Friday, January 1, 2016

Space Pen ၏ ျဖစ္ရပ္မွန္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အာကာသထဲကခဲတံကိစၥ ေဆာင္းပါးေရးျပီးသြားေတာ႕ ရွရွားေကာ္စမုိေနာ႕ေတြရဲ႕ျဖစ္ရပ္အမွန္ကို ရွင္းျပခ်င္ပါေသးတယ္။ အေၾကာင္းက လူေတြက အျဖစ္မွန္ကိုရွာေဖြေျပာဆုိမယ္႕အစား အေမရိကန္ကိုေလွာင္ေျပာင္ဖို႕ ဆႏၵေစာျပီး ပါးစပ္အရသာခံေျပာေနၾကတဲ႕အခါ ဒီယံုတမ္းစကားရဲ႕သက္တမ္းက ပိုရွည္ၾကာခဲ႕ရတယ္။
.
.
ရိုးရိုးေဘာပင္ကိုသံုးတဲ႕အခါ ကမၻာေျမဆြဲအားမရွိတဲ႕အာကာသမွာ မင္အိုး - Cartridge ထဲက မင္မထြက္ေတာ႕ အခက္အခဲျဖစ္ၾကတယ္။ အမွန္ကရုရွားတုိ႕ အာကာသထဲမွာ ခဲတံသံုးခဲ႕သလား မသံုးခဲ႕ဘူးလားဆိုတာ ဘယ္သူကမွအတည္မျပဳႏုိင္ေပမယ္႕ ဘေလာ႕ဂ္တစ္ခုမွာေတာ႕ အေမရိကန္ေရာ ရုရွားေရာ အာကာသထဲမွာ ခဲတံသုံးခဲ႕တယ္လို႕ ေရးထားပါတယ္။
.
ခဲတံသံုးရင္းသံုးရင္း နဲ႕ တံုးသြားရင္ဘယ္လုိလုပ္မလဲ? ေနာက္တစ္ခုက အာကာသထဲမွာ ခဲတံဘယ္လုိခြ်န္မလဲ? စတဲ႕အခက္အခဲကိုေျဖရွင္းဖို႕ အေမရိကန္က တစ္ေခ်ာင္းကို ( ၁၂၈ ) ေဒၚလာေပးရတဲ႕ ခဲဆံေဘာပင္ - Mechanical Pencil သံုးၾကည္႕တယ္။ ခဲဆစ္က်ိဳးသြားတဲ႕အခါ အဲဒီအပိုင္းအစေလးက အာကာသေလဟာနယ္ထဲမွာ ေသးေသးေလးနဲ႕လြင္႕ေနေတာ႕ အဆင္မေျပျပန္ပါဘူး။ အထူးသျဖင္႕ ခဲဆံကထြက္တဲ႕ ဂရပ္ဖိုက္ - Graphite ဓါတ္ဟာ လွ်ပ္စစ္စီးေၾကာင္းရွာျပီးကပ္တြယ္တတ္သလို စက္ပစၥည္းေတြရဲ႕လည္ပတ္မႈကုိအေႏွာင္႕အယွက္ေပးတတ္ေတာ႕ ဆက္မသံုးျဖစ္ေတာ႕ပါဘူး။
.
တစ္ဖန္ ရုရွားေတြက အမ်ိဳးသမီးေတြမ်က္လံုးလွေအာင္ဆဲြတဲ႕ အလွကုန္မ်က္ခံုးေမႊးဆြဲတံနဲ႕ဆင္တူတဲ႕ “ ၾကိဳးဆြဲခဲတံ ” လိုမ်ိဳး သံုးစြဲခဲ႕တယ္။ တံုးသြားတဲ႕အခါ တစ္ရစ္ထပ္ခြာလုိက္ရံုနဲ႕ အေမရိကန္ထက္အဆင္ေျပတယ္ဆိုျပီးေတာ႕ကို ေၾကြးေၾကာ္ခဲ႕ေသးတာပါ။ အထဲကခဲဆံကိုေတာ႕ ပ်စ္ခဲဆီတစ္မ်ိဳးနဲ႕အထူးျပဳလုပ္ထားျပီး Grease Pencil လို႕ နာမည္ေပးထားပါတယ္။ ဒါကလည္း အခ်ိန္တစ္ခုအထိ ေကာ္စမိုေနာ႕ေတြအတြက္ အဆင္မေျပျပန္ပါဘူး။ အလုပ္အတြက္ ရွရွားအာကာသယာဥ္မွဴးေတြဟာ စာေရးတာထက္ ခဲတံအတံုးၾကီးနဲ႕ ပံုဆြဲေနရသကဲ႕သို႕ ျဖစ္ေနရတာက သူတို႕အတြက္ တစ္ဒုကၡပါ။ ေဘးထြက္ဆုိးက်ိဳးအေနနဲ႕ ခြာလုိက္တဲ႕ စကၠဴစေတြက ယာဥ္ထဲမွာ ပလူပ်ံေနတဲ႕အခါ ပိုလို႕ေတာင္အမိႈက္ရႈပ္လာပါေတာ႕တယ္။

