Saturday, December 12, 2015

ဘဝင္မၿမင့္ဘဲ ဘဝမွာ တစ္သမတ္တည္း ရပ္တည္ႏိုင္ဖို႔

ေအာင္ျမင္ေနတဲ့သူေတြဟာ ဘဝကို ရည္ရြယ္ခ်က္ၾကီးၾကီး စိတ္ဓါတ္ခိုင္ခိုင္မာမာနဲ႔ ၾကိဳးစားရုန္းကန္ ခဲ့ၾကသူေတြပါ။ ဒီလိုအရည္အခ်င္း၊ ခံယူခ်က္ေတြနဲ႔ ေအာင္ျမင္လာၾကသူေတြေပမယ့္လည္း သူတို႔ေအာင္ျမင္လာတာနဲ႔ ဘဝင္စိတ္ကေလးက ကပ္လ်က္ ပါလာတတ္ၾကပါတယ္။ သူတို႔ျဖတ္သန္းလာတဲ့ ဘဝလမ္းတစ္ေလွ်ာက္ ကူညီေဖးမသူေတြကို အဖက္မလုပ္ခ်င္ ၾကေတာ့တာမ်ိဳး၊ အေပၚယံ ဂုဏ္ျဒပ္ေတြကို အေလးထားလြန္းျပီး တကယ့္တန္ဖိုးထားရမယ့္ ဘဝတန္ဖိုးေတြ၊ အႏွစ္သာရေတြ ေပ်ာက္ဆံုး ကုန္ပါေတာ့တယ္။ ဒါဟာ အႏၱရာယ္ၾကီးလြန္း လွပါတယ္။

ဒါေပမယ့္ ေအာင္ျမင္ေနတဲ့ လူတိုင္းေတာ့ ဒီလိုမ်ိဳး မဟုတ္ၾကပါဘူး။ အခ်ိဳ႕လူေတြကေတာ့ ဘယ္ေလာက္ပဲ ေအာင္ျမင္ေနပါေစ ဘဝကို ရိုးသားႏွိမ့္ခ်စြာ ရပ္တည္ေနၾကသူေတြလည္း ရွိပါတယ္။

ေအာက္ဖက္မွာေတာ့ လက္ရွိေအာင္ျမင္မႈကို ေရရွည္ ထိန္းသိမ္္းထားႏိုင္ဖို႔ သတိထားလိုက္နာသင့္တဲ့ အခ်က္ေလးေတြကို မွ် ေ၀ေပးလုိက္ပါတယ္

၁။ ေအာင္ျမင္မႈဆိုတာ မတည္ျမဲပါဘူး – ဒါေၾကာင့္ လက္ရွိေအာင္ျမင္မႈေတြ အေပၚမွာ သာယာမေနပါနဲ႔။ ဒီေလာက္ အျပိဳင္အဆိုင္မ်ားတဲ့ ေခတ္ၾကီးမွာ သတိတစ္ခ်က္ လြတ္လိုက္တာနဲ႔ တျပိဳင္နက္ ျပိဳလဲသြားႏိုင္တယ္ဆိုတာ သတိရပါ။

၂။ တစ္ကိုယ္ေကာင္းဆန္စိတ္၊ ကိုယ့္အတၱစိတ္ေတြကို အေရာင္မဆိုးပါနဲ႔။ အျခားသူေတြနဲ႔ ယွဥ္ျပိဳင္ေနဖို႔ မလိုပါဘူး။ ကိုယ္ကို္ယ္ကုိပဲ မေန႔ကနဲ႔ ဒီေန႔ ႏွိုင္းယွဥ္ သံုးသပ္ပါ။

၃။ အျမဲေလ့လာ သင္ယူေနပါ။ ကိုယ့္ကိုယ္ကို အျမဲသံုးသပ္ျပီး ကိုယ္မသိတဲ့ အရာေတြအတြက္ ေလ့လာ ဆည္းပူးေနပါ။ ဒီလိုေလ့လာေနျခင္းေတြက ေအာင္ျမင္မႈကို ေရရွည္ ထိန္းသိမ္းထားႏိုင္ပါတယ္။

၄။ ကို္ယ္ဘာကိုမွ မေျပာရေသးခင္ အျခားသူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို ဂရုတစိုက္ ေမးျမန္းနားေထာင္တတ္ပါ။ ဒါဟာသင့္အတြက္ အက်ိဳးမယုတ္ေစပါဘူး။

၅။ ဘယ္သူမွ ျပီးျပည့္စံုေနတယ္ဆိုတာ မရွိပါဘူး။ မွားတဲ့အခါ ခ်က္ခ်င္းေတာင္းပန္ဖို႔ ဝန္မေလးပါနဲ႔။ သူတစ္ပါးအေပၚ အျပစ္ပံုခ်ျခင္းေတြ နဲ႔ ဆင္ေျခေပးျခင္းေတြက ဘဝအတြက္ ဘာမွ အက်ိဳးမထူးေစပါဘူး။ ဒါေၾကာင့္ ကိုယ့္မာန္မာနကိုယ္ ႏွိမ့္ခ်ျပီး အတတ္ႏိုင္ဆံုး အေကာင္းဘက္က ရပ္တည္ပါ။

