိုက် တဲ့အတွက် ခရီးစဉ် အတွေ့အကြုံ တွေကို ဖလှယ်ပြီး ညှိနှိုင်းဆောင်ရွက် ရတာကြောင့် ပြိုင်ဆိုင်မှုတွေ မရှိဘူး လို့ ဆိုပါတယ်။
”အခု ကုန်းလမ်းခရီးသည်ပို့ ဆောင်ရေး အသင်းဖွဲ့လိုက်တော့ ပြိုင်ဆိုင်မှုက အရင်ခေတ်ကလို မရှိ တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းတိုင်ပင်ပြီးလုပ်တော့ ဒီလိုင်း ကို ဘယ်သူဆွဲနေသလဲ။ ဘယ်လို အခြေအနေရှိသလဲ။ သူတို့ကတော့ တစ်စီးတည်းဆိုရင်တော့ လူပြည့် တယ်။ နောက်တစ်စီးဆိုရင်တော့ လူဟသွားမယ်ဆိုရင် အစ်မတို့က မဆွဲတော့ဘူး။ ခရီးသည်လည်း ဖူလုံ နေတယ်။ ယာဉ်လိုင်းလည်း ဖူလုံနေ တယ်ဆိုရင် သူလည်းပျက်စီး၊ ကိုယ် လည်း ပျက်စီးမယ့်ဟာကို မလုပ် ဘူး။ သူ့ပရိသတ်၊ ကိုယ့်ပရိသတ် ရှိတယ်။ ဝန်ဆောင်မှုတွေက အခု နောက်ပိုင်း အရမ်းမကွာတော့ဘူး” လို့ ဒေါ်လဲ့လဲ့အေးက ပြောပါတယ်။
ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ အတွက် ကားတွေကို မော်ဒယ်အသစ် တွေသာ အသုံးပြုပြီး အကောင်းဆုံး တာယာတွေနဲ့ ခရီးစဉ်တစ်ခုအတွက် ယာဉ်မောင်း နှစ်ယောက်ကို ထားပေး တယ်လို့ သိရပါတယ်။
”အစ်မ ယာဉ်လိုင်းထောင်တာ ခုနစ်နှစ်ရှိပြီ။ အစ်မရဲ့ယာဉ်လိုင်းမှာ ခရီးသည် အသေအပျောက်မရှိသေး ဘူး။ အဓိကက စီမံအုပ်ချုပ်မှု အရေး ကြီးတယ်။ ကားကြံ့ခိုင်မှု အရေးကြီး တယ်။ ကားကို မော်ဒယ်အဟောင်း လုံးဝမသုံးဘူး။ အမြဲ update လုပ် တယ်။ အစ်မလိုင်းမှာ ကားစဆွဲက တည်းက တာယာကို အကောင်းစားပဲ သုံးတယ်။ ယာဉ်မောင်းကို နှစ်ယောက် ထားပြီး ခရီးစဉ်တစ်ခုကို အလှည့်ကျ မောင်းခိုင်းတယ်။ ဖြစ်ပြီးမှ ဘာမှ လုပ်လို့ မရဘူး။ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ရတာပါ”လို့လည်း ဒေါ်လဲ့လဲ့အေးက ပြောပါတယ်။
ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ နဲ့ပတ်သက်ပြီး သူက ဆက်လက် ပြောကြားရာမှာ ”အရင်းအနှီးအနေ နဲ့ဆို နည်းနည်းပြောရခက်တယ်။ အစ်မတို့ စလုပ်တုန်းကတော့ ကား ခြောက်စီးရှိရင် ရတယ်။ အခုဆိုရင် ခရီးစဉ်ပေါ် မူတည်ပြီး အနည်းဆုံး ကား ၁ဝ စီးရှိတယ်။ အရင်တုန်းက ကားတွေက ဖူဆိုတို့ ဘာတို့ သုံးကြ တယ်။ အခုက ဈေးကွက်ကို တကယ် လုပ်မယ်ဆိုရင် brand news တောင် မှ ညာမောင်း မရတော့ဘူး။ ဘယ် မောင်းမှ။ ဒါမှလည်း လက်ရှိသုံးနေ တဲ့ ဈေးကွက်ထဲမှာ သူများထက် မသာရင်တောင် သူများနဲ့ တန်း တူမှ ယှဉ်နိုင်မယ်လေ။ ပိုင်ရှင် တစ် ယောက်အနေနဲ့ဆို ကားတစ်စီးကို အနည်းဆုံး သိန်း ၂,၅ဝဝ လောက် ရင်းရမယ်။ အစ်မတို့ကတော့ ကားကို ကုမ္ပဏီနဲ့ပဲ ချိတ်ဆက်ပြီး ဝယ်တယ်။ ကုမ္ပဏီနဲ့ဆိုတော့ စိတ်ချရတယ်။ အရစ်ကျစနစ်လည်း ရတယ်” လို့ သူက ပြောပါတယ်။
ယခင်က အဝေးပြေးခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းမှာ ကားပိုင် မရှိသော်လည်း ဂိတ်ခန်းဝယ်ယူကာ တိုင်းဒေသကြီးအစိုးရဆီမှာ လိုင်စင် ယူပြီး ကားပိုင်ရှင်တွေကို ရှယ်ယာ ခေါ်ယူတဲ့စနစ်နဲ့ လုပ်ကိုင်သူတွေ ရှိခဲ့ပြီး ယခုအခါ အဲဒီလိုလုပ်ကိုင် တဲ့သူ တစ်ဦး၊ နှစ်ဦးသာ ရှိတယ်လို့ ဆိုပါတယ်။
ခရီးသည်တွေအတွက် ကားတွေကို မော်ဒယ်အဟောင်းတွေ မသုံးတော့ဘဲ့စိအေန ဖြစ်တဲ့ ကားသစ် တွေကိုသာ အသုံးပြုတဲ့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခု ဖြစ်လာပြီ ...