.
ေနာက္ထပ္သံုးစြဲလာတဲ႕ မီးနဲ႕အပူေပးျပီးလုပ္ရတဲ႕ ေဘာပင္တစ္မ်ိဳးရွိခဲ႕ပါေသးတယ္။ ဒါေပမယ္႕ အေပၚလုိ ( ၁၁ ) – Apollo 11 အာကာသယာဥ္မီးေလာင္ပ်က္က်သြားတဲ႕အခါ မည္သည္႕မီးေလာင္ႏုိင္တဲ႕အရာဝတၳဳ -  Any Inflammable Substance ကုိမွ် NASA က ခြင္႕မျပဳေတာ႕တဲ႕အခါ အာကာသေဘာပင္ဇာတ္လမ္းက ဆက္ရန္ရွိေသးသည္ဆိုတဲ႕ ဇာတ္လမ္းတြဲၾကီးသဖြယ္ျဖစ္ေနပါေတာ႕တယ္။
.
.
( ၁၉၆၅ ) ခုႏွစ္မွာ အင္ဂ်င္နီယာ ေပါလ္ဖစ္ရွာ - Paul Fisher ဟာ မင္တစ္မ်ိဳးကို မူပိုင္ခြင္႕တင္ခဲ႕ျပီး အာကာသေဘာပင္ေလာကရဲ႕အခက္အခဲကို တစ္စခန္းရပ္သြားေစခဲ႕တယ္။ ပထမဦးဆံုးသူထြင္တဲ႕ အာကာသေဘာပင္မွာ ဖိအားေပးထားတဲ႕မင္အိုးထဲကမင္ဟာအျပင္ကိုထြက္ႏုိင္ဖို႕ ဘယ္လိုဆြဲအားမွ မလိုအပ္ပါဘူး။ အထပ္ထပ္အဖန္ဖန္စမ္းသပ္ထားတဲ႕ ဖစ္ရွာရဲဲ႕ “ ဆြဲအားမဲ႕ေဘာပင္ - Anti-Gravity Space Pen ” ကို NASA က လက္ခံသံုးစြဲဖုိ႕အခ်ိန္က်ေရာက္လာပါတယ္။
.
( ၁၉၆၇ ) ခုႏွစ္မွာ ပေရာဂ်က္အေပၚလုိ - Project Apollo အတြက္ ဖစ္ရွာ ထံကေန NASA က အာကာသေဘာပင္အေခ်ာင္း ( ၄ဝဝ ) မွာယူခဲ႕တဲ႕အခါမွာ တစ္္ေခ်ာင္းကို ( ၆ ) ေဒၚလာသာ က်သင္႕ပါေတာ႕တယ္။
.
ဒါနဲ႕မေရွးမေႏွာင္းမွာ ရုရွားႏုိင္ငံက အေမရိကန္ကုမၸဏီ Fisher Space Pen Co. ကေန အာကာသေဘာပင္ ( ၁ဝဝ ) ေခ်ာင္း နဲ႕ မင္အိုး ( ၁ဝဝဝ ) ဝယ္ယူခဲ႕တယ္။ ေနာက္ပိုင္းမွာေတာ႕ အာကာသကိုၾကီးစိုးထားတဲ႕ စစ္ေအးႏုိင္ငံႏွစ္ခုစလံုး Space Pen ကို တစ္စိုက္မတ္မတ္ဝယ္ယူသံုးစြဲလာၾကတယ္။
.
.
အေမရိကန္ႏုိင္ငံသားျဖစ္တဲ႕ ေပါလ္ဖစ္ရွာကို NASA က အာကာသေဘာပင္ ကို စမ္းသပ္ဖို႕မတိုက္တြန္းခဲ႕ပါဘူး။ ဖစ္ရွာ ကိုယ္တုိင္ သူ႕ကိုယ္ပုိင္ေငြနဲ႕ အပင္ပန္းခံၾကိဳးစားျပီးအေကာင္အထည္ေဖာ္ခဲ႕တဲ႕ေငြပမာဏကေတာ႕ ေဒၚလာ ( ၁ ) သန္း ျဖစ္ပါတယ္္တဲ႕ဗ်ား..။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
ရည္ညႊန္းကိုးကား - www.mentalfloss.com, www.spacepen.com, NASA Home Page
.
.
.
Myanmar Unicode Version:
.
.
“ Space Pen ၏ ဖြစ်ရပ်မှန် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အာကာသထဲကခဲတံကိစ္စ ဆောင်းပါးရေးပြီးသွားတော့ ရှရှားကော်စမိုနော့တွေရဲ့ဖြစ်ရပ်အမှန်ကို ရှင်းပြချင်ပါသေးတယ်။ အကြောင်းက လူတွေက အဖြစ်မှန်ကိုရှာဖွေပြောဆိုမယ့်အစား အမေရိကန်ကိုလှောင်ပြောင်ဖို့ ဆန္ဒစောပြီး ပါးစပ်အရသာခံပြောနေကြတဲ့အခါ ဒီယုံတမ်းစကားရဲ့သက်တမ်းက ပိုရှည်ကြာခဲ့ရတယ်။
.
.
ရိုးရိုးဘောပင်ကိုသုံးတဲ့အခါ ကမ္ဘာမြေဆွဲအားမရှိတဲ့အာကာသမှာ မင်အိုး - Cartridge ထဲက မင်မထွက်တော့ အခက်အခဲဖြစ်ကြတယ်။ အမှန်ကရုရှားတို့ အာကာသထဲမှာ ခဲတံသုံးခဲ့သလား မသုံးခဲ့ဘူးလားဆိုတာ ဘယ်သူကမှအတည်မပြုနိုင်ပေမယ့် ဘလော့ဂ်တစ်ခုမှာတော့ အမေရိကန်ရော ရုရှားရော အာကာသထဲမှာ ခဲတံသုံးခဲ့တယ်လို့ ရေးထားပါတယ်။
.
ခဲတံသုံးရင်းသုံးရင်း နဲ့ တုံးသွားရင်ဘယ်လိုလုပ်မလဲ? နောက်တစ်ခုက အာကာသထဲမှာ ခဲတံဘယ်လိုချွန်မလဲ? စတဲ့အခက်အခဲကိုဖြေရှင်းဖို့ အမေရိကန်က တစ်ချောင်းကို ( ၁၂၈ ) ဒေါ်လာပေးရတဲ့ ခဲဆံဘောပင် - Mechanical Pencil သုံးကြည့်တယ်။ ခဲဆစ်ကျိုးသွားတဲ့အခါ အဲဒီအပိုင်းအစလေးက အာကာသလေဟာနယ်ထဲမှာ သေးသေးလေးနဲ့လွင့်နေတော့ အဆင်မပြေပြန်ပါဘူး။ အထူးသဖြင့် ခဲဆံကထွက်တဲ့ ဂရပ်ဖိုက် - Graphite ဓါတ်ဟာ လျှပ်စစ်စီးကြောင်းရှာပြီးကပ်တွယ်တတ်သလို စက်ပစ္စည်းတွေရဲ့လည်ပတ်မှုကိုအနှောင့်အယှက်ပေးတတ်တော့ ဆက်မသုံးဖြစ်တော့ပါဘူး။