၆။ ေအာင္ျမင္လာတဲ့အခါ ကိုယ့္ပတ္ဝန္းက်င္က လူေတြနဲ႔ မွ်ေဝခံစားပါ။ ေအာင္ျမင္တယ္ဆိုတာ ပတ္ဝန္းက်င္ရဲ႕ အားေပးကူညီမႈေတြ အမ်ားၾကီး ပါဝင္ပါတယ္။ ဒါေၾကာင္ ့ကိုယ္ေအာင္ျမင္တဲ့အခါ အျခားသူေတြရဲ႕ အခန္းက႑ေတြကို အသိအမွတ္ျပဳတတ္ပါ။ ေအာင္ျမင္မႈဆီ ကိုယ္နဲ႔အတူ လက္တဲြေခၚေဆာင္ပါ။

၇။ ကိုယ့္ဘဝကို မေမ့ပါနဲ႔။ ကိုယ္ဘယ္လိုဘဝမ်ိဳးက လာတယ္ဆိုတာကို မေမ့ပါနဲ႔။ ကိုယ္ဘဝတစ္ေလွ်ာက္လံုး ၾကံဳေတြ႔ခဲ့ရတဲ့ အေတြ႔အၾကံဳေတြ ကေန ကိုယ့္ထက္ နိမ့္ပါးသူေတြကို ကူညီလမ္းျပေပးပါ။

၈။ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်ပါ။ လူတိုင္းမွာ သူ႔တန္ဖိုးနဲ႔သူ ရွိၾကတာမို႔ ေလးေလးစားစား ဆက္ဆံသင့္ပါတယ္။ ေအာင္ျမင္ေနတာနဲ႔ပဲ အျခားလူေတြထက္ အစစအရာရာ သာေနတယ္လို႔ ထင္ရင္ မွားသြားပါလိမ့္မယ္။

၉။ ၾကြားဝါျခင္းက ရုပ္ဆိုးအက်ည္းတန္ လွပါတယ္။ ကိုယ္ကအဓိပၸါယ္ မရွိတာေတြ ၾကြားဝါေနခ်ိန္မွာ တစ္ခ်ိဳ႕လူေတြဟာ ဘဝကို ပင္ပန္းၾကီးစြာ ရုန္းကန္ေနရတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ရည္ရြယ္သည္ျဖစ္ေစ၊ မရည္ရြယ္သည္ျဖစ္ေစ သူတစ္ပါး စိတ္ခံစားမႈေတြကို ထိခိုက္ေစမယ့္ ၾကြားဝါျခင္းမ်ိဳး ေရွာင္ရွားသင့္ပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ျပီး ဂြ်န္ဝူးဒမ္း (John Wooden) က

“တစ္ခုခုကို ကြ်မ္းက်င္တဲ့ ပါရမီကို ဘုရားသခင္က လက္ေဆာင္ေပးခဲ့တာ၊ ေအာင္ျမင္ေက်ာ္ၾကား မႈဆိုတာ အားေပးခ်ီးေျမွာက္မႈ ရဲ႕ ရလာဒ္မို႔ တန္ဖိုးထားတတ္ပါ။ ဘဝင္ျမင့္ၾကြားဝါ ခ်င္တဲ့စိတ္ကေတာ့ ကိုယ္တိုင္ဖန္တီးတဲ့ အရာမို႔ အထူးဂရုျပဳရမွာပါ။” ဆိုျပီး ေျပာခဲ့ပါေသးတယ္။

ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်ျခင္းက ရွက္စရာအျပဳအမူမဟုတ္ပါဘူး တကယ္ေတာ့ ေအာင္ျမင္မႈကို ထိန္းသိမ္းဖို႔အတြက္ အေကာင္းဆံုး အေထာက္အပ့ံသာလွ်င္ ျဖစ္ပါတယ္။

Credit : gandawin
အောင်မြင်နေတဲ့သူတွေဟာ ဘဝကို ရည်ရွယ်ချက်ကြီးကြီး စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ကြိုးစားရုန်းကန် ခဲ့ကြသူတွေပါ။ ဒီလိုအရည်အချင်း၊ ခံယူချက်တွေနဲ့ အောင်မြင်လာကြသူတွေပေမယ့်လည်း သူတို့အောင်မြင်လာတာနဲ့ ဘဝင်စိတ်ကလေးက ကပ်လျက် ပါလာတတ်ကြပါတယ်။ သူတို့ဖြတ်သန်းလာတဲ့ ဘဝလမ်းတစ်လျှောက် ကူညီဖေးမသူတွေကို အဖက်မလုပ်ချင် ကြတော့တာမျိုး၊ အပေါ်ယံ ဂုဏ်ဒြပ်တွေကို အလေးထားလွန်းပြီး တကယ့်တန်ဖိုးထားရမယ့် ဘဝတန်ဖိုးတွေ၊ အနှစ်သာရတွေ ပျောက်ဆုံး ကုန်ပါတော့တယ်။ ဒါဟာ အန္တရာယ်ကြီးလွန်း လှပါတယ်။

ဒါပေမယ့် အောင်မြင်နေတဲ့ လူတိုင်းတော့ ဒီလိုမျိုး မဟုတ်ကြပါဘူး။ အချို့လူတွေကတော့ ဘယ်လောက်ပဲ အောင်မြင်နေပါစေ ဘဝကို ရိုးသားနှိမ့်ချစွာ ရပ်တည်နေကြသူတွေလည်း ရှိပါတယ်။