ခရီးသည်တွေအတွက် ကားတွေကို မော်ဒယ်အဟောင်းတွေ မသုံးတော့ဘဲ Update  ဖြစ်တဲ့ ကားသစ်
တွေကိုသာ အသုံးပြုတဲ့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခု ဖြစ်လာပြီ …
ခရီးစဉ်ဈေးနှုန်းတွေကို မထသ မှ သတ်မှတ်ထားတဲ့အတိုင်း ရန်ကုန်နေပြည်တော် ကျပ် ၅,၉ဝဝ၊ ရန်ကုန်မော်လမြိုင် ကျပ် ၅,၉ဝဝ နဲ့ အမြင့်ဆုံ း ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြင်ဦး လွင် ခရီးသွားအာမခံကြေး ကျပ် ၃ဝဝ အပါ ၁၁,၇ဝဝ ကျသင့်ပြီး ရန်ကုန်မန္တလေး မှာ VIP ခရီးစဉ်အတွက် တန်ဖိုး သိန်း ၄,ဝဝဝ တန်ကား (လေယာဉ်ဒီဇိုင်း ဝန်ဆောင်မှုကား) နဲ့ အရှေ့မှာ ၂ Club၂+၁၊ အနောက် မှာ Economy ၂+၂ စီးလို့ရပြီး ကိုယ် ပိုင်တီဗီတစ်လုံးစီနဲ့ ကြည့်ရှုလို့ရတဲ့ အပြင် ခြုံစောင်များကို လက်ဆောင် ပေးကာ မုန့်သုံးမျိုး၊ အချိုရည်သံဘူး ဝန်ဆောင်မှုတွေ ပါတဲ့ ၂ Club  ခုံ အတွက် တစ်ယောက် ကျပ် ၂ဝ,ဝဝဝ နဲ့ Economyခုံအတွက် ကျပ် ၁၅,ဝဝဝ ဈေးနှုန်းရှိပြီး ရန်ကုန်မော်လမြိုင် VIP ခရီးစဉ်အတွက် ကျပ် ၉,၇ဝဝ သတ်မှတ်ထားတယ် လို့ သိရပါတယ်။
”အခုရေတွင်းတူး၊ အခုရေကြည် သောက်လို့ မရဘူး။ ဘယ်လုပ်ငန်း မဆို လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ အတွက် ကိုယ်က အချိန်တိကျရမယ်။ အစစအရာရာ လေးလေးစားစားရှိရ မယ်။ ကိုယ်ရွေးချယ်တဲ့လုပ်ငန်းကို ချစ်မြတ်နိုးရမယ်။ အစ်မဆို ခရီးသွား တဲ့ရက်က လွဲလို့ အလုပ်မှာ အမြဲရှိ တယ်။ တစ်ခါမှခွင့်မယူဘူး။ ဒီလုပ်ငန်း စတော့ ဖက်ရှင်ဆိုင်ကို ရောင်းလိုက် တယ်။ ဘာလို့လည်းဆိုတော့ လုပ်ငန်း တစ်ခုက အာရုံများလို့ မရဘူး” ဟု ဒေါ်လဲ့လဲ့အေးက ပြောပါတယ်။
ဖြိုးလွင်အောင်
- See more at: http://www.thetradetimesmedia.com/?p=9811#sthash.YXCN09Dj.dpuf