.
တစ်ဖန် ရုရှားတွေက အမျိုးသမီးတွေမျက်လုံးလှအောင်ဆွဲတဲ့ အလှကုန်မျက်ခုံးမွှေးဆွဲတံနဲ့ဆင်တူတဲ့ “ ကြိုးဆွဲခဲတံ ” လိုမျိုး သုံးစွဲခဲ့တယ်။ တုံးသွားတဲ့အခါ တစ်ရစ်ထပ်ခွာလိုက်ရုံနဲ့ အမေရိကန်ထက်အဆင်ပြေတယ်ဆိုပြီးတော့ကို ကြွေးကြော်ခဲ့သေးတာပါ။ အထဲကခဲဆံကိုတော့ ပျစ်ခဲဆီတစ်မျိုးနဲ့အထူးပြုလုပ်ထားပြီး Grease Pencil လို့ နာမည်ပေးထားပါတယ်။ ဒါကလည်း အချိန်တစ်ခုအထိ ကော်စမိုနော့တွေအတွက် အဆင်မပြေပြန်ပါဘူး။ အလုပ်အတွက် ရှရှားအာကာသယာဉ်မှူးတွေဟာ စာရေးတာထက် ခဲတံအတုံးကြီးနဲ့ ပုံဆွဲနေရသကဲ့သို့ ဖြစ်နေရတာက သူတို့အတွက် တစ်ဒုက္ခပါ။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခွာလိုက်တဲ့ စက္ကူစတွေက ယာဉ်ထဲမှာ ပလူပျံနေတဲ့အခါ ပိုလို့တောင်အမှိုက်ရှုပ်လာပါတော့တယ်။
.
နောက်ထပ်သုံးစွဲလာတဲ့ မီးနဲ့အပူပေးပြီးလုပ်ရတဲ့ ဘောပင်တစ်မျိုးရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အပေါ်လို ( ၁၁ ) – Apollo 11 အာကာသယာဉ်မီးလောင်ပျက်ကျသွားတဲ့အခါ မည်သည့်မီးလောင်နိုင်တဲ့အရာဝတ္ထု -  Any Inflammable Substance ကိုမျှ NASA က ခွင့်မပြုတော့တဲ့အခါ အာကာသဘောပင်ဇာတ်လမ်းက ဆက်ရန်ရှိသေးသည်ဆိုတဲ့ ဇာတ်လမ်းတွဲကြီးသဖွယ်ဖြစ်နေပါတော့တယ်။
.
.
( ၁၉၆၅ ) ခုနှစ်မှာ အင်ဂျင်နီယာ ပေါလ်ဖစ်ရှာ - Paul Fisher ဟာ မင်တစ်မျိုးကို မူပိုင်ခွင့်တင်ခဲ့ပြီး အာကာသဘောပင်လောကရဲ့အခက်အခဲကို တစ်စခန်းရပ်သွားစေခဲ့တယ်။ ပထမဦးဆုံးသူထွင်တဲ့ အာကာသဘောပင်မှာ ဖိအားပေးထားတဲ့မင်အိုးထဲကမင်ဟာအပြင်ကိုထွက်နိုင်ဖို့ ဘယ်လိုဆွဲအားမှ မလိုအပ်ပါဘူး။ အထပ်ထပ်အဖန်ဖန်စမ်းသပ်ထားတဲ့ ဖစ်ရှာရဲ့ “ ဆွဲအားမဲ့ဘောပင် - Anti-Gravity Space Pen ” ကို NASA က လက်ခံသုံးစွဲဖို့အချိန်ကျရောက်လာပါတယ်။
.
( ၁၉၆၇ ) ခုနှစ်မှာ ပရောဂျက်အပေါ်လို - Project Apollo အတွက် ဖစ်ရှာ ထံကနေ NASA က အာကာသဘောပင်အချောင်း ( ၄ဝဝ ) မှာယူခဲ့တဲ့အခါမှာ တစ်ချောင်းကို ( ၆ ) ဒေါ်လာသာ ကျသင့်ပါတော့တယ်။
.
ဒါနဲ့မရှေးမနှောင်းမှာ ရုရှားနိုင်ငံက အမေရိကန်ကုမ္ပဏီ Fisher Space Pen Co. ကနေ အာကာသဘောပင် ( ၁ဝဝ ) ချောင်း နဲ့ မင်အိုး ( ၁ဝဝဝ ) ဝယ်ယူခဲ့တယ်။ နောက်ပိုင်းမှာတော့ အာကာသကိုကြီးစိုးထားတဲ့ စစ်အေးနိုင်ငံနှစ်ခုစလုံး Space Pen ကို တစ်စိုက်မတ်မတ်ဝယ်ယူသုံးစွဲလာကြတယ်။
.
.
အမေရိကန်နိုင်ငံသားဖြစ်တဲ့ ပေါလ်ဖစ်ရှာကို NASA က အာကာသဘောပင် ကို စမ်းသပ်ဖို့မတိုက်တွန်းခဲ့ပါဘူး။ ဖစ်ရှာ ကိုယ်တိုင် သူ့ကိုယ်ပိုင်ငွေနဲ့ အပင်ပန်းခံကြိုးစားပြီးအကောင်အထည်ဖော်ခဲ့တဲ့ငွေပမာဏကတော့ ဒေါ်လာ ( ၁ ) သန်း ဖြစ်ပါတယ်တဲ့ဗျား..။
.
ခင်မင်ခြင်းများစွာဖြင့်
.
ရည်ညွှန်းကိုးကား - www.mentalfloss.com, www.spacepen.com, NASA Home Page
.
“ Space Pen ၏ ျဖစ္ရပ္မွန္ ”  စာမူသည္ ၂ဝ၁၅ ခုႏွစ္၊  ေအာက္တိုဘာလ ( ၁ဝ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/i89bzgttovg5vdz/NetGuide+Vol.4%2C+No.5.pdf