အောက်ဖက်မှာတော့ လက်ရှိအောင်မြင်မှုကို ရေရှည် ထိန်းသိမ််းထားနိုင်ဖို့ သတိထားလိုက်နာသင့်တဲ့ အချက်လေးတွေကို မျှ ဝေပေးလိုက်ပါတယ်

၁။ အောင်မြင်မှုဆိုတာ မတည်မြဲပါဘူး – ဒါကြောင့် လက်ရှိအောင်မြင်မှုတွေ အပေါ်မှာ သာယာမနေပါနဲ့။ ဒီလောက် အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးမှာ သတိတစ်ချက် လွတ်လိုက်တာနဲ့ တပြိုင်နက် ပြိုလဲသွားနိုင်တယ်ဆိုတာ သတိရပါ။

၂။ တစ်ကိုယ်ကောင်းဆန်စိတ်၊ ကိုယ့်အတ္တစိတ်တွေကို အရောင်မဆိုးပါနဲ့။ အခြားသူတွေနဲ့ ယှဉ်ပြိုင်နေဖို့ မလိုပါဘူး။ ကိုယ်ကို်ယ်ကိုပဲ မနေ့ကနဲ့ ဒီနေ့ နှိုင်းယှဉ် သုံးသပ်ပါ။

၃။ အမြဲလေ့လာ သင်ယူနေပါ။ ကိုယ့်ကိုယ်ကို အမြဲသုံးသပ်ပြီး ကိုယ်မသိတဲ့ အရာတွေအတွက် လေ့လာ ဆည်းပူးနေပါ။ ဒီလိုလေ့လာနေခြင်းတွေက အောင်မြင်မှုကို ရေရှည် ထိန်းသိမ်းထားနိုင်ပါတယ်။

၄။ ကို်ယ်ဘာကိုမှ မပြောရသေးခင် အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ဂရုတစိုက် မေးမြန်းနားထောင်တတ်ပါ။ ဒါဟာသင့်အတွက် အကျိုးမယုတ်စေပါဘူး။

၅။ ဘယ်သူမှ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ မှားတဲ့အခါ ချက်ချင်းတောင်းပန်ဖို့ ဝန်မလေးပါနဲ့။ သူတစ်ပါးအပေါ် အပြစ်ပုံချခြင်းတွေ နဲ့ ဆင်ခြေပေးခြင်းတွေက ဘဝအတွက် ဘာမှ အကျိုးမထူးစေပါဘူး။ ဒါကြောင့် ကိုယ့်မာန်မာနကိုယ် နှိမ့်ချပြီး အတတ်နိုင်ဆုံး အကောင်းဘက်က ရပ်တည်ပါ။

၆။ အောင်မြင်လာတဲ့အခါ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ မျှဝေခံစားပါ။ အောင်မြင်တယ်ဆိုတာ ပတ်ဝန်းကျင်ရဲ့ အားပေးကူညီမှုတွေ အများကြီး ပါဝင်ပါတယ်။ ဒါကြောင် ့ကိုယ်အောင်မြင်တဲ့အခါ အခြားသူတွေရဲ့ အခန်းကဏ္ဍတွေကို အသိအမှတ်ပြုတတ်ပါ။ အောင်မြင်မှုဆီ ကိုယ်နဲ့အတူ လက်တွဲခေါ်ဆောင်ပါ။

၇။ ကိုယ့်ဘဝကို မမေ့ပါနဲ့။ ကိုယ်ဘယ်လိုဘဝမျိုးက လာတယ်ဆိုတာကို မမေ့ပါနဲ့။ ကိုယ်ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ ကနေ ကိုယ့်ထက် နိမ့်ပါးသူတွေကို ကူညီလမ်းပြပေးပါ။

၈။ ကိုယ့်ကိုယ်ကို နှိမ့်ချပါ။ လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိကြတာမို့ လေးလေးစားစား ဆက်ဆံသင့်ပါတယ်။ အောင်မြင်နေတာနဲ့ပဲ အခြားလူတွေထက် အစစအရာရာ သာနေတယ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်။

၉။ ကြွားဝါခြင်းက ရုပ်ဆိုးအကျည်းတန် လှပါတယ်။ ကိုယ်ကအဓိပ္ပါယ် မရှိတာတွေ ကြွားဝါနေချိန်မှာ တစ်ချို့လူတွေဟာ ဘဝကို ပင်ပန်းကြီးစွာ ရုန်းကန်နေရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သူတစ်ပါး စိတ်ခံစားမှုတွေကို ထိခိုက်စေမယ့် ကြွားဝါခြင်းမျိုး ရှောင်ရှားသင့်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဂျွန်ဝူးဒမ်း (John Wooden) က

“တစ်ခုခုကို ကျွမ်းကျင်တဲ့ ပါရမီကို ဘုရားသခင်က လက်ဆောင်ပေးခဲ့တာ၊ အောင်မြင်ကျော်ကြား မှုဆိုတာ အားပေးချီးမြှောက်မှု ရဲ့ ရလာဒ်မို့ တန်ဖိုးထားတတ်ပါ။ ဘဝင်မြင့်ကြွားဝါ ချင်တဲ့စိတ်ကတော့ ကိုယ်တိုင်ဖန်တီးတဲ့ အရာမို့ အထူးဂရုပြုရမှာပါ။” ဆိုပြီး ပြောခဲ့ပါသေးတယ်။

ကိုယ့်ကိုယ်ကိုယ်နှိမ့်ချခြင်းက ရှက်စရာအပြုအမူမဟုတ်ပါဘူး တကယ်တော့ အောင်မြင်မှုကို ထိန်းသိမ်းဖို့အတွက် အကောင်းဆုံး အထောက်အပ့ံသာလျှင် ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : gandawin

Saturday, December 5, 2015

အမ်ိဳးသားေတြဟာဘာ့ေၾကာင့္ခ်စ္သူေကာင္မေလးကို လမ္းခြဲဖုိ႕ ဆံုးျဖတ္

ဘာ့ေၾကာင့္မ်ား ငါအခ်စ္ကံမေကာင္းရသလဲလုိ႕ သင္ေတြးဖူးပါသလား။ ဘာ့လိုမ်ား ငါ့ခ်စ္သူေတြက ငါ့ကိုထားခဲ့ၾကတာလဲလို႕ေရာ စဥ္းစားဖူးပါသလား။ အမ်ိဳးသားေတြ သူတုိ႕ခ်စ္သူရည္းစားေကာင္မေလးေတြ ကို ေခါက္သြားရျခင္း အေၾကာင္းအရင္းေတြက သိပ္မ်ားမ်ားစားစား မရွိပါဘူး။ ဒီခ်က္ (၁၀) ခ်က္ေၾကာင့္သာပါပဲ။

၁။အမ်ိဳးသမီးေတြဟာ တစ္ပါးလူေျပာတာကို နားမေထာင္ေပးဘူး။ သူတုိ႕ေျပာခ်င္တာကိုသာ စြတ္ေျပာတတ္ၾကတယ္။

သင္ေရာ ဒီလိုပဲလား။ တစ္ခါတစ္ေလ ကိုယ့္ခ်စ္သူေကာင္ေလးနဲ႕ ျပသနာတက္တာပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ ဒီအတုိင္း စကားေျပာတာပဲျဖစ္ျဖစ္ သင္ကပဲ ဦးေဆာင္ေျပာဆုိေနတတ္သလား။ တစ္ဖက္လူေျပာတာကို ေျပာခြင့္မေပးပဲ ျဖတ္ေျပာတတ္တဲ့သူလား။ သင္ဟာ ဒီလိုလူမ်ိဳးဆုိရင္ နည္းနည္းေရွာ့ခ္ရွိသြားျပီ။ အမ်ိဳးသားေတြဟာ သူတုိ႕ေျပာစကားကို ဂရုတစိုက္ နားေထာင္ေပးတတ္တဲ့သူေတြကို သေဘာက်ၾကပါတယ္။ အျပန္အလွန္ ေဆြးေႏြးတာမ်ိဳး ေျပာဆိုတာမ်ိဳး မဟုတ္ဘူး တစ္ေယာက္တည္း အသားကုန္ေျပာေနတာမ်ိဳး၊ တစ္ဖက္လူေျပာတာကို အေလးမထားပဲ လုေျပာတဲ့သူေတြကို သူတုိ႕ေတြ စိတ္ပ်က္တတ္ၾကပါ တယ္။

၂။ကိုယ့္သူငယ္ခ်င္းေျပာတာကိုမွ အဟုတ္ထင္တတ္ၾကသူေတြကိုလည္း သူတုိ႕စိတ္ကုန္သြားတတ္ၾကတယ္။

မိန္းကေလးေတြအခ်င္းခ်င္း ဘယ္ေလာက္ နားလည္ေပးၾကတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ ညီအစ္မေတြလုိ ခင္မင္လာၾကျပီေဟ့ဆုိရင္ သံေယာဇဥ္ၾကိဳး ဘယ္ေလာက္ခုိင္မာတယ္ဆုိတာ အမ်ိဳးသားေတြ သိၾကေပမယ့္ ကိစၥတစ္ခုခုဆုိ ကိုယ့္ခ်စ္သူကို ဖြင့္ဟတုိင္ပင္ရမယ့္အစား သူငယ္ခ်င္းေတြကိုသာ အားကိုးတတ္တာမ်ိဳး၊ သူငယ္ခ်ငး္ေတြေျပာတဲ့ ေပးတဲ့ အၾကံဥာဏ္အတုိင္း တေသြမတိမ္း လုပ္ေဆာင္တတ္တာမ်ိဳး၊ ႏွစ္ဦးသားကိစၥရပ္ အားလံုးကုိ သူငယ္ခ်င္းေတြကို ဖြင့္ဟေျပာဆုိျပီး သူတုိ႕အျမင္ေတြကို အမွန္ယူဆတတ္တာမ်ိဳးဆုိရင္ေတာ့ သင့္ခ်စ္သူက သင့္အေပၚ စိတ္ကြက္လာပါလိမ့္မယ္။

၃။အခ်စ္ေရးကို မိသားစုေရးနဲ႕ ေရာေထြးလြန္းသူေတြကိုလည္း သူတုိ႕ေရရွည္စဥ္းစားၾကမွာ မဟုတ္ပါဘူး။