HAPPY NEW YEAR 2016

ႏွစ္သစ္မွာ အဘိုး အဘြား အေဖ အေမ ဆရာ ဆရာမ မ်ားႏွင့္ အေပါင္းသင္း မိတ္ေဆြ သူငယ္ခ်င္း ညီအကိုေမာင္ႏွမမ်ားအားလုံး......
ႏွစ္ေဟာင္းမွ မေကာင္းတဲ့ အခ်က္ေတြကို ထားခဲ့ၿပီး ေကာင္းတဲ့အခ်က္ေလးမ်ားနဲ႔ ႏွစ္သစ္ကို စိတ္သစ္ လူသစ္ ခြန္အားသစ္ အေတြးျမင္သစ္ ေကာင္းတဲ့အေၾကာင္းရာအသစ္ေတြနဲ႔ စလိုက္ၾကရေအာင္ခင္ဗ်ာ.......
အားလုံး စိတ္၏ခ်မ္းသာျခင္း ကိုယ္၏ က်န္းမာျခင္းတို႔နဲ႔ ျပည့္စုံႏိုင္ၾကပါေစခင္ဗ်ာ.....

Unicode
နှစ်သစ်မှာ အဘိုး အဘွား အဖေ အမေ ဆရာ ဆရာမ များနှင့် အပေါင်းသင်း မိတ်ဆွေ သူငယ်ချင်း ညီအကိုမောင်နှမများအားလုံး......
နှစ်ဟောင်းမှ မကောင်းတဲ့ အချက်တွေကို ထားခဲ့ပြီး ကောင်းတဲ့အချက်လေးများနဲ့ နှစ်သစ်ကို စိတ်သစ် လူသစ် ခွန်အားသစ် အတွေးမြင်သစ် ကောင်းတဲ့အကြောင်းရာအသစ်တွေနဲ့ စလိုက်ကြရအောင်ခင်ဗျာ.......
အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေခင်ဗျာ.....

Thursday, December 31, 2015

Xiaomi Phone မ်ား အတုအစစ္ခြဲနည္း

Xiaomi Phone မ်ားတြင္ တရုတ္ႏုိင္ငံက ထုတ္တဲ႔ ပစၥည္းႏွင္႔ ႏိုင္ငံျခားက ထုတ္တဲ႔ ပစၥည္း ဟူ၍ (၂မ်ိဳး)   ျမန္မာႏိုင္ငံ အတြင္းသုိ႔ ၀င္ေရာက္ပါသည္။ တရုတ္ႏုိင္ငံက ထုတ္ေသာ ပစၥည္းတြင္ ဘူးရဲ႕ အေနာက္တြင္
ခဲနဲ႔အုပ္ထားတဲ႔ Security code ပါရွိပါသည္။ (ပုံ ၁တြင္ ၾကည္႔ရန္ )
ျမန္မာႏုိင္ငံကို ၀င္တဲ႔ အလုံးေတြကေတာ႔ အမ်ားစု တရုတ္ႏုိင္ငံႏွင္႔ စင္ကာပူ ႏုိင္ငံတုိ႔ကဘဲ ျဖစ္ပါတယ္…
စင္ကာပူအလုံးတြင္ေတာ႔ Complies with IDA Standards ဆိုတဲ႔ စာသား ပါရွိပါသည္။ (ပုံ ၂တြင္ ၾကည္႔ရန္)

အဲလုိ ပုံစံမ်ိဳးေတြ မပါပါက အတုူဟူ၍လည္း သတ္မွတ္ႏုိင္ပါသည္။ ဒါကေတာ႔ ဘူးကုိ ၾကည္႔ျပီး ေလ႔လာတဲ႔ သေဘာ ျဖစ္ပါသည္။
ခဲနဲ႔အုပ္ထားတဲ႔ Security code ပါရင္ေတာ႔ ခဲကိုျခစ္လုိက္ပါ။ နံပတ္ အလုံး ၂၀ ေတြ႔ရွိရမွာ ျဖစ္ပါတယ္. အဲ႔ဒီနံပတ္ကို ယူျပီးhttp://www.mi.com/verify/ မွာ သြားျပီး စစ္ေဆးေပးပါ။ စစ္လိုက္တဲ႔ အခါမွာ အစစ္ဆိုရင္ ထုတ္လုပ္တဲ႔ Date / ေရာင္းလုိက္တဲ႔ Date ေတြ ပါရွိမွာ ျဖစ္ပါတယ္။
IMEI နံပတ္ႏွင္႔ စစ္နည္း
IMEI နံပတ္ႏွင္႔ စစ္နည္းတြင္ေတာ႔ တရုတ္ အလုံးတြင္ေတာ႔ http://order.mi.com/service/imei အဲ႔ဒီမွာ စစ္ေဆးႏုိင္ပါသည္။ တစ္ျခား Region အလုံးတြင္ေတာ႔ http://www.imei.info/ တြင္ စစ္ေဆးႏုိင္ပါသည္။
စစ္လုိက္တဲ႔ အခါမွာ Xiaomi အမွန္ဆိုရင္ေတာ႔ သူရဲ႕ Info ေတြကို ေဖာ္ျပေပးမွာ ျဖစ္ပါသည္။
Logo ကို ၾကည္႔ျပီး ခြဲျခားနည္း
ပထမဦးဆုံး power စဖြင္႔လို္က္တဲ႔ အခ်ိန္မွာ mi logo တက္လာပါလိမ္႔မည္။ mi logo ကုိ အျဖဳေရာင္နဲ႔ တက္လာျပီး Logo လည္ေနတဲ႔အခ်ိန္မွာ ေအာက္နားမွာ Power by android လုိ႔ ပါရွိေနပါလိမ္႔မည္။ အဲ႔ဒါဆိုရင္ အစစ္လို႔ သတ္မွတ္လို႔ ရပါသည္။ 4G အလုံးမွာဆိုရင္ေတာ႔ mi logo တက္လာျပီး ျပီးခံနီးက်မွ 4G ဆိုျပီး စာသား တက္လာတက္ပါတယ္။ အဲ႔ဒါဆိုရင္လည္း အတုလုိ႔ သတ္မွတ္လို႔ ရပါတယ္။
အတုဆိုရင္ေတာ႔ power စဖြင္႔လိုက္တဲ႔ အခ်ိန္မွာ mi logo အျဖဴေရာင္တက္လာျပီး အ၀ါေရာင္ေလး ေျပာင္းသြားပါလိမ္႔မည္။ ေအာက္နားမွာလည္း android ဆုိတဲ႔ စာသား တစ္ခုတည္း ပါေနပါလိမ္႔မည္။ အဲဒါဆိုရင္ေတာ႔ အတုလို႔ သတ္မွတ္လုိ႔ ရပါတယ္။
Battery အားသြင္းရင္းနဲ႔ ခြဲျခားနည္းမိမိရဲ႕ဖုန္းကုိ power ပိတ္လိုက္ပါ။ ျပီးရင္ အားသြင္းၾကိဳးထုိးလိုက္ပါ။ အားသြင္းၾကိဳးထုိးလုိက္တာနဲ႔ အစစ္ဆိုရင္ေတာ႔ mi logo တက္လာျပီးမွ အားသြင္းတဲ႔ ပုံစံ ျပေနပါလိမ္႔မည္။
အတုဆိုရင္ေတာ႔ power ပိတ္ျပီး အားသြင္းလုိက္တာနဲ႔ mi logo မတက္လာဘဲ အားသြင္းတဲ႔ ပုံစံဘဲ ျပေနပါလိမ္႔မည္။