အိမ္က ျပသနာတစ္ခုခုျဖစ္လုိ႕ သင့္ခ်စ္သူဆီ အကူအညီေတာင္းခံတာေလာက္ကို ေျပာတာမ်ိဳး မဟုတ္ဘဲ သင့္ခ်စ္သူနဲ႕ ရန္နည္းနည္းျဖစ္လည္း အိမ္ကလူေတြအားလံုးကို ေျပာ၊ အိမ္ကလူေတြက သင့္ခ်စ္သူကုိ ပြား၊ ဒါ့အျပင္ အိမ္ကိစၥေတြထဲ သင့္ခ်စ္သူကို ဆြဲထည့္ျပီး ျပသနာလုပ္တာမ်ိဳးေတြကိုလည္း သူတုိ႕သည္းခံႏိုင္မွာ မဟုတ္ပါဘူး။

၄။အားလံုးအၾကိဳက္တူခုိင္းတာ၊ ကိုယ္သြားသမ်ွေနရာ သူ႕ကိုေခၚသြားတာမ်ိဳးကိုလည္း သူတုိ႕မၾကိဳက္ၾကပါဘူး။

သင္နဲ႕သင့္ခ်စ္သူႏွစ္ဦး မဆံုခင္ကတည္းက သင္တုိ႕ကိုယ္စီမွာ မတူညီတဲ့ အၾကိဳက္ေတြ၊ အက်င့္ေတြ ရွိေနျပီးသားပါ။ ဒါကို သင္က သင္ဘယ္သြားသြား သင့္ခ်စ္သူကို အတင္းေခၚသြားမယ္၊ သင္ၾကိဳက္တဲ့အရာအားလံုးကို လိုက္ ၾကိဳက္ေပးရမယ္။ သင္နဲ႕အၾကိဳက္မတူတာနဲ႕ ျပသနာရွာမယ္ဆုိတာမ်ိဳးကေတာ့ ကေလးဆန္လြန္းပါတယ္။

၅။ဒါ အခ်စ္ေရးလား၊ ေထာင္က်ေနတာမ်ိဳးလား မကြဲျပားရင္ ဘယ္သူကမ်ား ကိုယ့္အနားေနခ်င္ပါ့မလဲ။

သင္က သင့္ခ်စ္သူကို အျခားတစ္ေယာက္ရသြားမွာစိုးလို႕ အျပင္ထြက္တုိင္း အသိေပးရမယ္၊ ဘယ္ေရာက္ေနတယ္ဆုိတာကို ဖုန္းဆက္ေျပာရမယ္။ တစ္နာရီတစ္ခါေလာက္ message ပို႕ရမယ္။ သင့္ ေမးလ္ေတြရဲ႕ password ေတြ ေပးထားရမယ္။ သင္သေဘာမက်တဲ့သူေတြနဲ႕ အျပင္မသြားရဘူး။ ကဲ ဘယ္မွာလဲ သူ႕လြတ္လပ္ခြင့္။ ဒီလိုမ်ိဳး ခ်ဳပ္ခ်ယ္ကန္႕သတ္လြန္းေနတဲ့သူနဲ႕ ဘယ္သူကမ်ား ေရရွည္လက္တြဲခ်င္ပါေတာ့မလဲ။

၆။အလြန္က်ြံ ကိုယ့္အားကိုယ္ကိုးျပတတ္လြန္းတဲ့ အမ်ိဳးသမီးေတြကိုလည္း အမ်ိဳးသားေတြက ေရွာင္ဖယ္သြားတတ္ၾကပါတယ္။

တစ္ခ်ိဳ႕အမ်ိဳးသမီးေတြဟာ ရည္းစားခ်စ္သူ ထားတတ္ၾကေပမယ့္ သူတုိ႕မရွိလည္း တစ္ေယာက္တညး္ ျဖစ္ပါတယ္ဆုိတဲ့အထာမ်ိဳးေလးေတြ ဖမ္းတတ္ၾကပါတယ္။ ကိုယ့္အားကိုယ္ကိုးတတ္တယ္ဆုိတာ တကယ္ေတာ့ ေကာင္းတဲ့အရာပါ။ ဒါေပမယ့္ အမ်ိဳးသားေတြအေနနဲ႕ ဒါကို အတုိင္းအတာတစ္ခုအထိသာ နားလည္ေပးႏိုင္ပါလိမ့္မယ္။

၇။တစ္ဖက္လူအေပၚ အလြန္အက်ြံ မွီခိုအားကိုးျပတတ္တာမ်ိဳးကလည္း မေကာင္းတဲ့အက်င့္တစ္ခုပါ။

ဘာလုပ္လုပ္ သင္က သင့္ခ်စ္သူကိုပဲ အားကိုးမယ္၊ လုပ္ခိုင္းမယ္၊ မွီခိုလြန္းမယ္ဆုိရင္ တစ္ဖက္လူက ၀န္ပိသလို ျဖစ္လာပါလိမ့္မယ္။ ကိုယ့္အိမ္ထာင္ဖက္ ျဖစ္လာရင္ေတာင္ လူတစ္ေယာက္ေပၚ ပံုေအာျပီး အားကိုးတာမ်ိဳး မျဖစ္သင့္ပါဘူး။ ကိုယ္လည္း တတ္ႏိုင္သေလာက္ လုပ္မယ္၊ ကိုယ့္ခ်စ္သူအေပၚကိုလည္း လိုအပ္မယ္ဆုိ အကူအညီေတာင္းတာမ်ိဳးသား ျဖစ္သင့္ပါတယ္။

၈။တစ္ဖက္လူကို အေကာင္းဘယ္ေတာ့မွ မေျပာတတ္တဲ့ အမ်ိဳးသမီးဆုိလည္း အမ်ိဳးသားေတြက စိတ္ကုန္သြားတတ္ၾကတာပါပဲ။

သင္ဟာ တစ္ခုခုဆုိ အေကာင္းေျပာဖုိ႕ထက္ ေ၀ဖန္ဖို႕ အျပစ္ေျပာဖုိ႕သာ ပိုအားသာေနတယ္ဆုိရင္ေတာ့ ဘယ္သူကမ်ား သင့္အေျပာအဆုိဒဏ္ကို ေရရွည္ခံခ်င္ပါ့မလဲ။

၉။အတိတ္မွာ ျဖစ္ပ်က္ခဲ့သမ်ွကို အျမဲေထာက္ျပေျပာဆုိေနတတ္တဲ့သူကိုလည္း အမ်ိဳးသားေတြ အလိုမရွိၾကပါဘူး။

အတိတ္မွာ ဘာေတြျဖစ္ခဲ့ျဖစ္ခဲ့ ခုလက္ရွိမွာ သင့္ခ်စ္သူအမ်ိဳးသားက ေကာင္းမြန္စြာ ျပဳမူေနထုိင္ေနတယ္ဆုိရင္ သင္သူ႕အေပၚ နားလည္မႈေပးသင့္ပါတယ္။ အဲ့ဒီလို မဟုတ္ပဲ သင္ဟာ တစ္ခုခုဆုိ အရင္တုန္းက ဘာ ဆုိတာမ်ိဳး ျပန္ေျပာင္းေထာက္ျပေျပာဆုိေနမယ္ဆုိရင္ေတာ့ သင့္ကို သူ စိတ္ကုန္သြားမွာ အမွန္ပါပဲ။

၁၀။အမ်ိဳးသားေတြဟာ သူတုိ႕ရဲ႕ သူငယ္ခ်င္းေတြကို မေကာင္းေျပာျပီး မေပါင္းခုိင္းတာမ်ိဳး ဘာမ်ိဳးေတြကိုလည္း လက္မခံႏိုင္ၾကပါဘူး။

တစ္ခါတစ္ေလ သင္ၾကည့္မရတဲ့သူက သူ႕အခင္ဆံုး သူငယ္ခ်င္းျဖစ္ေနမယ္ဆုိရင္ သူ႕အေျခအေနဘယ္လိုရွိတာဆုိတာ သင့္ခ်စ္သူကို ေမးပါ။ သူက သူ႔သူငယ္ခ်င္းအေျခအေနကို သင့္ကိုဖြင့္ဟတာကို လက္ခံလိုက္ပါ။ ဒီလို မဟုတ္ပဲ သူ႔ကိုမေပါင္းနဲ႕၊ မၾကိဳက္ဘူးဆိုတာမ်ိဳး သြားအမိန္႕ေပးမယ္ဆိုရင္ သင့္ခ်စ္သူကလည္း ဒါကို လက္ခံခ်င္မွ လက္ခံႏိုင္ပါလိမ့္မယ္။ သင့္ဘက္က သူ႕သူငယ္ခ်င္းေတြ မေကာင္းဘူးဆုိတာ အက်ိဳးအေၾကာင္း ခုိင္ခိုင္လံုလံု ေျပာႏိုင္မယ္ဆုိရင္ေတာ့ သူဒါကို လက္ခံႏိုင္ေကာင္းပါတယ္။

credit-trend myanmar
ဒီသတင္းကိုသင္ႏွစ္သက္လွ်င္ညာဘက္အေပၚေထာင္႕ကိုႏိွပ္ျပီးသင္႕ရဲ႕သူငယ္ခ်င္းမ်ားကိုshareေပးပါ။
-----------------------------------------------------------------------------
ဘာ့ကြောင့်များ ငါအချစ်ကံမကောင်းရသလဲလို့ သင်တွေးဖူးပါသလား။ ဘာ့လိုများ ငါ့ချစ်သူတွေက ငါ့ကိုထားခဲ့ကြတာလဲလို့ရော စဉ်းစားဖူးပါသလား။ အမျိုးသားတွေ သူတို့ချစ်သူရည်းစားကောင်မလေးတွေ ကို ခေါက်သွားရခြင်း အကြောင်းအရင်းတွေက သိပ်များများစားစား မရှိပါဘူး။ ဒီချက် (၁၀) ချက်ကြောင့်သာပါပဲ။

၁။အမျိုးသမီးတွေဟာ တစ်ပါးလူပြောတာကို နားမထောင်ပေးဘူး။ သူတို့ပြောချင်တာကိုသာ စွတ်ပြောတတ်ကြတယ်။