Hardware Test code နဲ႔စစ္နည္း

ဖုန္းေခၚတဲ႔ ေနရာကေနျပီးေတာ႔ *#*#64663#*#* ဆုိျပီး ႏွိပ္လိုက္တဲ႔ Hardware test စစ္တဲ႔ code ေတြ ေပၚလာပါလိမ္႔မည္။ ဘာမွမေပၚလာပါကလည္း အတုလို႔ သတ္မွတ္ႏိုင္ပါသည္။ China အလုံးမွာဆုိရင္ေတာ႔ China စာေတြ ေပၚလာပါလိမ္႔မည္။ စင္ကာပူအလုံးမွာ ဆိုရင္ေတာ႔ အဂၤလိပ္လို ေပၚေနပါလိမ္႔မည္။ Touch နဲ႔ စစ္မယ္ဆုိရင္ေတာ႔ တရုတ္အလုံးဆိုရင္ေတာ႔ နံပတ္ ၁၄ကို သြားျပီး စစ္ေဆးႏုိင္ပါသည္။ စင္ကာပူအလုံးမွာ ဆိုရင္ေတာ႔ နံပတ္ ၁၂ ကိုသြားေပးပါ။ အစစ္ဆုိရင္ေတာ႔ လက္ ၁၀ေခ်ာင္း တင္လိုက္ပါ။ အလုပ္လုပ္ေနတာကို ေတြ႔ရပါလိမ္႔မည္။ ၁၁ေခ်ာင္းေတာ႔ မရပါဘူး။ အတုမွာေတာ႔ လက္၁၀ ေခ်ာင္း တင္လည္း ရမွာ မဟုတ္ပါဘူး။
AnTuTu Benchmark apk နဲ႔စစ္နည္း
Antutu apk ထဲကို မိမိရဲ႕ဖုန္းထဲကို install လုပ္ေပးလိုက္ပါ။ ျပီးရင္ အဲ႔ဒီ apk ကုိ ဖြင္႔လိုက္ပါ။ ျပီးရင္ Info ထဲကို ၀င္လိုက္ပါ။ အဲ႔ဒီမွာ မိမိရဲ႕ information ေတြ ေဖာ္ျပေပးပါလိိမ္႔မည္။ လက္ ၁၀ေခ်ာင္း touch နဲ႔ စစ္ခ်င္ရင္ေတာ႔ Info ထဲက Multi-touch ထဲကို ၀င္လုိက္ပါ။ အစစ္ဆိုရင္ လက္ ၁၀ေခ်ာင္း စလုံး တင္လုိ႔ရမွာ ျဖစ္ပါတယ္။ အတုဆုိရင္ေတာ႔ လက္ ၁၀ေခ်ာင္းစလုံး တင္လို႔မရပါဘူးခင္ဗ်ာ…
https://play.google.com/store/apps/details?id=com.antutu.ABenchMark

Scanner Code နဲ႔ စစ္နည္း
ဒီနည္းကေတာ႔ လုိင္းေတာ္ေတာ္ေလး ေကာင္းမွ အဆင္ေျပပါလိမ္႔မည္။ https://jd.mi.com/ အဲ website ကေနျပီးေတာ႔ application ကို အရင္ေဒါင္းျပီး Xiaomi Phone မွာ install လုပ္ေပးလုိက္ပါ။ ျပသြားျပီ ဆိုရင္ မိမိရဲ႕ဖုန္းမွာေရာ ကြန္ျပဳတာမွာေရာ အင္တာနက္ ဖြင္႔ထားေပးပါ။ ျပီးရင္ apk ကိုဖြင္႔လိုက္ပါ။ scan code နဲ႔ ႏွိပ္လိုက္ပါ ျပီးသြားရင္ https://jd.mi.com/ အဲ႔ website ကို သြားျပီး scan ဖတ္ေပးလုိက္ပါ။ အစစ္ဆိုရင္ေတာ႔ မိမိဖုန္းရဲ႕ information ေတြ ေပၚလာပါလိမ္႔မည္။