သင်ရော ဒီလိုပဲလား။ တစ်ခါတစ်လေ ကိုယ့်ချစ်သူကောင်လေးနဲ့ ပြသနာတက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီအတိုင်း စကားပြောတာပဲဖြစ်ဖြစ် သင်ကပဲ ဦးဆောင်ပြောဆိုနေတတ်သလား။ တစ်ဖက်လူပြောတာကို ပြောခွင့်မပေးပဲ ဖြတ်ပြောတတ်တဲ့သူလား။ သင်ဟာ ဒီလိုလူမျိုးဆိုရင် နည်းနည်းရှော့ခ်ရှိသွားပြီ။ အမျိုးသားတွေဟာ သူတို့ပြောစကားကို ဂရုတစိုက် နားထောင်ပေးတတ်တဲ့သူတွေကို သဘောကျကြပါတယ်။ အပြန်အလှန် ဆွေးနွေးတာမျိုး ပြောဆိုတာမျိုး မဟုတ်ဘူး တစ်ယောက်တည်း အသားကုန်ပြောနေတာမျိုး၊ တစ်ဖက်လူပြောတာကို အလေးမထားပဲ လုပြောတဲ့သူတွေကို သူတို့တွေ စိတ်ပျက်တတ်ကြပါ တယ်။

၂။ကိုယ့်သူငယ်ချင်းပြောတာကိုမှ အဟုတ်ထင်တတ်ကြသူတွေကိုလည်း သူတို့စိတ်ကုန်သွားတတ်ကြတယ်။

မိန်းကလေးတွေအချင်းချင်း ဘယ်လောက် နားလည်ပေးကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ညီအစ်မတွေလို ခင်မင်လာကြပြီဟေ့ဆိုရင် သံယောဇဉ်ကြိုး ဘယ်လောက်ခိုင်မာတယ်ဆိုတာ အမျိုးသားတွေ သိကြပေမယ့် ကိစ္စတစ်ခုခုဆို ကိုယ့်ချစ်သူကို ဖွင့်ဟတိုင်ပင်ရမယ့်အစား သူငယ်ချင်းတွေကိုသာ အားကိုးတတ်တာမျိုး၊ သူငယ်ချငး်တွေပြောတဲ့ ပေးတဲ့ အကြံဉာဏ်အတိုင်း တသွေမတိမ်း လုပ်ဆောင်တတ်တာမျိုး၊ နှစ်ဦးသားကိစ္စရပ် အားလုံးကို သူငယ်ချင်းတွေကို ဖွင့်ဟပြောဆိုပြီး သူတို့အမြင်တွေကို အမှန်ယူဆတတ်တာမျိုးဆိုရင်တော့ သင့်ချစ်သူက သင့်အပေါ် စိတ်ကွက်လာပါလိမ့်မယ်။

၃။အချစ်ရေးကို မိသားစုရေးနဲ့ ရောထွေးလွန်းသူတွေကိုလည်း သူတို့ရေရှည်စဉ်းစားကြမှာ မဟုတ်ပါဘူး။

အိမ်က ပြသနာတစ်ခုခုဖြစ်လို့ သင့်ချစ်သူဆီ အကူအညီတောင်းခံတာလောက်ကို ပြောတာမျိုး မဟုတ်ဘဲ သင့်ချစ်သူနဲ့ ရန်နည်းနည်းဖြစ်လည်း အိမ်ကလူတွေအားလုံးကို ပြော၊ အိမ်ကလူတွေက သင့်ချစ်သူကို ပွား၊ ဒါ့အပြင် အိမ်ကိစ္စတွေထဲ သင့်ချစ်သူကို ဆွဲထည့်ပြီး ပြသနာလုပ်တာမျိုးတွေကိုလည်း သူတို့သည်းခံနိုင်မှာ မဟုတ်ပါဘူး။

၄။အားလုံးအကြိုက်တူခိုင်းတာ၊ ကိုယ်သွားသမျှနေရာ သူ့ကိုခေါ်သွားတာမျိုးကိုလည်း သူတို့မကြိုက်ကြပါဘူး။

သင်နဲ့သင့်ချစ်သူနှစ်ဦး မဆုံခင်ကတည်းက သင်တို့ကိုယ်စီမှာ မတူညီတဲ့ အကြိုက်တွေ၊ အကျင့်တွေ ရှိနေပြီးသားပါ။ ဒါကို သင်က သင်ဘယ်သွားသွား သင့်ချစ်သူကို အတင်းခေါ်သွားမယ်၊ သင်ကြိုက်တဲ့အရာအားလုံးကို လိုက် ကြိုက်ပေးရမယ်။ သင်နဲ့အကြိုက်မတူတာနဲ့ ပြသနာရှာမယ်ဆိုတာမျိုးကတော့ ကလေးဆန်လွန်းပါတယ်။

၅။ဒါ အချစ်ရေးလား၊ ထောင်ကျနေတာမျိုးလား မကွဲပြားရင် ဘယ်သူကများ ကိုယ့်အနားနေချင်ပါ့မလဲ။

သင်က သင့်ချစ်သူကို အခြားတစ်ယောက်ရသွားမှာစိုးလို့ အပြင်ထွက်တိုင်း အသိပေးရမယ်၊ ဘယ်ရောက်နေတယ်ဆိုတာကို ဖုန်းဆက်ပြောရမယ်။ တစ်နာရီတစ်ခါလောက် message ပို့ရမယ်။ သင့် မေးလ်တွေရဲ့ password တွေ ပေးထားရမယ်။ သင်သဘောမကျတဲ့သူတွေနဲ့ အပြင်မသွားရဘူး။ ကဲ ဘယ်မှာလဲ သူ့လွတ်လပ်ခွင့်။ ဒီလိုမျိုး ချုပ်ချယ်ကန့်သတ်လွန်းနေတဲ့သူနဲ့ ဘယ်သူကများ ရေရှည်လက်တွဲချင်ပါတော့မလဲ။