Mode နဲ႔ ခြဲျခားနည္း
အစစ္မွာဆုိရင္ေတာ႔ fastboot mode ပါရွိပါသည္။ fastboot mode ၀င္နည္းကေတာ႔ Vol Down + Power ျဖစ္ပါသည္။ power ပိတ္ျပီး Vol Down + Power ကုိ ႏွိပ္လိုက္တာနဲ႔ fastboot mode ဆိုျပီး mode ၀င္သြားရင္ေတာ႔ အစစ္ဆုိျပီး သတ္မွတ္ႏုိင္ပါတယ္.. ဒါေပမဲ႔လည္း ေနာက္ထြက္တဲ႔ အတုေတြမွာ fastboot mode ပါရွိတာကိုလည္း ေတြ႔ရျပန္ပါေသးပါတယ္။

ဒီနည္းေတြထဲက တစ္ခုမဟုတ္ တစ္ခု စမ္းသပ္ၾကည့္နုိင္ပါတယ္။
ဤ နည္းအတြက္ ကုိေအာင္မင္းဟန္ (easy one mobile ၊ အမွတ္ ၁၆၃ ၊ လသာလမ္း ၊ လသာျမိဳ႕နယ္ ၊ ရန္ကုန္ျမိဳ႕။ 01250941) မွ ကူညီ ပံ႔ပိုးေပးထားပါတယ္ခင္ဗ်ာ။
Unicode
Xiaomi Phone များ အတုအစစ်ခွဲနည်း

Xiaomi Phone များတွင် တရုတ်နိုင်ငံက ထုတ်တဲ့ ပစ္စည်းနှင့် နိုင်ငံခြားက ထုတ်တဲ့ ပစ္စည်း ဟူ၍ (၂မျိုး)   မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ပါသည်။ တရုတ်နိုင်ငံက ထုတ်သော ပစ္စည်းတွင် ဘူးရဲ့ အနောက်တွင်
ခဲနဲ့အုပ်ထားတဲ့ Security code ပါရှိပါသည်။ (ပုံ ၁တွင် ကြည့်ရန် )
မြန်မာနိုင်ငံကို ၀င်တဲ့ အလုံးတွေကတော့ အများစု တရုတ်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ကဘဲ ဖြစ်ပါတယ်…
စင်ကာပူအလုံးတွင်တော့ Complies with IDA Standards ဆိုတဲ့ စာသား ပါရှိပါသည်။ (ပုံ ၂တွင် ကြည့်ရန်)

အဲလို ပုံစံမျိုးတွေ မပါပါက အတုူဟူ၍လည်း သတ်မှတ်နိုင်ပါသည်။ ဒါကတော့ ဘူးကို ကြည့်ပြီး လေ့လာတဲ့ သဘော ဖြစ်ပါသည်။
ခဲနဲ့အုပ်ထားတဲ့ Security code ပါရင်တော့ ခဲကိုခြစ်လိုက်ပါ။ နံပတ် အလုံး ၂၀ တွေ့ရှိရမှာ ဖြစ်ပါတယ်. အဲ့ဒီနံပတ်ကို ယူပြီးhttp://www.mi.com/verify/ မှာ သွားပြီး စစ်ဆေးပေးပါ။ စစ်လိုက်တဲ့ အခါမှာ အစစ်ဆိုရင် ထုတ်လုပ်တဲ့ Date / ရောင်းလိုက်တဲ့ Date တွေ ပါရှိမှာ ဖြစ်ပါတယ်။
IMEI နံပတ်နှင့် စစ်နည်း
IMEI နံပတ်နှင့် စစ်နည်းတွင်တော့ တရုတ် အလုံးတွင်တော့ http://order.mi.com/service/imei အဲ့ဒီမှာ စစ်ဆေးနိုင်ပါသည်။ တစ်ခြား Region အလုံးတွင်တော့ http://www.imei.info/ တွင် စစ်ဆေးနိုင်ပါသည်။
စစ်လိုက်တဲ့ အခါမှာ Xiaomi အမှန်ဆိုရင်တော့ သူရဲ့ Info တွေကို ဖော်ပြပေးမှာ ဖြစ်ပါသည်။
Logo ကို ကြည့်ပြီး ခွဲခြားနည်း
ပထမဦးဆုံး power စဖွင့်လို်က်တဲ့ အချိန်မှာ mi logo တက်လာပါလိမ့်မည်။ mi logo ကို အဖြုရောင်နဲ့ တက်လာပြီး Logo လည်နေတဲ့အချိန်မှာ အောက်နားမှာ Power by android လို့ ပါရှိနေပါလိမ့်မည်။ အဲ့ဒါဆိုရင် အစစ်လို့ သတ်မှတ်လို့ ရပါသည်။ 4G အလုံးမှာဆိုရင်တော့ mi logo တက်လာပြီး ပြီးခံနီးကျမှ 4G ဆိုပြီး စာသား တက်လာတက်ပါတယ်။ အဲ့ဒါဆိုရင်လည်း အတုလို့ သတ်မှတ်လို့ ရပါတယ်။
အတုဆိုရင်တော့ power စဖွင့်လိုက်တဲ့ အချိန်မှာ mi logo အဖြူရောင်တက်လာပြီး အဝါရောင်လေး ပြောင်းသွားပါလိမ့်မည်။ အောက်နားမှာလည်း android ဆိုတဲ့ စာသား တစ်ခုတည်း ပါနေပါလိမ့်မည်။ အဲဒါဆိုရင်တော့ အတုလို့ သတ်မှတ်လို့ ရပါတယ်။
Battery အားသွင်းရင်းနဲ့ ခွဲခြားနည်းမိမိရဲ့ဖုန်းကို power ပိတ်လိုက်ပါ။ ပြီးရင် အားသွင်းကြိုးထိုးလိုက်ပါ။ အားသွင်းကြိုးထိုးလိုက်တာနဲ့ အစစ်ဆိုရင်တော့ mi logo တက်လာပြီးမှ အားသွင်းတဲ့ ပုံစံ ပြနေပါလိမ့်မည်။
အတုဆိုရင်တော့ power ပိတ်ပြီး အားသွင်းလိုက်တာနဲ့ mi logo မတက်လာဘဲ အားသွင်းတဲ့ ပုံစံဘဲ ပြနေပါလိမ့်မည်။

Hardware Test code နဲ့စစ်နည်း

ဖုန်းခေါ်တဲ့ နေရာကနေပြီးတော့ *#*#64663#*#* ဆိုပြီး နှိပ်လိုက်တဲ့ Hardware test စစ်တဲ့ code တွေ ပေါ်လာပါလိမ့်မည်။ ဘာမှမပေါ်လာပါကလည်း အတုလို့ သတ်မှတ်နိုင်ပါသည်။ China အလုံးမှာဆိုရင်တော့ China စာတွေ ပေါ်လာပါလိမ့်မည်။ စင်ကာပူအလုံးမှာ ဆိုရင်တော့ အင်္ဂလိပ်လို ပေါ်နေပါလိမ့်မည်။ Touch နဲ့ စစ်မယ်ဆိုရင်တော့ တရုတ်အလုံးဆိုရင်တော့ နံပတ် ၁၄ကို သွားပြီး စစ်ဆေးနိုင်ပါသည်။ စင်ကာပူအလုံးမှာ ဆိုရင်တော့ နံပတ် ၁၂ ကိုသွားပေးပါ။ အစစ်ဆိုရင်တော့ လက် ၁၀ချောင်း တင်လိုက်ပါ။ အလုပ်လုပ်နေတာကို တွေ့ရပါလိမ့်မည်။ ၁၁ချောင်းတော့ မရပါဘူး။ အတုမှာတော့ လက်၁၀ ချောင်း တင်လည်း ရမှာ မဟုတ်ပါဘူး။
AnTuTu Benchmark apk နဲ့စစ်နည်း
Antutu apk ထဲကို မိမိရဲ့ဖုန်းထဲကို install လုပ်ပေးလိုက်ပါ။ ပြီးရင် အဲ့ဒီ apk ကို ဖွင့်လိုက်ပါ။ ပြီးရင် Info ထဲကို ၀င်လိုက်ပါ။ အဲ့ဒီမှာ မိမိရဲ့ information တွေ ဖော်ပြပေးပါလိိမ့်မည်။ လက် ၁၀ချောင်း touch နဲ့ စစ်ချင်ရင်တော့ Info ထဲက Multi-touch ထဲကို ၀င်လိုက်ပါ။ အစစ်ဆိုရင် လက် ၁၀ချောင်း စလုံး တင်လို့ရမှာ ဖြစ်ပါတယ်။ အတုဆိုရင်တော့ လက် ၁၀ချောင်းစလုံး တင်လို့မရပါဘူးခင်ဗျာ…
https://play.google.com/store/apps/details?id=com.antutu.ABenchMark

Scanner Code နဲ့ စစ်နည်း
ဒီနည်းကတော့ လိုင်းတော်တော်လေး ကောင်းမှ အဆင်ပြေပါလိမ့်မည်။ https://jd.mi.com/ အဲ website ကနေပြီးတော့ application ကို အရင်ဒေါင်းပြီး Xiaomi Phone မှာ install လုပ်ပေးလိုက်ပါ။ ပြသွားပြီ ဆိုရင် မိမိရဲ့ဖုန်းမှာရော ကွန်ပြုတာမှာရော အင်တာနက် ဖွင့်ထားပေးပါ။ ပြီးရင် apk ကိုဖွင့်လိုက်ပါ။ scan code နဲ့ နှိပ်လိုက်ပါ ပြီးသွားရင် https://jd.mi.com/ အဲ့ website ကို သွားပြီး scan ဖတ်ပေးလိုက်ပါ။ အစစ်ဆိုရင်တော့ မိမိဖုန်းရဲ့ information တွေ ပေါ်လာပါလိမ့်မည်။

Mode နဲ့ ခွဲခြားနည်း
အစစ်မှာဆိုရင်တော့ fastboot mode ပါရှိပါသည်။ fastboot mode ၀င်နည်းကတော့ Vol Down + Power ဖြစ်ပါသည်။ power ပိတ်ပြီး Vol Down + Power ကို နှိပ်လိုက်တာနဲ့ fastboot mode ဆိုပြီး mode ၀င်သွားရင်တော့ အစစ်ဆိုပြီး သတ်မှတ်နိုင်ပါတယ်.. ဒါပေမဲ့လည်း နောက်ထွက်တဲ့ အတုတွေမှာ fastboot mode ပါရှိတာကိုလည်း တွေ့ရပြန်ပါသေးပါတယ်။

ဒီနည်းတွေထဲက တစ်ခုမဟုတ် တစ်ခု စမ်းသပ်ကြည့်နိုင်ပါတယ်။
ဤ နည်းအတွက် ကိုအောင်မင်းဟန် (easy one mobile ၊ အမှတ် ၁၆၃ ၊ လသာလမ်း ၊ လသာမြို့နယ် ၊ ရန်ကုန်မြို့။ 01250941) မှ ကူညီ ပံ့ပိုးပေးထားပါတယ်ခင်ဗျာ။

ဖားကို ေရေႏြးျပဳတ္တဲ့ ဥပမာ

ဖားတစ္ေကာင္ကို ေရေအးအုိးထဲ ထည့္ထားတယ္ဆုိပါစို႔။ အပူကို ျဖည္းျဖည္းခ်င္းစီတင္ပါမယ္။ အစပိုင္းမွာ ေရေအးျဖစ္တာေၾကာင့္ ဖားဟာ ေအးေအးလူလူေနေနပါမယ္။ အပူကို တစ္ဆင့္တစ္ဆင့္တင္ေနခ်ိန္ အေႏြးဓာတ္ရတာေၾကာင့္ ဖားဟာ ယင္း အေႏြးကို ႏွစ္သက္ျပီးေတာ့ ဆက္ရွိေနပါလိမ့္မယ္။ တျဖည္းျဖည္းနဲ႔ အပူဟာ မ်ားျပားလာတဲ့အခါမွာေတာ့ ဖားဟာ မခံုႏိုင္ေတာ့ပါဘူး။ သူခုံဖုိ႔ ၾကိုးစားခ်ိန္မွာေတာ့ ေရဟာ အင္မတန္ ပူလြန္ေနျပီျဖစ္ျပီး ေနာက္ဆံုးေတာ့ အသက္ေသရပါတယ္။