၆။အလွန်ကျွံ ကိုယ့်အားကိုယ်ကိုးပြတတ်လွန်းတဲ့ အမျိုးသမီးတွေကိုလည်း အမျိုးသားတွေက ရှောင်ဖယ်သွားတတ်ကြပါတယ်။

တစ်ချို့အမျိုးသမီးတွေဟာ ရည်းစားချစ်သူ ထားတတ်ကြပေမယ့် သူတို့မရှိလည်း တစ်ယောက်တညး် ဖြစ်ပါတယ်ဆိုတဲ့အထာမျိုးလေးတွေ ဖမ်းတတ်ကြပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်တယ်ဆိုတာ တကယ်တော့ ကောင်းတဲ့အရာပါ။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့ ဒါကို အတိုင်းအတာတစ်ခုအထိသာ နားလည်ပေးနိုင်ပါလိမ့်မယ်။

၇။တစ်ဖက်လူအပေါ် အလွန်အကျွံ မှီခိုအားကိုးပြတတ်တာမျိုးကလည်း မကောင်းတဲ့အကျင့်တစ်ခုပါ။

ဘာလုပ်လုပ် သင်က သင့်ချစ်သူကိုပဲ အားကိုးမယ်၊ လုပ်ခိုင်းမယ်၊ မှီခိုလွန်းမယ်ဆိုရင် တစ်ဖက်လူက ဝန်ပိသလို ဖြစ်လာပါလိမ့်မယ်။ ကိုယ့်အိမ်ထာင်ဖက် ဖြစ်လာရင်တောင် လူတစ်ယောက်ပေါ် ပုံအောပြီး အားကိုးတာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ်လည်း တတ်နိုင်သလောက် လုပ်မယ်၊ ကိုယ့်ချစ်သူအပေါ်ကိုလည်း လိုအပ်မယ်ဆို အကူအညီတောင်းတာမျိုးသား ဖြစ်သင့်ပါတယ်။

၈။တစ်ဖက်လူကို အကောင်းဘယ်တော့မှ မပြောတတ်တဲ့ အမျိုးသမီးဆိုလည်း အမျိုးသားတွေက စိတ်ကုန်သွားတတ်ကြတာပါပဲ။

သင်ဟာ တစ်ခုခုဆို အကောင်းပြောဖို့ထက် ဝေဖန်ဖို့ အပြစ်ပြောဖို့သာ ပိုအားသာနေတယ်ဆိုရင်တော့ ဘယ်သူကများ သင့်အပြောအဆိုဒဏ်ကို ရေရှည်ခံချင်ပါ့မလဲ။

၉။အတိတ်မှာ ဖြစ်ပျက်ခဲ့သမျှကို အမြဲထောက်ပြပြောဆိုနေတတ်တဲ့သူကိုလည်း အမျိုးသားတွေ အလိုမရှိကြပါဘူး။

အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ခုလက်ရှိမှာ သင့်ချစ်သူအမျိုးသားက ကောင်းမွန်စွာ ပြုမူနေထိုင်နေတယ်ဆိုရင် သင်သူ့အပေါ် နားလည်မှုပေးသင့်ပါတယ်။ အဲ့ဒီလို မဟုတ်ပဲ သင်ဟာ တစ်ခုခုဆို အရင်တုန်းက ဘာ ဆိုတာမျိုး ပြန်ပြောင်းထောက်ပြပြောဆိုနေမယ်ဆိုရင်တော့ သင့်ကို သူ စိတ်ကုန်သွားမှာ အမှန်ပါပဲ။

၁၀။အမျိုးသားတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေကို မကောင်းပြောပြီး မပေါင်းခိုင်းတာမျိုး ဘာမျိုးတွေကိုလည်း လက်မခံနိုင်ကြပါဘူး။

တစ်ခါတစ်လေ သင်ကြည့်မရတဲ့သူက သူ့အခင်ဆုံး သူငယ်ချင်းဖြစ်နေမယ်ဆိုရင် သူ့အခြေအနေဘယ်လိုရှိတာဆိုတာ သင့်ချစ်သူကို မေးပါ။ သူက သူ့သူငယ်ချင်းအခြေအနေကို သင့်ကိုဖွင့်ဟတာကို လက်ခံလိုက်ပါ။ ဒီလို မဟုတ်ပဲ သူ့ကိုမပေါင်းနဲ့၊ မကြိုက်ဘူးဆိုတာမျိုး သွားအမိန့်ပေးမယ်ဆိုရင် သင့်ချစ်သူကလည်း ဒါကို လက်ခံချင်မှ လက်ခံနိုင်ပါလိမ့်မယ်။ သင့်ဘက်က သူ့သူငယ်ချင်းတွေ မကောင်းဘူးဆိုတာ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ ပြောနိုင်မယ်ဆိုရင်တော့ သူဒါကို လက်ခံနိုင်ကောင်းပါတယ်။

credit-trend myanmar