သင္ခန္းစာ
လက္ေတြ႔ လူ႔ဘဝမွာလည္း ဒီလိုပါပဲ။ လူေတြဟာ အလုပ္တစ္ခုကိုပဲ ျဖစ္ျဖစ္ ပညာတစ္ခုကိုပဲ ျဖစ္ျဖစ္ ေရြးခ်ယ္ တဲ့အခါ အမွားလုပ္တတ္ၾကပါတယ္။ အခ်ိဳ႕က်ေတာ့လည္း ဘာမွမလုပ္ပဲေနပါတယ္။ အခ်ိဳ႕က်ေတာ့လည္း ကိုယ္မေပ်ာ္တဲ့ ဘဝေနထိုင္မွုပံုစံ၊ အလုပ္ပံုစံေတြမွာ ေနထုိင္ပါတယ္။ ဒီေလာက္ကေတာ့ ရပါတယ္ေလ ဆုိတဲ့ ပ်င္းရိစိတ္နဲ႔ သုိ႔တည္းမဟုတ္ ေျပာင္းလဲရန္ ေၾကာက္ရြံ႕စိတ္နဲ႔ ဆက္ျပီးေတာ့ ေနၾကပါတယ္။

ယင္းေနရာကို Comfort zone လို႔ ေခၚပါတယ္။ တကယ္လက္ေတြ႔ မိမိဟာ မေနခ်င္ေတာ့ဘူးေလ။ ေျပာင္းလဲပစ္ခ်င္ျပီလို႔ ဆံုးျဖတ္တဲ့အခါက်ေတာ့ မေျပာင္းလဲနိုင္၊ မျပဳလုပ္ႏိုင္ေတာ့ပါဘူး။ မိမိရဲ႕ ဆႏၵေတြ ဘဝေတြကို အဆံုးရွံုးခံလုိက္ရပါတယ္။ Comfort zone မွ ေနထုိင္ေနရသူမ်ားအေနနဲ႔ မိမိဟာ ေျပာင္းလဲခ်ိန္ တန္ျပီဆုိတာကို သိေအာင္ ၾကိဳးစားျပီး အလ်င္အျမန္လည္း ေျပာင္းလဲရန္ လိုအပ္ပါတယ္။

Unicode
ဖားကို ရေနွေးပြုတ်တဲ့ ဥပမာ

ဖားတစ်ကောင်ကို ရေအေးအိုးထဲ ထည့်ထားတယ်ဆိုပါစို့။ အပူကို ဖြည်းဖြည်းချင်းစီတင်ပါမယ်။ အစပိုင်းမှာ ရေအေးဖြစ်တာကြောင့် ဖားဟာ အေးအေးလူလူနေနေပါမယ်။ အပူကို တစ်ဆင့်တစ်ဆင့်တင်နေချိန် အနွေးဓာတ်ရတာကြောင့် ဖားဟာ ယင်း အနွေးကို နှစ်သက်ပြီးတော့ ဆက်ရှိနေပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ အပူဟာ များပြားလာတဲ့အခါမှာတော့ ဖားဟာ မခုံနိုင်တော့ပါဘူး။ သူခုံဖို့ ကြိုးစားချိန်မှာတော့ ရေဟာ အင်မတန် ပူလွန်နေပြီဖြစ်ပြီး နောက်ဆုံးတော့ အသက်သေရပါတယ်။

သင်ခန်းစာ
လက်တွေ့ လူ့ဘဝမှာလည်း ဒီလိုပါပဲ။ လူတွေဟာ အလုပ်တစ်ခုကိုပဲ ဖြစ်ဖြစ် ပညာတစ်ခုကိုပဲ ဖြစ်ဖြစ် ရွေးချယ် တဲ့အခါ အမှားလုပ်တတ်ကြပါတယ်။ အချို့ကျတော့လည်း ဘာမှမလုပ်ပဲနေပါတယ်။ အချို့ကျတော့လည်း ကိုယ်မပျော်တဲ့ ဘဝနေထိုင်မှုပုံစံ၊ အလုပ်ပုံစံတွေမှာ နေထိုင်ပါတယ်။ ဒီလောက်ကတော့ ရပါတယ်လေ ဆိုတဲ့ ပျင်းရိစိတ်နဲ့ သို့တည်းမဟုတ် ပြောင်းလဲရန် ကြောက်ရွံ့စိတ်နဲ့ ဆက်ပြီးတော့ နေကြပါတယ်။

ယင်းနေရာကို Comfort zone လို့ ခေါ်ပါတယ်။ တကယ်လက်တွေ့ မိမိဟာ မနေချင်တော့ဘူးလေ။ ပြောင်းလဲပစ်ချင်ပြီလို့ ဆုံးဖြတ်တဲ့အခါကျတော့ မပြောင်းလဲနိုင်၊ မပြုလုပ်နိုင်တော့ပါဘူး။ မိမိရဲ့ ဆန္ဒတွေ ဘဝတွေကို အဆုံးရှုံးခံလိုက်ရပါတယ်။ Comfort zone မှ နေထိုင်နေရသူများအနေနဲ့ မိမိဟာ ပြောင်းလဲချိန် တန်ပြီဆိုတာကို သိအောင် ကြိုးစားပြီး အလျင်အမြန်လည်း ပြောင်းလဲရန် လိုအပ်ပါတယ်။